အသစ်များ > ဒီမိုကရေစီနည်းကျတရားဝင်မှု

ဒီမိုကရေစီနည်းကျတရားဝင်မှု

2022-08-29

ဒီမိုကရေစီတိုင်းပြည်တစ်ပြည်တွင် တရားဝင်မှုနှင့်စပ်လျဉ်း၍အရေးပါဆုံးအခြေခံအချက်တစ်ချက်မှာ ခေါင်း ဆောင်ကို ပြည်သူကိုယ်တိုင် ရွေးချယ်တင်မြှောက်ပြီး ပြည်သူလိုက်လျောခွင့်ပြုမှ အုပ်ချုပ်နိုင်ခြင်းဖြစ်သည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး ခေါင်းဆောင်ကိုရွေးချယ်တင်မြှောက်တတ်ကြသည်။ သို့ရာတွင် အစိုးရများသည် အာဏာလက်မလွှတ်ချင်ပါက ပြည်သူ၏လိုက်လျောခွင့်ပြုမှုကို ထိန်းသိမ်းတတ်ရန်လိုသည်။ ဒီမိုကရေစီတိုင်း ပြည်တစ်ပြည်တွင် ပြည်သူ၏လိုက်လျောခွင့်ပြုမှုကို ထိန်းသိမ်းနိုင်မည့် အရေးပါသောအယူအဆ () ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

တန်းတူညီမျှမှု

မဲပေးရန်အသက်ပြည့်မီသော နိုင်ငံသားတိုင်းတွင် မဲပေးခွင့်နှင့် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံခွင့် တူညီစွာရှိကြသည်ဟူသောအယူအဆသည် ဒီမိုကရေစီမည်၏။ ဆုံးဖြတ်ချက်များသည် နိုင်ငံသားများအားလုံး ၏ဘုံအကျိုးစီးပွားကို ကိုယ်စားပြုရမည်ဟု ဆိုလိုသည်။ ထို့အတူ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာသည် မဲပေးခွင့် ရှိသောနိုင်ငံသားများအားလုံးတွင် တည်နေပြီး နိုင်ငံရေးရာဆုံးဖြတ်ချက်များကို ချနိုင်သောလုပ်ပိုင်ခွင့်အာဏာ ကမူ မဲအများဆုံးရသောပြည်သူ့ကိုယ်စားလှယ်များတွင် ရှိနေသည်။ ထို့ကြောင့် ဒီမိုကရေစီတိုင်းပြည်တွင် နိုင်ငံသားများအားလုံး၌ နိုင်ငံရေးရာအခွင့်အရေး တူညီစွာရှိထားပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ဆောင် ရွက်ခွင့်ရထားသဖြင့် တရားဝင်မှုရှိသည်ဟု ဆိုနိုင်သည်။

လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများ

ဒီမိုကရေစီတိုင်းပြည်တွင် ကိုယ်စားလှယ်များသည် ပြည်သူ့ကိုယ်စား ဆုံးဖြတ်ချက်များကို ချမှတ်ရန်အတွက် ပြည်သူ၏လိုက်လျောခွင့်ပြုမှုကို ရရှိရန်နှင့် ထိန်းသိမ်းထားနိုင်ရန် လိုအပ်သည်။ ရွေးကောက်ပွဲများ ပုံမှန်ကျင်း ပသဖြင့် နိုင်ငံသားများသည် မိမိတို့၏လိုက်လျောခွင့်ပြုခြင်း (မပြုခြင်း)ကို ဖော်ထုတ်ပြနိုင်သည့် စနစ်တစ်ရပ် ကို ရရှိလာသည်။ ဤသို့ဖြင့် နိုင်ငံသားများ၏အကျိုးစီးပွားနှင့်လိုလားချက်များကို ရည်ရွယ်ကာ နိုင်ငံရေးဆုံး ဖြတ်ချက်များ ချမှတ်လုပ်ဆောင်နိုင်သည့်အတွက် တရားဝင်မှုကိုလည်းရရှိသည်။

