အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချထားပြီး ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်စနစ်များ

ဗဟိုချုပ်ကိုင်မှုလျှော့ချထားပြီး ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်စနစ်များ

2022-09-06

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုအစိုးရအဆင့်နှင့် ပြည်နယ်အစိုးရအဆင့်တွင် အာဏာရပ်အစုအဝေးတစ်ရပ်(ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး)ကို အပြည့်အ၀ပေးထားခြင်းဖြင့် အစိုးရအဆင့်နှစ်ရပ်၏ဌာနအဖွဲ့အစည်းဆိုင်ရာကိုယ်ပိုင်လွတ်လပ်မှုကို ကာကွယ်ပေးသည်ဆိုလျှင်  ဖက်ဒရယ်စနစ်များသည် ယုံကြည်ထိုက်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ပြည်နယ်အစိုးရအဆင့်များထံ ပေးအပ်ထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအခွင့်အာဏာ အတိုင်းအဆသည် ဖက်ဒ ရယ်စနစ်မတူလျှင်မတူသလို ကွဲပြားမှုရှိသည်။

ယေဘုယျအားဖြင့် ဖက်ရယ်စနစ်များနှင့်ပတ်သက်ပြိး “ဗဟိုချုပ်ကိုင်မှုမရှိသောပုံစံများ” နှင့် “ပူးပေါင်းဆောင် ရွက်မှုရှိသောပုံစံများ”ဟူ၍ ခွဲခြားကြည့်နိုင်သည်။ ဗဟိုချုပ်ကိုင်မှုရှိသောပုံစံတွင် ပြည်နယ်အစိုးရသည် အမျိုး သားအစိုးရနှင့် သီးခြားလွတ်ကင်းသည့် အုပ်ချုပ်ရေးရာဌာနအဖွဲ့အစည်းများ အပြည့်အ၀ရှိထားသည်၊ ပူး ပေါင်းဆောင်ရွက်မှုရှိသောပုံစံတွင် အမျိုးသားအစိုးရနှင့် ပြည်နယ်အစိုးရသည် ဥပဒေပြုရေးအတွက် မူကြမ်း ရေးဆွဲရာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။

ဗဟိုချုပ်ကိုင်မှုမရှိသောပုံစံ

အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့တွင် အစိုးရတစ်ရပ်ချင်းစီ၌ ဥပဒေပြုအာဏာရပ်များနှင့် ညီမျှ သော အုပ်ချုပ်ရေးတာဝန်၀တ္တရားများရှိသည်။ ဤပုံစံသည် အစိုးရတစ်ရပ်ချင်းစီအား ယင်းတို့ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းမှုကို အကောင်အထည်ဖော်စေနိုင်ခြင်းဖြင့် ဥပဒေပြုရေးရာဌာနအဖွဲ့အစည်းများ၏ကိုယ်ပိုင်လွတ်လပ် မှုကို အားပေးသည်။

ဤပုံစံတွင် အစိုးရတစ်ရပ်ချင်းစီသည် သာမန်အားဖြင့် ယင်းတို့တာဝန်ရှိရာနယ်ပယ်တွင် နိုင်ငံ့ဝန်ထမ်းနှင့် ဌာ နအဆောက်အအုံများကို အသုံးချပြီးဝန်ဆောင်မှုအစီအစဉ်များကို ဖြည့်ဆည်ပေးကြသည်။

ဖက်ဒရယ်စနစ်၏ဗဟိုချုပ်ကိုင်မှုပုံစံနှင့်စပ်လျဉ်းသောသာဓကများကို ကနေဒါ သို့ ဘယ်ဂျီယံတွင် တွေ့ရနိုင် သည်။ကနေဒါနှင့် ဘယ်ဂျီယံတို့သည် ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်သည့် တာဝန်အားလုံးနီးပါး ကို ပြည်နယ်ခရိုင်များထံ လွှဲအပ်ထားသည်။ ဥပမာ ကနေဒါတွင် ပညာရေးကဏ္ဍအတွက် ဖယ်ဒရယ်ဝန်ကြီးဌာ နမရှိပါ။ ပညာရေးမူဝါဒအားလုံးကို ပြည်နယ်အစိုးတစ်ရပ်လုံးကသာ ဆုံးဖြတ်သည်။

