အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ပါတီစည်းမျဉ်းစည်းကမ်း

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ပါတီစည်းမျဉ်းစည်းကမ်း

2022-09-05

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကြောင့် နိုင်ငံရေးယှဉ်ပြိုင်ရခြင်း၏ရည်ရွယ်ချက်သည် အမျိုးသား(ဗဟို) အဆင့်မှ သည် ပြည်နယ်ဒေသအဆင့်ထိ မတူဘဲပြောင်းလဲမှုရှိနိုင်သည်။ ဤအချက်သည် အမျိုးသား(ဗဟို) အဆင့်ပါ တီများအတွင်းရှိ ပါတီစည်းမျဉ်းစည်းကမ်းအပေါ် သက်ရောက်မှုရှိုနိုင်သည်။ အထူးသဖြင့် ဗဟိုချုပ်ကိုင်မှု ကြီးမားသောဖွဲ့စည်းမှုပုံစံများရှိထားသည် အမျိုးသား(ဗဟို)အဆင့်ပါတီများအတွက် အဓိကဖြစ်သည်၊ ထိုပါ တီများသည် ဒေသအလိုက်(သို့) နယ်မြေအလိုက်အဆင့်ရှိ အစိုးရရာထူးနေရာများအတွက် ကိုယ်စားလှယ် လောင်းများကို တိုက်ရိုက်ခန့်အပ်ကြသည်။ နိုင်ငံရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချရေးဟူသည် တိုက်ရိုက်ရွေး ကောက်ရမည့် ဒေသတွင်းအုပ်ချုပ်ရေးတွင် ရာထူးနေရာများပိုမိုရှိလာခြင်းဟု အဓိပ္ပာယ်ရသည်။ နိုင်ငံရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကြောင့် ဒေသအဆင့်နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများအ တွက် အမျိုးသား(ဗဟို)အဆင့်နိုင်ငံရေးပါတီတစ်ရပ်၏ထောက်ခံမှုမရှိဘဲ ရာထူးအတွက်ယှဉ်ပြိုင်ရွေးကောက် ပွဲဝင်နိုင်သော အခွင့်အလမ်းများကို ပိုမိုရရှိလာရသည်။ ဤသို့အခွင့်အလမ်းပိုရလာခြင်းကလည်း တစ်ဖက်တွင် ပါတီစည်းမျဉ်းစည်းကမ်းနှင့် စည်းလုံးမှုအပေါ် ဆိုးကျိုးသက်ရောက်ချက်ရှိနေနိုင်ပြန်သည်။

နိုင်ငံရေးပိုင်းနှင့် ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် ဒေသအဆင့်နိုင်ငံရေးသမားများကို ယင်းတို့ ကိုယ်ပိုင်ရွေးကောက်ပွဲရည်မှန်းချက်များကို တစ်ဆင့်တိုးမြင့်ရည်မျှော်လာခွင့်ပြုလိုက်ခြင်းဖြင့် အမျိုးသား (ဗ ဟို)အဆင့်နှင့် ပြည်နယ်ဒေသအဆင့်နိုင်ငံရေးခေါင်းဆောင်များကြား အမှီအခိုမကင်းသည့်တွယ်ချိပ်တစ်ခုကို ချိုးဖျက်ပစ်လိုက်နိုင်သည်။ ဤအချက်သည်အမျိုးသား(ဗဟို)အဆင့်ပါတီအဖွဲ့အစည်းများအတွင်း အာဏာ ဟန်ချက်ညီရေးအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ရွေးကောက်ပွဲများသည် ဒေသအလိုက်(သို့) နယ်မြေအ လိုက်ပြဿနာရပ်များကို အဓိကအခြေခံထားသည့်အခါ နိုင်ငံတော်အဆင့်ပါတီဖွဲ့စည်းမှုပုံစံများအတွင်း အာ ဏာဟန်ချက်ညီမှုသည် ဗဟိုမှအောက်ခြေအဆင့်ထိ ရွေ့ပြောင်းလဲသွားနိုင်သည်။

ဥပမာအားဖြင့် ကိုလံဘီယာနိုင်ငံရှိ နိုင်ငံရေးပိုင်းနှင့် ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် နယ် မြေအဆင့်ခေါင်းဆောင်များအတွက် ယင်းတို့ကိုယ်ပိုင် လူထုထောက်ခံမှုအခြေခံကိုသာ ရှင်သန်အားကောင်း စေရန်အတွက် အဓိကထားပြီး ယင်းတို့ပါတီများအပေါ် အမျိုးသား(ဗဟို)အဆင့်ပါတီက ဦးဆောင်မှုပြုနေခြင်း နှင့် ခပ်ကင်းကင်းဖြစ်စေရေးကို လုပ်ဆောင်ရန်အတွက် မက်လုံးများကို ဖန်တီးပေးသလိုဖြစ်ခဲ့သည်။ ကိုလံ ဘီယာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင်ခြင်းသည် ပါတီ များအစိတ်စိတ်အမွှာမွှာဖြစ်စေရန် ပံ့ပိုးပေးခဲ့သလို အရေးပါသောနယ်မြေအခြေခံ နိုင်ငံရေးလှုပ်ရှားမှုများ ပေါ် ပေါက်လာရန်အတွက်လည်း အထောက်အကူဖြစ်ခဲ့ရသည်။