အသစ်များ > ဒီမိုကရေစီစနစ်

ဒီမိုကရေစီစနစ်

2022-08-29

ဒီမိုကရေစီဆိုသည်မှာ ပြည်သူက ပြည်သူကို အုပ်ချုပ်သောအစိုးရစနစ်ဖြစ်သည်။ ကိုယ်စားပြုမှုကိုအခြေခံ သော ဒီမိုကရေစီတိုင်းပြည်များအားလုံးတွင် ‘ပြည်သူ့ကိုယ်စားပြုအစိုးရ’ဟူသောအယူအဆအပေါ် အခြေခံ ထားကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ ပြည်သူထဲမှ ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စား လှယ်များသည် ၎င်းတို့ကို ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူလူထု၏အကျိုးစီးပွားကို (အချိန်အ တိုင်းအတာတစ်ရပ်ထိသာ)ကိုယ်စားပြုဖော်ဆောင်ပေးရမည်ဟုအဓိပ္ပာယ်ရသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ တွင် ခေါင်းဆောင်များသည် ပြည်သူ့ထောက်ခံမှုကို မရတော့ပါက စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အာဏာယူထားခြင်းမှ ဖယ်ရှားခံရမည်ဖြစ်သည်။ အစိုးရဖွဲ့နိုင်သော ပါတီများကို နိုင်ငံသားများကရွေး ကောက်တင်မြှောက်လိုက်သည့်အတွက် အာဏာရပါတီများကို ပြန်ဖြုတ်ချရေး (သို့မဟုတ်) အာဏာဆက် အပ်နှင်းထားရေးလုပ်နိုင်သောအာဏာသည် နိုင်ငံသားများတွင်သာ တည်သည်ဟုဆိုလိုသည်။

ဒီမိုကရေစီတိုင်းပြည်တစ်ပြည်တွင် နိုင်ငံသားများသည် ရွေးကောက်ပွဲများတွင်မဲပေးခြင်း၊ ကိုယ်စားလှယ် လောင်းအဖြစ်ဝင်အရွေးခံခြင်း (သို့မဟုတ်) အခြားဆက်စပ်လှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် အစိုးရအဖွဲ့ တွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နိုင်သည်။ ထို့ကြောင့်လည်း ဒီမိုကရေစီဟုဆိုလျှင် မတူကွဲပြားသော လူတစ်ဦးတစ်ယောက်စီတိုင်း၊ အစုအဖွဲ့တိုင်းကြားတွင် နိုင်ငံရေးအာဏာရရှိရေး လွတ်လပ်စွာယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ဒီမိုကရေစီ၏သရုပ်သကန်ကို သတ်မှတ်ဖော်ပြကြသည်။ လွတ်လပ်စွာယှဉ်ပြိုင်နိုင်ရေးကို အား ပေးပံ့ပိုးရန်အတွက် ဒီမိုကရေစီနိုင်ငံများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် သတင်းလွတ်လပ်ခွင့်အစရှိသော ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် အခွင့်အရေးများအပေါ် တန်ဖိုးထားအရေးပေးပြီး ကာကွယ်စောင့်ရှောက်ကြသည်။ (MaLaughlin 2013:32-33)

နှိုင်းယှဉ်လေ့လာချက် - ဒတ်ချ် ရေနှင့်ဆိုင်ရာစီမံခန့်ခွဲရေးကောင်စီ

နယ်သာလန်နိုင်ငံတွင် ရေနှင့်ဆိုင်ရာစီမံခန့်ခွဲရေးကောင်စီများသည် ရှေးအကျဆုံး ဒီမိုကရေစီနည်းကျအင်စ တီကျူးရှင်းများဖြစ်ကြသည်။ ၁၃ရာစုမှစ၍ နိုင်ငံ၏အနိမ့်ပိုင်းကျသည့်ဒေသများတွင် အဆိုပါကောင်စီများကို စတင်ထူထောင်ခဲ့ကြရာ ယနေ့အချိန်တွင် တစ်နိုင်ငံလုံးအနှံ့ပင်ရှိလာသည်။ ရေကောင်စီများ၏တာဝန်များမှာ-

  • ရေကြီးမှု ကာကွယ်ရန်
  • ရေမျက်နှာပြင်အတိုင်းအတာ စီမံဆောင်ရွက်ရန်
  • ရေအရည်အသွေး စီမံဆောင်ရွက်ရန်(၁၉၅၀ခုနှစ်များမှစ၍)
  • မြို့ပြရေဆိုးရေညစ် သန့်စင်ရန်တို့ဖြစ်သည်။