ဗဟိုချုပ်ကိုင်မှုမရှိသောဖက်ဒရယ်စနစ်များရှိ နိုင်ငံရေးပါတီများ၊ ဘရာဇီး

ဗဟိုချုပ်ကိုင်မှုမရှိသောဖက်ဒရယ်စနစ်များသည် ပါတီစည်းမျဉ်းစည်းကမ်းကို ကန့်သတ်ခြင်း၊ ဗဟိုပါတီအဖွဲ့ အစည်းကို အားနည်းစေခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးပါတီများနှင့် ပြည်နယ်အဆင့်ပါတီများကြား စုံ လင်ကွဲပြားမှုကို အားပေးခြင်းအစရှိသဖြင့် သက်ရောက်မှုများရှိနိုင်သည်။ အမျိုးသားအဖွဲ့အစည်းများသည် တ ပေါင်းတစည်းတည်​ေးသာစနစ်များတွင်ရှိသလို ပြည်နယ်အဖွဲ့အစည်းများအပေါ် အာဏာများများစားစားမ ရှိပါ။ ပြည်နယ်ပါတီ သို့ အဖွဲ့အစည်းများသည် ယင်းတို့၏နယ်မြေဒေသအပေါ် သက်ရောက်မှုရှိမည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ အရေးပါသောဆုံးဖြတ်ချက်များကို ယင်းတို့၏အမျိုးသားပါတီခွဲခေါင်းဆောင်မှုမှ သီးခြား လွတ်ကင်းစွာ ဆုံးဖြတ်တတ်ကြသည်။

ဥပမာဘရာဇီးနိုင်ငံတွင် အမျိုးသားပါတီတစ်ရပ်တွင် ဗဟိုချုပ်ကိုင်မှုရှိသောပုံစံတွင်ထက် ပြည်နယ်နှင့်တိုင်း တစ်ခုချင်းစီမှ(ဖက်ဒရယ်ခရိုင်လည်းပါဝင်)ပါတီခေါင်းဆောင်အဖွဲ့ ၂၆ ပွဲစီရှိသည်။ အဆိုပါမတူသောအဖွဲ့၂၆ ဖွဲ့ကြား အတွေးအခေါ်နှင့် အစီအစဉ်များကို ညှိနှိုင်းလုပ်ဆောင်ရခြင်းသည် ဗဟိုချုပ်ကိုင်မှုရှိသောပါတီခေါင်း ဆောင်မှုတစ်ရပ်အတွင်းမှာထက် ပိုမိုခက်ခဲသည်၊ ထို့ကြောင့် ဆုံးဖြတ်ချက်ချခြင်းတွင် ဗဟိုချုပ်ကိုင်မှုမရှိခြင်း က ပိုမိုများပြားသည်။ ဘရာဇီးနိုင်ငံ၏ဖက်ဒရယ်စနစ်အရ အဓိကပါတီကြီးမျးာသည် ယင်းတို့၏ပြည်နယ်ပါ တီခွဲများအတွင်းကွဲပြားခြားနားမှုနှင့် ကိုယ်ပိုင်လွတ်လပ်မှုကို သဘောထားကြီးလက်ခံပေးရန်တာဝန်ရှိသည်။ ဤသို့ဖြင့် တစ်သီးပုဂ္ဂလနိုင်ငံရေးသမားများနှင့် ပါတီများကြား စီမံဆောင်ရွက်မှုတွင် ပို၍လျော့တိလျော့ရဲဖြစ် စေသည်။

ကိုးကား၊ Politicians, Parties and Electoral Systems: Brazil in Comparative Perspective