တာဝန်ခံမှု

ဒီမိုကရေစီ၏အရေးပါသောလက္ခဏာတစ်ရပ်မှာ ခေါင်းဆောင်များသည် ပြည်သူလူထုအပေါ် တာဝန်ခံခြင်းပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးသည် အကျင့်ပျက်ခြစားခြင်း(သို့မဟုတ်) ဆိုးကျိုးများခြင်းစသောနည်းလမ်း များဖြင့် အုပ်ချုပ်နေပါက နောက်လာမည့်ရွေးကောက်ပွဲများတွင် အဆိုပါခေါင်းဆောင်ကို ပြည်သူက မဲပေး မည်မဟုတ်တော့ပါ။ ရွေးကောက်ပွဲများအပြင် တချို့နိုင်ငံရေးစနစ်များ၌ ခေါင်းဆောင်တစ်ဦးသည် သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ၊ လူထုထောက်ခံမှုလျော့ကျသွားလျှင်ဖြစ်စေ ၎င်းကို အာ ဏာမှဖယ်ရှားနိုင်မည့် ဥပဒေလုပ်ထုံးလုပ်နည်းများ(စွဲချက်တင်အရေးယူခြင်း) ကို ချမှတ်ထားသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းများက တရားဝင်မှုကို ထူမတ်ပေးနိုင်သည်။ အကြောင်းမူ အစိုးရတစ်ရပ်သည် အာဏာ ဆက်လက်တည်မြဲလိုပါက ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား အလုပ်လုပ်ပြရလိမ့်မည်ဟူသောအသိကို ပြည် သူက ရရှိသွားခြင်းကြောင့်ဖြစ်သည်။

ပွင်းလင်းမြင်သာမှု

ပွင့်လင်းမြင်သာမှုဆိုသည်မှာ အစိုးရ၏လုပ်ဆောင်ချက်များ၊ မူဝါဒများ၊ ဘဏ္ဍာငွေများနှင့် စပ်လျဉ်းသောသ တင်းအချက်အလက်များကို ပြည်သူက လွတ်လပ်စွာ ရယူသိရှိနိုင်ခြင်းကို ဆိုလိုသည်။ ပွင့်လင်းမြင်သာမှုမရှိပါ က အစိုးရသည် ၎င်း၏အမှားကျူးလွန်မှုများ၊ အကျင့်ပျက်ခြစားမှုများကို ပြည်သူမသိအောင် ဖုံးဖိထားနိုင်သ ဖြင့် တာဝန်ခံမှုကို ရှောင်လွှဲသွားနိုင်သည်။ ပြည်သူ့အကျိုးသယ်ပိုးနေပါကြောင်း သက်သေထူပြနိုင်သည့်စာ ရွက်စာတမ်းများကို ထုတ်ပြန်ပေးရန် ခေါင်းဆောင်များနှင့် အစိုးရအပေါ် ဖိအားပေးရေးသည် အစိုးရတစ်ရပ် ၏တရားဝင်မှုကို မြင့်မားစေသောအရေးပါသည့်နည်းလမ်းတစ်ခုဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ချက် ကြောင့် အစိုးရအနေဖြင့် ပြည်သူအပေါ် လှည့်ပတ်လိမ်ညာရန် ခက်ခဲသွား၏။ ဤအချက်ကပင် အစိုးရအပေါ် ယုံကြည်မှုကို ထူမတ်ပေးနိုင်သလို ပြည်သူ၏လိုက်လျောခွင့်ပြုမှုကိုလည်း မပျယ်ပြယ်စေတော့ပါ။

ပြည်သူပူးပေါင်းပါဝင်မှု

ပြည်သူပူးပေါင်းပါဝင်မှုကို အခြေခံသည့် နိုင်ငံရေးစနစ်များကို တရားဝင်မှုရှိသည်ဟု ယူဆ၍ရသည်။ အဆိုပါ နိုင်ငံရေးစနစ်များကြောင့် ပြည်သူအနေဖြင့် ကိုယ့်တိုင်းပြည်ကိုယ် အုပ်ချုပ်ရာတွင် တက်ကြွစွာ ပါဝင်ဆောင် ရွက်နိုင်လာ၍ဖြစ်သည်။ ထိုတင်မက ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများကို ထောက်ပြဝေဖန်နိုင်လာ သည်၊ ဥပဒေပြုရန် တိုက်တွန်းနှိုးဆော်နိုင်လာသည်၊ ရွေးကောက်ပွဲများတွင် မဲပေးနိုင်လာပြီး မိမိအကျိုးစီးပွား များကို ကာကွယ်စောင့်ရှောက်နိုင်လာသည်။ ဤသို့နှင့် ကိုယ့်အစိုးရ မှန်မှန်ကန်ကန် လုပ်ဆောင်နေမှုကို သေ ချာစေရန် နိုင်ငံသားများတွင် တာဝန်ရှိနေကြောင်းကို လည်းအထက်ပါ ပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်ချက် များမှ တစ်ဆင့်သိနိုင်သည်။ နိုင်ငံသားများတွင် မိမိတို့လိုလားသော အစိုးရမျိုးကို ပုံဖော်ဖန်တီးယူရန် တာဝန် ရှိသဖြင့် ပူးပေါင်းပါဝင်မှုသည် တရားဝင်မှုကို ထူမတ်ပေးသည်။

