အသစ်များ > အုပ်ချုပ်ရေးလုပ်ငန်းဆောင်တာများကို ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

အုပ်ချုပ်ရေးလုပ်ငန်းဆောင်တာများကို ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

2022-09-06

အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချထားခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြသူ များသည် ဒေသ သို့ နယ်မြေအဆင့်အုပ်ချုပ်ရေးမဏ္ဍိုင်က (က) နယ်မြေ သို့ ဒေသအဆင့်ဥပဒေပြုလွှတ် တော်မရှိ၍ အမျိုးသား(ဗဟို)အဆင့်ဥပဒေကိုသာ ကျင့်သုံးပြီး အကောင်အထည်ဖော်မည်၊ () အမျိုးသား(ဗ ဟို)အဆင့်အုပ်ချုပ်ရေးပိုင်းက အမျိုးသား(ဗဟို)အဆင့်ဥပဒေများကို သီးခြားဖော်ဆောင်မည်ဖြစ်၍ နယ်မြေ သို့ ဒေသန္တရဥပဒေပြုလွှတ်တော်က ရေးဆွဲလိုက်သော နယ်မြေ (သို့) ဒေသန္တရဥပဒေကိုသာ ကျင့်သုံးပြီး အ ကောင်အထည်ဖော်မည်၊ () ဥပမာ နယ်မြေ သို့ ဒေသအဆင့်က အမျိုးသား(ဗဟို)အဆင့်စည်းမျဉ်းဥပဒေများ ကို ပိုမိုထိရောက်စွာ(ဤသည်ကို ‘ပူးပေါင်းဆောင်ရွက်မှုရှိသောဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းပုံစံ’ သို့ ‘ပူးပေါင်း ဆောင်ရွက်မှုရှိသောပြည်ထောင်စုစနစ်’ဟု ရည်ညွှန်းတတ်ကြ) ကျင့်သုံးနိုင်လျှင် နယ်မြေ သို့ ဒေသန္တရဥပဒေ အပြင် အမျိုးသား(ဗဟို)အဆင့်ဥပဒေမှ အပိုဒ်အတော်များများကို ကျင့်သုံးပြီး အကောင်အထည်ဖော်မည်စ သည့်ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားသင့်သည်။

နယ်မြေအလိုက်လိုလားချက်များကိုကြည့်၍လည်း မည်သည့်အစိုးရအဆင့်က လူထုအကျိုးပြုဝန်ဆောင်မှုပေး သင့်သည်ဟူသောကိစ္စရပ်ကို သိမြင်နိုင်သည်။ ဥပမာ နယ်မြေဒေသအများအပြားက ဦးစားပေးတတ်သည့်ကိစ္စ ရပ်မှာ ဒေသသုံးဘာသာစကား(များ)နှင့် ယဉ်ကျေးမှုအကြောင်း သင်ကြားရေးကို အထူးထည့်သွင်းထားသည့် မူလတန်း ပညာရေးသင်ရိုးညွှန်းတမ်းတစ်ရပ်ပင်ဖြစ်သည်၊ ဤသင်ရိုးညွှန်းတမ်းမျိုးကို ပြည်နယ်အစိုးရဌာန များကသာ ပိုမိုအကျိုးရှိရှိ ပြဋ္ဌာန်းပေးနိုင်သည်။ သက်ကြီးပင်စင်လစာကိစ္စ၊ အလုပ်လက်မဲ့အကျိုးခံစားခွင့် များကဲ့သို့သော နိုင်ငံသားအားလုံး မည်သည့်နေရာတွင်နေထိုင်သည်ဖြစ်စေ သာတူညီမျှရေးကိုအကြောင်းပြု ၍တန်းတူခံစားရထိုက်သည့် သတ်မှတ်ထားရာလူထုအကျိုးပြုဝန်ဆောင်မှုများကိုမူ အမျိုးသား(ဗဟို)အဆင့် အစိုးရကသာ ပိုကောင်းမွန်စွာ ပေးစွမ်းနိုင်သည်ဟူသောကိစ္စရပ်တွင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကြ သူများ သဘောထားတူညီနိုင်ပါသည်။

မည်သည့်အစိုးရအဆင့်က ဝန်ဆောင်မှုပေးသင့်သည်ဟုဆုံးဖြတ်ရာတွင် ဖော်ဆောင်ရမည့်အစီအစဉ်တစ်ရပ် ကို အကျိုးရှိဆုံးအနေအထားဖြစ်အောင် စဉ်းစားဆုံးဖြတ်ခြင်းကလည်း ပါဝင်နေသည်။ ဥပမာ မိုးလေဝသခန့် မှန်းချက်ကဲ့သို့ အစီအစဉ်တချို့သည် တစ်နိုင်ငံလုံးအထိ ပေးနိုင်မှသာ အကျိုးရှိရှိ အလုပ်ဖြစ်နိုင်သည်။