ပူးပေါင်းဆောင်ရွက်မှုရှိသောပုံစံ

ဆွစ်ဇာလန်၊ ဩစတြီးယားနှင့် ဂျာမနီနိုင်ငံကဲ့သို့ ဥရောပဖက်ဒရယ်ပြည်ထောင်စုများတွင် အုပ်ချုပ်ရေးတာဝန် ၀တ္တရားသည် ဥပဒေပြုရေးလုပ်ပိုင်ခွင့်အာဏာနှင့် ညီမျှမနေပါ။ အကျိုးရလဒ်အားဖြင့် ပြည်နယ်အစိုးရများ သည် အမျိုးသားအဆင့်ဥပဒေပြုရေးကိစ္စကိုပူးပေါင်းဆောင်ရွက်မှုရှိရှိ လုပ်ဆောင်ရာတွင် ပိုမိုကြီးမားသောအ ခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်၊ ထို့အပြင် ယင်းတို့၏သီးခြားနယ်မြေဒေသအဆက်အစပ်အတွင်း အမျိုးသား အဆင့်ဥပဒေပြုခြင်းကို ကျင့်သုံး အကောင်အထည်ဖော်ရန်အတွက်လည်း တာဝန်ရှိလာသည်။ ဤအချက် သည် ဗဟိုဥပဒေပြုလွှတ်တော်ကို တစ်နိုင်ငံလုံးအနှံ့တစ်ပြေးညီဖြစ်စေမည့် ဥပဒေပြဋ္ဌာန်းခြင်းကို လုပ်ဆောင် ခွင့်ပေးလိုက်သော်လည်း ဒေသတွင်းအခြေအနေအရပ်ရပ်နှင့် ကိုက်ညီသင့်တော်မည့်နည်းလမ်းဖြင့်လုပ် ဆောင်နိုင်စေသည်။

ဥပမာအားဖြင့် ဂျာမနီနိုင်ငံတွင် တချို့သောအကြောင်းကိစ္စရပ်များ(ဥပမာ ကာကွယ်ရေး)ကို အမျိုးသားအစိုး ရ၊ ဖက်ဒရယ်အစိုးရထံ သီးခြားလုပ်ပိုင်ခွင့်အပ်နှင်းထားသည်။ သို့သော်ကိစ္စရပ်အများစုကိုမူ ပူးတွဲအာဏာဖြင့် ကျင့်သုံးခိုင်းထားသည်။ အတွေ့ရအများဆုံးမှာ ပြည်နယ်ဥပဒေပြုလွှတ်တော်များအနေဖြင့် ယင်းတို့ကိုယ်ပိုင် ဥပဒေပြဋ္ဌာန်းမှုကိစ္စကို အကောင်အထည်ဖော်နိုင်(အတိုက်အခံတော့မလုပ်)မည့် ဥပဒေပြုခြင်းလုပ်ငန်းမူ ဘောင်ကို ဗဟိုအစိုးရကသာ ချမှတ်ပေးခြင်းဖြစ်သည်။ ဂျာမန်ပုံစံအရ အမျိုးသားအဆင့်ဥပဒေများကို အ ထက်လွှတ်တော်ရှိ ပြည်နယ်အစိုးရကိုယ်စားလှယ်အများစု၏ ဆန္ဒမဲတစ်ရပ်ဖြင့် အတည်ပြုပေးရန်လိုအပ် သည်။ ဤပုံစံမျိုးနှင့်သက်ဆိုင်ရာအခြင်းအရာများကို တောင်အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒတွင် ထည့်သွင်း ထားသည်။

ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်စနစ်များရှိ နိုင်ငံရေးပါတီများ၊ ဂျာမနီ