သဘောထားကြီးသည်းခံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု

ဒီမိုကရေစီတိုင်းပြည်များတွင် နိုင်ငံသားများကြားအားလုံးတစ်ပြေးညီသဘောတူနိုင်သော အဖြေများကို အတူ တကွပူးပေါင်းရှာဖွေကာ မတူကွဲပြားမှုပြဿနာကို ရင်ဆိုင်စီမံတတ်ကြသည်။ ယင်းကဲ့သို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရန် အရေးကြီးသောလိုအပ်ချက်မှာ မိမိနှင့်သဘောထားချင်းမတိုက်ဆိုင်သော အတွေးအခေါ် (သို့မဟုတ်) ယုံကြည်ချက်များအပေါ် သဘောထားကြီးစွာသည်းခံပေးနိုင်ခြင်းပင်ဖြစ်သည်။ အများသဘောညီ ဆန္ဒကို ရှာဖွေပြီး ဘုံတူညီသောကောင်းကျိုးအလို့ငှာ ဒီမိုကရေစီတိုင်းပြည်များတွင် ပြည်သူ့မူဝါဒကို ချမှတ်ရာ ၌လူနည်းစုဝင်များ(သို့မဟုတ်) အပယ်ခံအစုအဖွဲ့များအအတွက်ပါ ထည့်သွင်းစဉ်စားရန်လိုပြီး ၎င်းတို့အပေါ် ခွဲခြားဆက်ဆံ၍မရပါ။ ဒီမိုကရေစီနိုင်ငံတွင် သက်ဆိုင်ရာအစုအဖွဲ့များအားလုံးကို နေရာပေးဆက်ဆံပြီး တ ရားဝင်မှုကို ထူမတ်ပေးရသည်။

တရားဥပဒေစိုးမိုးမှု

ဒီမိုကရေစီနိုင်ငံတွင် အစိုးရအာဏာသည် တရားဥပဒေအရသတ်မှတ်ထားသည့်အကန့်အသတ်ဘောင်အတွင်း ၌တည်ရမည်။ တရားဥပဒေစိုးမိုးရေး အခြေခံသဘောတရားမှာ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရဟူ၍ဖြစ် သည်။ မည်သူမျှဟုဆိုရာတွင် ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ အစိုးရနှင့်အခြားသောအရာရှိအရာခံအားလုံးကို ဆိုလိုသည်။ တစ်ဖက်တွင် တရားဥပဒေစိုးမိုးရေးဟုဆိုပါက လူသားတိုင်းသည် ဥပဒေအောက်တွင် တန်းတူရှိ သည်ဟူသောအဓိပ္ပာယ်လည်းမည်၏။ မည်သူမဆို ဆင်းရဲ၊ချမ်းသာမရွေး ဥပဒေကို ချိုးဖောက်ပါက စည်းမျဉ်း စည်းကမ်းများအတိုင်း၊ တစ်ပြေးတည်းအရေးယူအပြစ်ပေးခံရမည်၊ ဥပဒေရှေ့မှောက်တစ်ပြေးတည်း ဆက်ဆံ ခံရမည်။(McLaughlin 2013:35)

နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီနည်းကျတရားဝင်မှု

နိုင်ငံရေးပါတီများသည် နိုင်ငံရေးရာတောင်းဆိုချက်များကို အစဖော်ပေးပြီး စုစည်းရာတွင် အဓိကအခန်းကဏ္ဍ မှပါဝင်ကြသည်။ မတူညီသောပါတီအသီးသီးတွင် ၎င်းတို့ကိုယ်ပိုင်သီးခြားနိုင်ငံရေးအစီအစဉ်များရှိကြပြီး ပါ တီအားလုံးသည် လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသော ထောက်ခံအားပေးမှုကိုသာ လိုလား တတ်ကြသည်။ ဤအချက်ကြောင့်ပင် ပါတီများသည် ဒီမိုကရေစီကိုထောက်ခံသော နိုင်ငံသားများ၏ လိုလား ချက်များနှင့် အကျိုးစီးပွားများကို ကိုယ်စားပြုခွင့်ရလာခြင်းဖြစ်ပြီး နိုင်ငံသားများအကျိုးအတွက် ရွေးကောက် ခံကိုယ်စားလှယ်များကို ခန့်အပ်တာဝန်ပေးနိုင်သော အခွင့်အလမ်းများကိုလည်း ပိုမိုရရှိလာခြင်းဖြစ်သည်။

နိုင်ငံသားများနှင့် အစိုးရမူဝါဒကြား ချိတ်ဆက်ပေးခြင်းဖြင့် ပါတီများသည် ဒီမိုကရေစီစနစ်တစ်ရပ်၏ တရား ဝင်မှုကို ထူမတ်ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်လာသည်။ ဒီမိုကရေစီစနစ်တစ်ရပ် တရားဝင် မှုရှိမှ နိုင်ငံသားများအနေဖြင့် နိုင်ငံရေးတွင် နေရာတစ်နေရာရယူကာ ပါဝင်ဆောင်ရွက်နိုင်သည့်နည်းလမ်း များကို ရရှိနိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ် တရားဝင်မှုရှိမှ ရွေးကောက်ပွဲယှဉ်ပြိုင်ပြီးနောက်ပိုင်း အစိုးရ မူဝါဒသည် ပြည်သူ့လိုအပ်ချက်များကို လိုလားတုံ့ပြန်နိုင်မည်၊ ထို့နောက် အစိုးရအဖွဲ့တွင်း ခြေကုပ်ယူလာနိုင် သော ပါတီအစီအစဉ်(များ)သည် နိုင်ငံသားအများစု၏လိုအပ်ချက်နှင့်အလေးထားချက်များအပေါ် အကောင်း ဆုံးထင်ဟပ်မှုရှိလာနိုင်လိမ့်မည်ဖြစ်သည်။

ထို့အပြင် အစိုးရမူဝါဒများသည်လည်း ပြည်သူလူထု၏လိုအပ်ချက်များနှင့်အညီ ဖြစ်နိုင်မည်။ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုဟူသည် နိုင်ငံသားအများစု၏လိုအပ်ချက်နှင့် အလေးထားချက်များကို အကောင်းဆုံး ထပ်ဟပ်နိုင် မည့် ပါတီအစီအစဉ်(များ)ကို ချမှတ်ပြီး အစိုးရဖွဲ့ကာ ဖော်ဆောင်ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏လုပ်ပိုင်ခွင့်ထက်ကျော်လွန်သောနည်းများသုံး၍ မဲပေးနိုင်ခြင်းမရှိ ရန် ပါတီစည်းကမ်းက ကန့်သတ်ထားကြောင်း မဲဆန္ဒရှင်ပြည်သူများအား အသိပေးခြင်းဖြင့် နိုင်ငံရေးပါတီများ သည် ဒီမိုကရေစီနည်းကျတရားဝင်မှုကို ပံ့ပိုးထည့်ဝင်ပေးကြသည်။ ကိုယ်စားပြုဒီမိုကရေစီ၏အဓိက စိန်ခေါ် ချက်မှာကိုယ်စားလှယ်လောင်းများကို၎င်းတို့၏တန်ဖိုးစံများ၊ ယုံကြည်မှုများ၊ အမူအကျင့်များနှင့်ပတ်သက်ပြီး နိုင်ငံသားများဘက်က ခပ်ကျဉ်းကျဉ်းသိထားသမျှကိုအခြေခံ၍ အရေးတကြီးဆုံးဖြတ်ချက်ချရွေးချယ်ရန် လို အပ်ခြင်းဖြစ်သည်။ ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခံလိုက်ရသောအခါ နိုင်ငံရေးပါတီများ က အဆိုပါကိုယ်စားလှယ်လောင်းများကို ၎င်းတို့၏လုပ်ပို်ငခွင့်ထက်ကျော်လွန်၍ လုပ်ဆောင်ခြင်း (သို့မဟုတ်) ပေးထားသောကတိကဝတ်များကို ချိုးဖောက်ခြင်း မရှိစေရန် ဆောင်ရွက်နိုင်သည်။ တိကျရှင်းလင်းသောမူဝါဒ အစီအမံများ၊ လူမှုစီးပွားအကျိုးအမြတ်များ တန်ဖိုးစံများနှင့်အညီ နိုင်ငံသားများ မဲပေးနိုင်စေရန် နိုင်ငံရေး ပါတီများက ဆောင်ရွက်ပေးသည်။ ဤသို့နှင့် နိုင်ငံရေးပါတီများကြောင့် နိုင်ငံရေးသမားများသည် သီးခြားရည်မှန်းချက်များနှင့် ကတိကဝတ်များအတိုင်း လိုက်နာဆောင်ရွက် ကြရတော့သည်(ထိုသို့မဟုတ်ပါ စည်းကမ်းနှင့် အညီအရေးယူခံရသည်)

