အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဖက်ဒရယ်စနစ်

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ဖက်ဒရယ်စနစ်

2022-09-06

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းအတိုင်းအဆ မည်မျှရှိစေကာမူ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသော တပေါင်းတစည်း တည်းဖြစ်သည့်နိုင်ငံများရှိ လူမျိုးစု သို့ နယ်မြေအလိုက်လူနည်းစုဝင်များအတွက် အရေးပါသောမေးခွန်းများရှိ နေသည်။ ယင်းမေးခွန်းများတွင် အောက်ပါတို့ ပါဝင်သည်။

  • နယ်မြေ သို့ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပ်နှင်းမည်၊ လွှဲပြောင်းပေးမည် သို့ ပြန်ရုပ်သိမ်းမည် ဟူ၍ဆုံးဖြတ်ပေးရာတွင် အမျိုးသား(ဗဟို)အဆင့်အာဏာပိုင်အဖွဲ့များက သီးခြားဆောင်ရွက်ရသ လား။
  • နယ်မြေ သို့ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုလွှတ်တော်က တစ် ဖက်သတ်ကျစွာ ဆန္ဒရှိသလို(နိုင်ငံရေးအရခက်ခဲမှုရှိနေသည့်တိုင်) ကန့်သတ်သို့ ဖျက်သိမ်းပစ်နိုင်သ လား။
  • သို့မဟုတ် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးသတ်မှတ်ချက်အစိတ်အပိုင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးသလား၊ ဥပမာ နယ်မြေအဆင့်အာဏာရပ်များကို ပြန်ရုပ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ပြင်ဆင်ရန် လိုအပ်သလား။
  • အစိုးရဌာနအဖွဲ့အစည်းများကို ဗဟိုချုပ်ကိုင်လျှော့ချရေးဆီဦးတည်ကြိုးပမ်းလာစေရန် လမ်းညွှန်ပေး နိုင်သော ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဆိုင်ရာ ဥပဒေရေးရာမူဘောင်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ က ရှင်းလင်းစွာ ချမှတ်ပေးထားပါသလား။
  • အမျိုးသား(ဗဟို)အဆင့်ဖြစ်စေ၊ နယ်မြေအဆင့်ဖြစ်စေ၊ နိုင်ငံရေးရာဌာနအဖွဲ့အစည်းများ သို့ ဥပဒေ ရေးရာဌာနအဖွဲ့အစည်းများသည် ရှင်းလင်းသောဥပဒေရေးရာမူဘောင်တစ်ရပ်၏လမ်းညွှန်ချက်ဖြင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ထိန်းကွပ်ပေးပါသလား။

အထက်ပါမေးခွန်းများအတွက် အဖြေသည် လူမျိုးစု၊ ဘာသာရေး၊ ဘာသာဗေဒ သို့ နယ်မြေအလိုက်လူနည်းစု များဟူသည့် သိသာထင်ရှားသောအပိုင်းကဏ္ဍများအတွက် ကျေနပ်လောက်စရာမဖြစ်ခဲ့လျှင် ဖက်ဒရယ်စနစ် ထူထောင်ရေးနောက်သို့ လိုက်ပါတတ်ကြပါသည်။

ဖက်ဒရယ် နှင့် တစ်ပြည်ထောင်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းစနစ် နှင့် ဗဟိုမှချုပ်ကိုင်ထားသောစနစ်တို့အား နှိုင်းယှဉ်ခြင်း၊ အရေးပါသော ကွဲပြားခြားနားချက်များ

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို အစိုးရအောက်ခြေအဆင့်အသီးသီးထံ ဗဟိုမှ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအာဏာ အမှန်စင်စစ်ခွဲဝေပေးထားခြင်းဖြင့် တိုင်းတာသင့်သည်။ မတူသည့်အချက်မှာ ‘တစ်ပြည်ထောင်စနစ်’ နှင့် ‘ဖက်ဒရယ်စနစ်’ဟူသောဝေါဟာရများသည် အစိုးရအဆင့်အသီးသီးကြား ဥပဒေကြောင်းအရ ဆက်နွှယ်နေမှုကို ဖော်ပြနေသည်။ ဖက်ဒရယ်နိုင်ငံဟု သတ်မှတ်နိုင်သောစရိုက်လက္ခဏာငါးရပ်ရှိ သည်။