ဂျာမနီနိုင်ငံတွင် အသုံးပြုသည့် ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်စနစ်များသည် ဗဟိုချုပ်ကိုင်မှုမရှိသော ဖက်ဒရယ်စနစ်များမှာထက် အမျိုးသားပါတီများ၏ ပြည်နယ်နှင့် အမျိုးသားအဆင့်ပါတီဌာနခွဲများကြား ပိုမို ခိုင်မာသောအချိတ်အဆက်များကို ဖန်တီးပေးသည်။ ပြည်နယ်ခေါင်းဆောင်မှုရာထူးများကို ယူထားသောပါတီ ဝင်များသည် အမျိုးသားအဆင့်အပေါ်လွှာသို့ပင် အကြိမ်ကြိမ်တက်လှမ်းနေရာယူနိုင်သေးသည်၊ တစ်ဖက်တွင် လည်း ပြည်နယ်နိုင်ငံရေးစနစ်တွင်း ယင်းတို့၏အခန်းကဏ္ဍကို အပျောက်ပျက်မခံဘဲထိန်းသိမ်းထားသည်။ ဤ သို့ ခေါင်းဆောင်ရာထူးများကို နှစ်မျိုးပေါင်းဖက်ယူထားခြင်းသည် အမျိုးသားပါတီ၏ ပါတီဌာနခွဲအသီးသီး ကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ဗဟိုချုပ်ကိုင်မှုမရှိသော ဖက်ဒရယ်စနစ်များမှာတွေ့ရသည်ထက်ပင် နိုင်ငံရေးပါတီများအတွင်း နိုင်ငံရေးအာဏာ ပိုမိုစုပြုံတည်ရှိနေ ခြင်းကိုလည်း ပံ့ပိုးပေးလိုက်သေးသည်။

ဤသို့ အမျိုးသားပါတီနှင့် ပြည်နယ်ပါတီကြား ပိုမိုနီးကပ်စွာ အချိတ်အဆက်များရှိနေခြင်းသည် နိုင်ငံရေးပါတီ ဟူသောလမ်းကြောင်းများမှတစ်ဆင့် ပြည်နယ်နှင့် အမျိုးသားအစိုးရကြား (လားရာနှစ်ဖက်စလုံးတွင်)ပိုမိုဩ ဇာညောင်းမှုရှိလာသည်ဟု အဓိပ္ပာယ်ရသည်။ အမျိုးသားအဆင့်ပါတီခေါင်းဆောင်မှုသည် ပြည်နယ်အစိုးရများ တွင်း ဂိုဏ်းဂဏကွဲများဖြစ်လာပါက ဩဇာဝင်ညောင်းကာဖြန်ဖြေပေးပြီး ပါတီစည်းမျဉ်းစည်းကမ်းမပျက် အောင် ထိန်းသိမ်းပေးသည်။ အခြားတစ်ဖက်တွင်မူ ပြည်နယ်ပါတီအပေါ်လွှာများသည် အမျိုးသားပါတီ၏နိုင် ငံရေးအပေါ် ဩဇာညောင်းနိုင်စေရန် အမျိုးသားပါတီတွင်း အုပ်ချုပ်ရေးဌာနများတွင် ဝင်နေရာယူကာဆောင် ရွက်နိုင်သည်။