အစိုးရအဖွဲ့တွင်း နိုင်ငံသားများ ပါဝင်ဆောင်ရွက်နိုင်မည့်သီးသန့်လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးကာ နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျတရားဝင်မှုကို ထူမတ်ပေးကြသည်။ အဆိုပါလမ်းကြောင်းကို လျှောက်လှမ်းသည့်အခါ တိုက်ရိုက်(ကိုယ်စားလှယ်လောင်းအဖြစ်ဝင်အရွေးခံခြင်း) သော်လည်းကောင်း၊ အစိုး ရမူဝါဒကို ဖော်ဆောင်(သို့မဟုတ်) ခြယ်လှယ်ဆောင်ရွက်မည့် ပါတီယန္တရားအစိတ်အပိုင်းတစ်ခုအနေဖြင့် သော်လည်းကောင်း နည်းလမ်းနှစ်သွယ်ဖြင့်သွားနိုင်သည်။ ထို့အပြင် အစိုးရအဖွဲ့တွင်းရှိ ပါတီဝင်များအချင်း ချင်းကြား တူညီစွာလက်ခံသောသဘောထားအမြင်တစ်ရပ်ကို မြှင့်တင်ပေးမည့်နည်းလမ်းများမှာ ဒီမိုကရေစီ နည်းကျနိုင်ငံရေးပါတီတိုင်းတွင်ရှိ၏။ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ပေးခြင်း၊ တူညီစွာ လက်ခံထားသောတန်ဖိုးစံများ၊ ဘုံရည်မှန်းချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်စေရန် ဆောင်ရွက် ပေခြင်းအားဖြင့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျတရားဝင်မှု ပိုမိုအားကောင်းလာစေရန် ပံ့ပိုးထည့် ဝင်ပေးကြသည်။

အာဏာရှင်အစိုးရမှ ဒီမိုကရေစီအစိုးရသို့ကူးပြောင်းရာတွင် နိုင်ငံရေးပါတီများသည် အဓိကအခန်းကဏ္ဍမှပါ ဝင်ကြသည်။ ပါတီများသည် ဒေသတွင်းကွန်ရက်များကို ဖွဲ့စည်းပြီး လူမှုရေးလှုပ်ရှားမှုများ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့်ဆက်ဆံရေးကို ထူထောင်ကာ ဒီမိုကရေစီရှင်သန်ထွန်းကားရေးမဟာဗျူဟာများကို ရေးဆွဲ အကောင်အထည်ဖော်ကြသည်။ ထို့အပြင် ပါတီများသည် နိုင်ငံတကာမှထောက်ခံမှုကိုရရှိရန်လည်း စည်းရုံး ကြသည်။

ထို့အပြင် ပါတီများသည် ဒီမိုကရေစီကူးပြောင်းဖော်ဆောင်ရေးဖြစ်စဉ်၏ အရေးကြီးဆုံးခြေလှမ်းများအနက် တစ်ခုဖြစ်သောဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ရပြန်သည်။ ပါတီ များသည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထောက်ခံပြီး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်း များကို စီစဉ်ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲယှဉ်ပြိုင်ရေး အစီအစဉ်များကို ပါတီများက ရေးဆွဲရပြီး နိုင်ငံ ရေးမဟာမိတ်များကြား ပဋိပက္ခများပေါ်ပေါက်ပါက ကြားဝင်ဖြန်ဖြေပေးရသည်။ အာဏာရသည်နှင့် နိုင်ငံရေး ပါတီများသည် လူထုနှင့်အစိုးရ ကင်းကွာမသွားစေရန်ဆောင်ရွက်ရပြီး အစိုးရသစ်၏တရားဝင်မှုကို မြှင့်တင် ပေးရသည်။

