အသစ်များ > ဗဟိုချုပ်ကိုင်မှုကို လျှော့ချခြင်း - နည်းမှန်လမ်းမှန်စနစ်ပုံစံကို ချမှတ်ခြင်း

ဗဟိုချုပ်ကိုင်မှုကို လျှော့ချခြင်း - နည်းမှန်လမ်းမှန်စနစ်ပုံစံကို ချမှတ်ခြင်း

2022-09-05

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့်စပ်လျဉ်းပြီး ဆွေးနွေးကြရာတွင် အများအားဖြင့် အမျိုးသား(ဗဟို)အဆင့်၊ တိုင်းဒေသ/ခရိုင်/ ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့်ဟူ၍ အစိုးရအဆင့်သုံးရပ်ပါဝင်လေ့ရှိသည်။ ဗဟိုချုပ် ကိုင်မှုကိုလျှော့ချရေးပုံစံကို ဆုံးဖြတ်ရာတွင် ပထမခြေလှမ်းသည် အထက်ပါအစိုးရအဆင့်များ မည်မျှအထိပါ ဝင်နေမည်ဟူ၍ ဆုံးဖြတ်ခြင်းဖြစ်သည်။

ပါဝင်မည့်အစိုးရအဆင့်အရေအတွက်ကို ဆုံးဖြတ်ပြီးသည်နှင့် နောက်တစ်ဆင့်မှာ တိုင်း/ခရိုင်/ပြည်နယ် နှင့်/ သို့ ဒေသန္တရအစိုးရအဆင့်အတွင်း အစိုးရဌာနခွဲများ၏နယ်နိမိတ်များကို ဖွင့်ဆိုသတ်မှတ်ရန်အသုံးပြုမည့် တိုင်းတာစံနှုန်းကို ချမှတ်ရန်ဖြစ်သည်။ အထက်ပါနယ်နမိတ်များကို သတ်မှတ်ရာတွင် စီးပွားရေး (သို့) အုပ် ချုပ်ရေးဆိုင်ရာအရည်အသွေးအပေါ်ကိုဖြစ်စေ (သို့) လူမျိုးစု၊ ဘာသာရေး၊ ယဉ်ကျေးမှု (သို့) ဒေသဆိုင်ရာ သီးခြားစရိုက်လက္ခဏာတို့အပေါ်ကိုဖြစ်စေ အခြေခံကာ သတ်မှတ်ဆုံးဖြတ်နိုင်သည်။

သီးခြားစရိုက်လက္ခဏာအခြေခံသည့် အစိုးရဌာနခွဲများသည် လူမျိုးစု၊ ဘာသာရေး (သို့) ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားချက်မရှိသည့် နယ်မြေပိုင်နက်အခြေစိုက်အစိုးရဌာနခွဲများကို ပေါ်ပေါက်စေနိုင်ခြေနည်းပါးသ ဖြင့် လူနည်းစုအစုအဖွဲ့သစ်များကို ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါလူနည်းစုများ၏အကျိုးစီးပွားများနှင့် အလေး ထားချက်များကို ဒေသန္တရအစိုးရက လျစ်လျူရှုပါက ဤအခြေအနေသည် ပဋိပက္ခကိုဖြစ်စေနိုင်သည်။ အစိုး ရဌာနခွဲများ၏နယ်နိမိတ်များကို ဖွင့်ဆိုသတ်မှတ်ခြင်းသည်လူနည်းစုအစုအဖွဲ့သစ်များကိုပေါ်ပေါက်စေသဖြင့် အစိုးရဌာနခွဲအဆင့်တွင်း လူမျိုး-နိုင်ငံရေးဆိုင်ရာပဋိပက္ခများနှင့် ဘေးဖယ်ထုတ်ခြင်းတို့ ပေါ်ပေါက်လာလျှင် ဤအခြေအနေသည် ပဋိပက္ခများကို ဖြေရှင်းပေးခြင်းမဟုတ်ဘဲ ပိုမိုနိမ့်ပါးသောအဆင့်ထံပဋိပက္ခများကို လွှဲ ပြောင်းပေးလိုက်ခြင်းဖြစ်ပေမည်။

အခြားတစ်ဖက်တွင်မူ အခြေခံအဆောက်အဦ၊ ပထဝီနယ်မြေ၊ အရင်းအမြစ်များနှင့် စွမ်းရည်ကဲ့သို့သော တိုင်း တာစံနှုန်းများအပေါ်ကိုသာ အခြေခံပြီး ရုံးဌာနခွဲများကို ထူထောင်ခြင်းဖြစ်ရာ ထိရောက်ပြီးအကျိုးများသော အုပ်ချုပ်ရေးဖြစ်ရန်ကိုမူ မလွဲမသွေအာမခံချက်တော့မပေးပါ။ ကိစ္စရပ်အများစုတွင် နည်းလမ်းနှစ်သွယ် ပေါင်း ၍ချဉ်းကပ်မှုသည် သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းများတွင်နေထိုင်သူ ဒေသခံလူထုကလက်ခံသော စီးပွားရေး အရ အလားအလာရှိသောယူနစ်များကို ဖန်တီးရန် လိုအပ်သည်။