ကိုးကား၊ Federalism and Party Democracy in West Germany

နှိုင်းယှဉ်လေ့လာချက်၊ အိန္ဒိယနိုင်ငံတွင် ပြည်နယ်ပါတီများပေါ်ပေါက်လာပုံ

အိန္ဒိယနိုင်ငံတွင် ဖက်ဒရယ်စနစ်၏အခြေခံအုတ်မြစ်သည် ၁၉၅၀တွင် ကျင့်သုံးလိုက်သော ဖွဲ့စည်းပုံအခြေခံဥ ပဒေထဲ ပါဝင်ထည့်သွင်းထားသည်။ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံဥပဒေအရ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လုပ်ငန်းဆောင်တာများကို တိတိပပ ဖွင့်ဆိုသတ်မှတ်ပေးထားသည်။ ဖွဲ့စည်းပုံဥပဒေ ၏ ခုနှစ်ခုမြောက်လုပ်ငန်းစဉ်တွင် အစိုးရနှင့်ဆိုင်ရာအရေးကိစ္စရပ်များအား စာရင်းသုံးခုခွဲတင်ပြထားသည်။ စာရင်း ၁ (ပြည်ထောင်စုစာရင်း) တွင် ပြည်ထောင်စုအစိုးရအတွက် အထူးလုပ်ပိုင်ခွင့်အာဏာရပ်နှင့်ဆိုင်ရာ အရေးကိစ္စအားလုံးကို တင်ပြထားသည်။ စာရင်း ၂ (ပြည်နယ်စာရင်း) ပြည်နယ်များအတွက် အထူးလုပ်ပိုင်ခွင့် ဆိုင်ရာအရေးကိစ္စအားလုံးကို ပြုစုတင်ပြထားသည်။ စာရင်း ၃ ကိုမူ ပါလီမန်နှင့် ပြည်နယ်ဥပဒေပြုလွှတ် တော်တို့ ဥပဒေများကို ပြဋ္ဌာန်းနိုင်သော်လည်း သဘောထားမတိုက်ဆိုင်မှုဖြစ်လာပါက ပြည်ထောင်စုဥပဒေ များကသာ အတည်ဖြစ်ရမည့် “ပူးတွဲအာဏာစာရင်း”အဖြစ် ရည်ညွန်းဖော်ပြထားသည်။ တစ်ပြိုင်တည်းမှာပင် ဥပဒေပြုရေးအတွက် အစွယ်အပွားအာဏာကိုမူ ပြည်နယ်စာရင်းနှင့် ပူးတွဲအာဏာစာရင်းတွင် ဖော်ပြမထား သော အရေးကိစ္စများအတွက် အမျိုးသားပါလီမန်ကို ပေးအပ်ထားသည်။

ပုဒ်မ ၂၄၉အရ ဖွဲ့စည်းပုံဥပဒေတွင် အမျိုးသားအကျိုးစီးပွားအလို့ငှာ ပြည်နယ်စာရင်းတွင်ပါရှိသော အရေးကိ စ္စများအတွက် ဥပဒေပြုရန်အာဏာကို ပါလီမန်တွင် ပေးအပ်ထားရမည့်အခြေအနေများကို ဖော်ပြထားသည်။ ‘ပြည်နယ်များကောင်စီသည် အဖွဲ့ဝင် သုံးပုံ နှစ်ပုံထက်မနည်းသောမဲဆန္ဒပေးပြီး ထောက်ခံကြောင်းဖြေရှင်း ဆုံးဖြတ်ချက်ကို ကြေညာပေးလျှင် ပါလီမန်တွင် ဥပဒေပြုရန်အာဏာတည်နိုင်ဖွယ်ရှိသည်။

အိန္ဒိယဖွဲ့စည်းပုံဥပဒေတွင် ပြည်နယ်စာရင်းမှ ပူးတွဲအာဏာစာရင်းထံ အရေးကိစ္စလွှဲပြောင်းပေးခြင်းအပါအ ဝင် အခြေခံဥပဒေပြင်ဆင်ရန်အတွက် ပြဋ္ဌာန်းချက်တစ်ရပ်ကိုလည်း ဖော်ပြထားသည်။ ၁၉၅၀ပြည့်နှစ်နှင့် ၁၉၇၀ပြည့်နှစ်တစ်လျှောက်လုံးတွင် အဆိုပါပြဋ္ဌာန်းချက်ကို ပြည်နယ်စာရင်းမှ ပူးတွဲအာဏာစာရင်းထံနယ် ပယ်အများအပြား လွှဲပြောင်းပေးအပ်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ယင်းနယ်ပယ်များမှာ

  • ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းခွင့်နှင့် အသုံးပြုခွင့်တောင်းဆိုခြင်း(၁၉၅၆)
  • ကုန်သွယ်ရေးနှင့် စီးပွားကူးသန်း (၁၉၅၆)
  • ရှေးဟောင်းသုတေသနနယ်မြေများနှင့် အကြွင်းအကျန်နယ်ပယ်များ (၁၉၇၇)
  • ပညာရေး (၁၉၇၇)
  • သစ်တောရေးရာ (၁၉၇၇) တို့ဖြစ်သည်။