အာဏာရှင်အစိုးရမှ ဒီမိုကရေစီအစိုးရစနစ်သို့ ကူးပြောင်းရာတွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ

နိုင်ငံအများအပြားတွင် အာဏာရှင်အစိုးရမှ ဒီမိုကရေစီအစိုးရသို့ကူးပြောင်းရာတွင် နိုင်ငံရေးပါတီများသည် အ ဓိကအခန်းကဏ္ဍမှ ပါဝင်ကြသည်။ ပါတီများသည် ဒေသတွင်းကွန်ရက်များကို ဖွဲ့စည်းပြီး လူမှုရေးလှုပ်ရှားမှု များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကို ထူထောင်ကာ ဒီမိုကရေစီရှင်သန်ထွန်းကားရေးမဟာဗျူ ဟာများကို ရေးဆွဲအကောင်အထည်ဖော်ကြသည်။ ထို့အပြင် ပါတီများသည် နိုင်ငံတကာမှထောက်ခံမှုကိုရရှိ ရန်လည်း စည်းရုံးကြသည်။

ထို့အပြင် ပါတီများသည် ဒီမိုကရေစီကူးပြောင်းဖော်ဆောင်ရေးဖြစ်စဉ်၏ အရေးကြီးဆုံးခြေလှမ်းများအနက် တစ်ခုဖြစ်သောဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ရပြန်သည်။ ပါတီ များသည် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ထောက်ခံပြီး ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်း များကို စီစဉ်ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲယှဉ်ပြိုင်ရေး အစီအစဉ်များကို ပါတီများက ရေးဆွဲရပြီး နိုင်ငံ ရေးမဟာမိတ်များကြား ပဋိပက္ခများပေါ်ပေါက်ပါက ကြားဝင်ဖြန်ဖြေပေးရသည်။ အာဏာရသည်နှင့် နိုင်ငံရေး ပါတီများသည် လူထုနှင့်အစိုးရ ကင်းကွာမသွားစေရန်ဆောင်ရွက်ရပြီး အစိုးရသစ်၏တရားဝင်မှုကို မြှင့်တင် ပေးရသည်။

နိုင်ငံအတော်များများတွင် ခေါင်းဆောင်များသည် နိုင်ငံရေးပါတီများကို စွမ်းရည်မြှင့်တင်မှုလုပ် ဆောင်ပေးပြီး ဒီမိုကရေစီအကူးအပြောင်းအတွက် အရေးပါသောကဏ္ဍမှပါဝင်သည်။ ၎င်းတို့အဓိကထားသည် မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်မှုကို ကန့်သတ်ထားသောဥပဒေများကို ပြင်ဆင်ရေး၊ ပါတီ၏မီဒီယာနှင့် ချိတ် ဆက်ရေး၊ ပါတီဘဏ္ဍာရေးတို့ကို တိုးမြှင့်ရန်ဖြစ်ပြီး ပဋိပက္ခဖြစ်နေသော အစုအဖွဲ့များ (သို့မဟုတ်) ပါတီများ ကြား စေ့စပ်ညှိနှိုင်းရေးပေါင်းကူးတံတားကို ပံ့ပိုးတည်ဆောက်ပေးကာ ရှင်းလင်းထင်ရှားသောအစီအစဉ်များ ကို ချမှတ်လုပ်ဆောင်ရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များသည် ပါတီတွင်းဂိုဏ်းဂဏကွဲပြားမှုမဖြစ်ပေါ် စေရန်၊ ၎င်းတို့အပေါ် ပါတီ၏ထောက်ခံမှု ကျယ်ပြန့်လာစေရန်နှင့် ခိုင်မာအားကောင်းစေရန် ရွေးကောက်ပွဲ ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ကူညီချမှတ်ပေးရသည်။ ပါတီတွင်းဒီမိုကရေစီစံ နှုန်း1ကို မြှင့်တင်နိုင်မည့် ဖွဲ့စည်းမှုပုံစံများနှင့် စည်းမျဉ်းများကို ချမှတ်ခြင်းလည်း မကြာမကြာပါဝင်တတ် သည်။ ကိစ္စတစ်ခုဖြစ်တိုင်း ခေါင်းဆောင်တစ်ဦးတည်းအပေါ်ကိုသာ အားကိုးနေပါက ပါတီများသည် ကောင်း မွန်စွာအလုပ်လုပ်နိုင်မည်မဟုတ်ပါ။ ပါတီတွင်း ဗဟိုချုပ်ကိုင်မှုကို ဖျက်သိမ်း၍ အောက်သို့အာဏာခွဲဝေပေး ထားသည့်အတွက် ၎င်းတို့မဲဆွယ်လိုသော လူအုပ်စုအသီးသီး(လူငယ်၊ အမျိုးသမီး၊ အမျိုးမျိုးသော စီးပွားရေး အစုအဖွဲ့များ နှင့်/သို့မဟုတ် တိုင်းရင်းသားအုပ်စုများ)အပေါ် ကိုယ်စားပြုခွင့်ပိုရလာနိုင်ပြီး ခွဲခြားမှုမရှိဘဲအား လုံးပိုမိုပါဝင်နိုင်သောပါတီတစ်ရပ်အဆင့်ထိရောက်ရှိလာနိုင်သည်။