ရေကောင်စီများတွင် ဒီမိုကရေစီနည်းကျတရားဝင်မှုရှိ၊မရှိကို အဆိုပါအဖွဲ့များ၏ ဦးစီးဌာနများအတွင်း ကောင် စီဝင်အတန်းအစားအမျိုးမျိုးထားရှိကာ ကိုယ်စားပြုဆောင်ရွက်ပုံကိုကြည့်၍သိနိုင်သည်။ ရေကောင်စီများ သည် ရေမျက်နှာပြင်အတိုင်းအတာကို ထိန်းချုပ်ရေးနှင့် ရေကြီးမှုကာကွယ်ရေးစသည့်လုပ်ငန်းများကို ဦးစီး ဌာနများအတွင်း ကောင်စီဝင်များအချင်းချင်း ပူးပေါင်ပါဝင်ဆောင်ရွက်ရေးနှင့် အကျိုးဖြစ်ထွန်းရေး မူဘောင် ကို အခြေခံကာ ဖော်ဆောင်ကြသည်။ အဆိုပါမူဘောင်အခြေခံကာ လုပ်ငန်းဆောင်ရွက်ကြပုံကို သက်ဆိုင်ရာ ကောင်စီဝင်အချင်းချင်းဒီမိုကရေစီနည်းကျပူးပေါင်းဆောင်ရွက်ခြင်း(stakeholder democracy)(သို့မဟုတ်) လုပ်ငန်းဆောင်ရွက်မှုတွင် ဒီမိုကရေစီနည်းကျဖြစ်အောင်ပူးပေါင်းခြင်း(functional democracy)1 ဟူ၍ခေါ် ဆိုနိုင်သည်။ အထက်တွင်တင်ပြခဲ့သော ကောင်စီဝင်အတန်းအစားဆိုသည်မှာ

  • အိမ်ထောင်စုများ (အတည်တကျနေထိုင်သူများပါဝင်)
  • မြေပိုင်ရှင်များ
  • အိမ်ငှားနေထိုင်သူများ (ရွေးချယ်ခွင့်ရှိ)
  • အိမ်ရာအဆောက်အဦပိုင်ဆိုင်သူများ
  • စက်မှုလုပ်ငန်းရှင်များ စသဖြင့်ပါဝင်သည်။

ရေကောင်စီ၏လုပ်ငန်းများမှ အကျိုးခံစားရသူများသည် ကောင်စီ၏ပြည်သူ့ဝန်ဆောင်မှုအတွက် အခွန်ပြန် ပေးဆောင်ရန်လိုသည်။ သို့သော် အပြန်အလှန်အားဖြင့် ကောင်စီညီလာခံတွင် အချိုးကျဝင်ပြောဆိုခွင့်ကို ရရှိ သည်။ ကောင်စီ၏လုပ်ငန်းများတွင် အကျိုးစီးပွားထည့်ဝင်ထားသူများသည် လုပ်ငန်းကိစ္စအ၀၀ အတွက် အရင်းအနှီးငွေကို မတည်ပေးထားရပြီး ရွေးကောက်တင်မြှောက်ခံကောင်စီကိုယ်စားလှယ်များမှတစ်ဆင့် ကောင်စီ၏လုပ်ငန်းလည်ပတ်မှုအပေါ် ဩဇာလွှမ်းမိုးထားသည်။ ကောင်စီဝင်တစ်ဦးသည် မိမိရရှိသောအ ကျိုးစီးပွားနှင့်အချိုးအစားညီသော အခွန်ကို ရေကောင်စီထံ ပြန်ပေးဆောင်ရသည်။

ကောင်စီဝင်များကို ရွေးကောက်တင်မြှောက်ကြသည့်အခါ ‘လူတစ်ယောက်၊ မဲတစ်မဲ’မူကို အခြေခံသည်။ရေကောင်စီ၏ အဓိကလုပ်ငန်းတာဝန်များကို ကောင်စီညီလာခံမှ ထွက်ပေါ်လာသောဖွဲ့စည်းပုံအခြေခံဥပဒေထဲ ထည့်သွင်းဖော်ပြထားသည်။ ကောင်စီညီလာခံအတွက် လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီး ကောင်စီ ဝင်များကို ရွေးချယ်တင်မြှောက်ကြသည်။ ရေကောင်စီတွင် အထွေထွေမဏ္ဍိုင်(ကောင်စီဝင်အယောက်၃၀)မှ ရွေးကောက်တင်မြှောက်လိုက်သော အုပ်ချုပ်ရေးမဏ္ဍိုင်(ကောင်စီဝင် ၅ဦး)တစ်ရပ်နှင့် ဥက္ကဌတစ်ဦးပါဝင် သည်။ ဥက္ကဌကိုမူ အများကရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ ဘုရင်ကိုယ်တိုင် တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်သည်။

ကိုးကား - ဒတ်ချ်ရေနှင့်ဆိုင်ရာစီမံခန့်ခွဲရေးပုံစံ

1 စတိတ်ဟိုဒါဒီမိုကရေစီဟူသည် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့များတွင် စနစ်တကျစီမံဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အုပ်ချုပ်ခြင်းအစရှိသဖြင့် လုပ် ငန်းစဉ်များတွင် အဖွဲ့ဝင်များအချင်းချင်း ပါဝင်ဆောင်ရွက်ခြင်းကို ရည်ညွှန်းသည်။ ဖန်ရှင်နယ်ဒီမိုကရေစီဆိုသည်က ဒီမိုကရေစီကို ခြေခြေမြစ်မြစ်ကျင့်သုံးသော တိုင်းပြည်တွင် သာမန်ပြည် သူလူထုသည် နိုင်ငံရေးရာကိစ္စရပ်များတွင် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်သည်။အစိုးရကို ဒီမိုကရေစီအစိုးရဖြစ်အောင်တည်ဆောက်လိုက်ရုံနှင့်မပြီးသေးဘဲ အဆိုပါအစိုးရ၏လုပ်ငန်းတာ ဝန်များပါ ဒီမိုကရေစီနည်းကျ လည်ပတ်လုပ်ဆောင်နိုင်ရန်ကို ရည်ရွယ်သည်။