အတွင်းပိုင်းနယ်နိမိတ်များကို ဘောင်ချရန်အတွက် တိုင်းတာစံနှုန်းနှင့်ပတ်သက်ပြီး နီပေါနိုင်ငံတွင်း ဆွေးနွေး မှုများ မပြတ်တမ်းရှိနေခြင်းသည် ယင်းပြဿနာရပ်ကို ဖြေရှင်းရေးနှင့်ဆက်စပ်နေသော စိန်ခေါ်ချက်များကို ဖော်ထုတ်ပြနေသည်။ နီပေါနိုင်ငံတွင် ပြည်နယ်ပြန်လည်ဖွဲ့စည်းရေးနှင့် ပြည်နယ်အာဏာ ခွဲဝေရေးဆိုင်ရာ ကော်မတီသည် အနာဂတ် ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော/ဖက်ဒရယ်စနစ်တစ်ခုအောက် ပြည်နယ်များ၏ အရေအတွက်၊ အမျိုးအမည်များနှင့် နယ်နိမိတ်များကို အချေအတင်ဆွေးနွေးသည်၊ ထိုဆွေးနွေးချက်တွင် သီး ခြားစရိုက်လက္ခဏာ၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးအလားအလာရှိခြင်း၊ အရင်းအမြစ်ခွဲဝေခြင်းနှင့် အခြားသော အကြောင်းအချက်များကို အခြေခံ၍ ပြည်နယ်အစိုးရဌာနခွဲများကို အသေးစိတ်ချပြထားသည်။ ထိုသတ်မှတ် ချက်ဘောင်များနှင့်အညီ မတူသောမြေပုံနှစ်ရပ်ကို ပြင်ဆင်ရေးဆွဲထားသည်၊ မြေပုံတစ်ခုတွင် ပြည်နယ်၁၄ခု ပါဝင်ပြီးကျန်မြေပုံတွင် ပြည်နယ် ၆ ခုပါဝင်သည်။

နောက်ထပ်အရေးကြီးပြဿနာမှာ နယ်နိမိတ်များကို သတ်မှတ်ခွင့် (သို့) ပြင်ဆင်ခွင့်ပြုပေးထားသော ဥပဒေ အမျိုးအစားများပင်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုခိုင်မာသောစနစ်များတွင် အမျိုးသား(ဗဟို) အဆင့်ဌာနအဖွဲ့အ စည်းတစ်ရပ်၌ အသွင်လက္ခဏာနှစ်ရပ်စလုံးကို ထဲထဲဝင်ဝင် တွေ့ရလိမ့်မည်၊ဥပမာ အမျိုးသားလွှတ်တော်က သာမန်ဥပဒေတစ်ရပ်ကို လူများစုဆန္ဒမဲဖြင့် အဆိုပြုခြင်းနှင့် ပြဋ္ဌာန်းခြင်းကို ဆိုလိုသည် (ဥပမာ ဘီနင်နိုင်ငံ)။ အခြားသောဖွဲ့စည်းပုံအခြေခံဥပဒေများတွင်မူ အမျိုးသားလွှတ်တော်တွင်း ဆန္ဒမဲအများစုရှိရန်တင်မက၊ ဥပ ဒေသက်ရောက်ခံအုပ်စုများကို ကိုယ်စားပြုသော လွှတ်တော်အမတ် သုံးပုံနှစ်ပုံ အများစုကိုရရှိရန်လည်း လို သည် (ဥပမာ ဘယ်လ်ဂျီယံနိုင်ငံ)။ တခြားနိုင်ငံများတွင်မူ အပြောင်းအလဲများအတွက် သက်ဆိုင်ရာတိုင်းဒေသ များရှိ ဥပဒေပြုလွှတ်တော်မှ သဘောတူပေးရန်လိုအပ်သည်(ဥပမာ မလေးရှား)။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ် ရပ်တွင် အမျိုးသား(ဗဟို)အဆင့်နှင့် ပြည်နယ်အဆင့် ဥပဒေပြုလွှတ်တော်မဲအပြင် ပြည်နယ်ဒေသများမှနိုင် ငံသားများ၏ လူထုဆန္ဒခံယူမှုမှထွက်ပေါ်လာသောထောက်ခံမှုကို ရရှိရန်လည်း လိုအပ်နိုင်သည်(ဥပမာ ဆွစ် ဇာလန်နိုင်ငံ)

အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးပိုင်းတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းပုံစံများ

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို နည်းမှန်လမ်းမှန်ပုံစံဖြင့် ချမှတ်ခြင်းအပြင် နောက်ထပ်အရေးပါသောအချက်မှာ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၏ နက်နဲမှုအတိုင်းအဆဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၏နက်နဲမှုအတိုင်း အဆသည် ဗဟိုအစိုးရမှ အောက်ခြေအစိုးရအဆင့်များထံ စင်စစ်အာဏာများကို လွှဲပြောင်းပေးအပ်ထားခြင်း ကိုကြည့်၍ဆုံးဖြတ်နိုင်သည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းပမာဏကို တိုင်းတာရန် မိမိတို့သည် အဓိကအစိတ်အပိုင်းသုံးရပ်ကို ထည့်စဉ်းစား ရန်လိုအပ်သည်။

  • အုပ်ချုပ်ရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း - ဗဟိုအစိုးရနှင့်ဆက်စပ်ကာ ပြည်နယ်အစိုးရခွဲများထံ ပေးအပ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပမာဏ
  • နိုင်ငံရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ဗဟိုအစိုးရများက ကိုယ်စားပြုခြင်းနှင့် ဆုံးဖြတ်ချက်ချ ခြင်းကဲ့သို့ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ပြည်နယ်အစိုးဌာန များကို လုပ်ပိုင်ခွင့်ပြုထားသောအတိုင်းအဆ
  • ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ဗဟိုအစိုးရများ ပြည်နယ်အစိုးရဌာနများကို ဘဏ္ဍာ ရေးဆိုင်ရာ တာဝန်ခံပေးရသည့် တိုင်းအဆ