ပြည်ထောင်စုစာရင်းမှ ပြည်နယ်စာရင်းသို့၊ ပူးတွဲအာဏာစာရင်းမှ ပြည်နယ်စာရင်းသို့ အမှန်ရွှေ့ပြောင်းလွှဲ အပ်သည့်လှုပ်ရှားဆောင်ရွက်ချက်သည် မည်သည့်အခါကမျှမဖြစ်ပေါ်ခဲ့ပါ။ ပူးတွဲအာဏာရပ်စာရင်းနှင့်စပ် လျဉ်း၍ပဋိပက္ခဖြစ်လာချိန်တွင် ဖွဲ့စည်းပုံဥပဒေသည် ဖက်ဒရယ်အစိုးရဘက်မှရပ်တည်သည်ကို ထောက်ရှု လျှင် ဤအခြင်းအရာမျိုးကို ဗဟိုချုပ်ကိုင်မှုရှိခြင်းလုပ်ငန်းစဉ်အဖြစ်လည်းကောင်း၊ အိန္ဒိယပြည်နယ်များ၏ ကိုယ်ပိုင်လွတ်လပ်မှုကို ကျဉ်းမြောင်းစေသည့်ဖြစ်စဉ်အဖြစ်လည်းကောင်း လူအများက ရှုမြင်ကြသည်။

ယင်းသို့မြင်လာကြသည့်ကာလတွင် ဗဟိုအစိုးရ၏ လူမှုရေးနှင့် စီးပွားရေးမူဝါဒများသည် ရှိနေဆဲ ဆင်းရဲ၊ချမ်း သာကွာဟချက်ကို ပိုမိုကြီးမားစေသည်၊ မိမိတို့၏အလေးထားချက်ကို အစိုးရကလျစ်လျူရှုသည်ဟု အရေးဆို နေကြသော တိုင်းရင်းသားလူမျိုးစု၊ ယဉ်ကျေးမှုနှင့်ဘာသာရေးအရလူနည်းစုများ၏အရေးကိစ္စများကို ဖြေရှင်း ပေးနိုင်ခြင်းမရှိဖြစ်စေသည်ဟုဆိုကာ ဗဟိုအစိုးရအပေါ် ကန့်ကွက်မှုများ ကြီးထွားလာသည်။ ယင်းကာလအ တွင်း ဗဟိုချုပ်ကိုင်မှုစနစ်ဟူသည် အမျိုးသားနိုင်ငံရေးကိုရော၊ ပြည်နယ်နိုင်ငံရေးကိုပါ ကြီးစိုးထားသည့်အိန္ဒိ ယအမျိုးသားကွန်ဂရက်နှင့် အနက်တူစကားလုံးဖြစ်လာတော့သည်။ နောက်ပိုင်းတွင် ပြည်နယ်နိုင်ငံရေးပါတီ တချို့ အချိန်ကာလတစ်ခုကျော်ကြာ ပေါ်ထွက်လာပြီး ကွန်ဂရက်အုပ်စိုးနေသည့်ပြည်နယ်အများစု၏နေရာ ကို အစားထိုးယူလာခဲ့ကြသည်၊ ဤအခြေအနေသည် နိုင်ငံရေးအဆင့်တွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးပေါ် ထွန်းလာတော့မည့်အရိပ်အယောင်ပင်ဖြစ်သည်။

ဤသို့သောပြဿနာရပ်များကြောင့်ပင် နိုင်ငံ၏မြောက်ပိုင်း (ပန်ဂျပ်နှင့် ဂျန်မူ၊ ကက်ရှ်မီးယား)၊ တောင်ပိုင်း (တမီးလ် နာဒူ)၊ အရှေ့ပိုင်း(အနောက်ဘင်္ဂလား) နှင့် အရှေ့မြောက်ပိုင်း(တောင်တန်းပြည်နယ်များ) တွင်တိုင်း ရင်းသားလူမျိုးစုနှင့် ပြည်နယ်နိုင်ငံရေးပါတီများ ထွက်ပေါ်လာတော့သည်။