ဥပမာအားဖြင့် မက္ကဆီကိုရှိသက်တမ်းရှည်အာဏာရ PRI ပါတီမှ Ernesto Zedillo သည် အတိုက်အခံပါတီ များအပေါ်ပိုမိုအရေးပေးဆက်ဆံသောအခြေအနေများကို ဖန်တီးပေးမည့် ပြုပြင်ပြောင်းလဲရေးများကို အား ပေးထောက်ခံခြင်း၊ PRI ပါတီနှင့် ယှဉ်ပြိုင်နိုင်လောက်သည့်အနေအထားအထိ အတိုက်အခံပါတီများ ပိုအား ကောင်းလာစေရန် ကူညီပေးခြင်းဖြင့် နိုင်ငံ၏အကူးအပြောင်းတွင် အရေးပါသောကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့ သည်။ ပါတီမှ သမ္မတလောင်းကို ရွေးချယ်ရာတွင် အသုံးပြုရမည့်နည်းလမ်းအဖြစ် Zedillo က အကြိုရွေးကောက်ပွဲများ2ကို တင်သွင်းမိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် မက္ကဆီကိုသမ္မတအဆက်ဆက်က ဆယ်စုနှစ် ပေါင်း၆ခုကျော်ကြာ မိမိအားဆက်ခံမည့်သမ္မတများကို ကိုယ်တိုင်ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခဲ့ကြသောနိုင်ငံရေး အစဉ်အလာဖြစ်သည့် လက်ညှိုးညွှန်ရာအမိန့်တည်သော အာဏာရှင်အုပ်ချုပ်ရေး (“rule of the finger”) သည် အာဏာရှင်၏ လက်ညှိုးအဖျက်ခံရကာ (cutting off his finger) အဆုံးသတ်သွားတော့သည်။

 1 အင်ထရာပါတီဒီမိုကရေစီ (intra-party democracy) ဟူသည် နိုင်ငံရေးပါတီများကို ဖွဲ့စည်းထူထောင်ရာတွင် စံနှုန်းသတ်မှတ်ချက်များချမှတ်ကာ အကောင်အထည်ဖော်ခြင်းပင်ဖြစ် သည်။ အဆိုပါစံနှုန်းများအရ ပါတီတွင်းဆုံးဖြတ်စရာရှိပါကအောက်ခြေမှအပေါ်ထိ အကုန်အစင်ချပြရပြီးမှ အတည်ပြုချက်ယူရခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် ပါတီတွင်းလုပ်ထုံးလုပ် နည်းများကိုကြည့်၍ ပါတီ၏ရပ်တည်ချက်နှင့် ခံယူချက်တို့ကို သိနိုင်သည်။

2  ဏာမအကြိုရွေးကောက်ပွဲများ (primary elections) ပင်မရွေးကောက်ပွဲများမတိုင်မီ ပြည်နယ်အချို့တွင် ဦးစွာကျင်းပသောပါတီကိုယ်စားလှယ်အကြိုရွေးကောက်ပွဲကိုရည်ညွှန်း သည်။