ခိုင်မာသောတိုင်းရင်းသားလူမျိုးစုနှင့် ပြည်နယ်အရေးလှုပ်ရှားမှုများ၏မျက်မြင်သက်သေဟုဆိုရမည့် အဆိုပါ ပြည်နယ်များတွင် အမျိုးသားပါတီများအားထောက်ခံမှုကျဆင်းလာပြီး ပြည်နယ်ပါတီများ ခိုင်မာအားကောင်း လာခဲ့သည်။ ပြည်နယ်ပါတီခေါင်းဆောင်များသည် စစ်မှန်သောဖက်ဒရယ်မူဘောင်အတွင်းမှ ပြည်နယ်များထံ အာဏာပိုမိုပေးအပ်ရေး(ပြည်နယ်အင် အားတောင့်တင်ရေးကြွေးကြော်သံများတွင်ပါဝင်)ကို တောင်းဆိုလာ ကြသည်။ ပြည်နယ်အဆင့်တွင် ယခုလို တိုင်းရင်းသားလူမျိုးစုနှင့် ပြည်နယ်ပါတီများမှ စိန်ခေါ်မှုရှိလာခြင်း သည် အင်အားကြီးသောအမျိုးသားပါတီများ(အဓိကအားဖြင့် ကွန်ဂရက်နှင့် ဘီဂျေပီ)အနေဖြင့် ယင်းတို့အ ပေါ်ထောက်ခံသူပြန်ရရှိရန်နှင့် ပြည်နယ်ဥပဒေပြုလွှတ်တော်များအတွင်း ညွန့်ပေါင်းဖွဲ့စည်းနိုင်ရန်အတွက် ယင်းတို့၏မူဝါဒများကို ပြည်နယ်ပါတီများ၏မူဝါဒများနှင့် ပိုမိုနီးကပ်ဆက်စပ်မှုရှိအောင် မဖြစ်မနေချမှတ်ပေး လာရတော့သည်။

၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် အထက်ပါတိုင်းရင်းသားလူမျိုးစုများနှင့် ပြည်နယ်နိုင်ငံရေးပါတီများအပေါ် ပြည် ထောင်စုအစိုးရ၏မှီခိုအားထားမှုသည် တရိပ်ရိပ်မြင့်မားလာပြီး တိုင်းပြည်သည် အမျိုးသားအဆင့်တွင် ညွန့် ပေါင်းဖွဲ့စည်းရေးခေတ်ထဲ တိုးဝင်ရောက်လာတော့သည်၊ သို့သော် ပြည်နယ်အစိုးရများ၏လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုနယ်ပယ်မှာ ကျဉ်းမြောင်းမှုတော့ရှိနေဆဲပင်၊ ပြည်နယ်အစိုးရများ၏ဘဏ္ဍာရေးအခြေအနေက လည်း အားနည်းမြဲအားနည်းနေဆဲပင်။ ဤသို့ဖြစ်ရခြင်းမှာ ပြည်နယ်ပါတီများတွင် ကွန်ဂရက်ဦးဆောင်သော မဟာမိတ်ပါတီများနှင့် ဘီဂျေပီဦးဆောင်သောမဟာမိတ်ပါတီများဟူ၍ ကွဲပြားနေခြင်းကြောင့်ဖြစ်နိုင်သည်။ အမျိုးသားနိုင်ငံရေးအပေါ် ပြည်နယ်ပါတီများ၏ဩဇာလွှမ်းမိုးလာနိုင်ခြင်းမှ အရေးပါသောအကျိုးရလဒ်တစ် ခုထွက်ပေါ်ခဲ့သည်။ ယင်းမှာ ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံဥပဒေကို ၇၃ကြိမ်မြောက်နှင့် ၇၄ ကြိမ်မြောက်ပြင်ဆင် မှု ပြုလုပ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ကိုးကား၊ Parties under Pressure, Political Parties in India since Independence