၁။ အနည်းဆုံးအစိုးရအဆင့်နှစ်ရပ်က တူညီသောမြေပိုင်နက်နှင့် တူညီသောလူထုအပေါ် အချုပ်အခြာ အာဏာကျင့်သုံးသည်။

၂။ အမျိုးသား(ဗဟို)အဆင့်ရှိ ဗဟိုအစိုးရနှင့် လက်အောက်ခံအဆင့်ရှိနယ်မြေအစိုးရနှစ်ရပ်စလုံးသည် အပြန်အလှန်ပင် သီးသန့်လုပ်ပိုင်ခွင့်အာဏာများ(ကိုယ်ပိုင်-အုပ်ချုပ်ရေး)ရှိရာအပိုင်းအခြားတစ်ခုကို ပိုင်ဆိုင်ထားပြီး ယင်းအာဏာများတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိုယ်ပိုင်လွတ်လပ်မှု သို့ ဘဏ္ဍာရေးပိုင်းသီးခြားလွတ်လပ်မှုဟူသော စီမံချက်တစ်ရပ်ပါဝင်နိုင်သည်။

၃။ မည်သည့်အစိုးရအဆင့်မှ အစိုးရအဆင့်တစ်ရပ်စီ၏တာဝန်၀တ္တရားများနှင့် လုပ်ပိုင်ခွင့်အာဏာကို တစ်ဖက်သတ်ကျစွာ ပြင်ဆင်နိုင်ခွင့်မရှိဟု ဥပဒေအရထုတ်ပြန်ထားသည်။

၄။ အမျိုးသား(ဗဟို)အဆင့်ဆုံးဖြတ်ချက်ချသောဌာနအဖွဲ့အစည်းများတွင် ပြည်နယ်အဆင့်မှ ကိုယ်စား လှယ်များ ပါဝင်ပြီး ယင်းကိုယ်စားလှယ်များသည် အမျိုးသားဥပဒေပြုလွှတ်တော်တွင်း အထက်လွှတ် တော်တစ်နေရာကို ရရှိနိုင်သည်(ခွဲဝေအုပ်ချုပ်ခြင်း)

၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်အစိုးရ နှင့် ပြည်နယ်အဆင့်ကြား အငြင်းပွားစရာများ ကို ဖြေရှင်းပေးနိုင်ရန် အခြေခံဥပဒေခုံရုံးဖြစ်စေ၊ လူထုဆန္ဒခံယူခြင်းယန္တရားဖြစ်စေ တစ်ခုခုဖြင့် စီရင် ဆုံးဖြတ်သည်။

အထက်ပါဖွင့်ဆိုသတ်မှတ်ချက်မှ ထွက်ပေါ်လာသော ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့်ဆက်စပ်ရာ အရေးပါသည့်အချက်နှစ်ချက်ရှိပါသည်။ ပထမတစ်ချက်မှာ ဖက်ဒရယ်စနစ်ဟူသည် အစိုးရအချင်းချင်း ဥပဒေနှင့်အညီ ဆက်ဆံကြခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသဖြင့် ယင်းကဲ့သို့ဆက်ဆံခြင်းမျိုးတစ်ရပ်သည် နိုင်ငံတစ်နိုင်ငံအ တွင်းတွင် ရှိနေရန်လိုအပ်ခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ်သည် ဒေသန္တရအစိုးရ၏ဗဟိုချုပ်ကိုင်မှုလျှော့ချ ရေးကို ဥပဒေကြောင်းအရ အာမခံပေးထားခြင်းမဟုတ်ပါ။ ထို့အတူ ဖက်ဒရယ်တိုင်းပြည်များတွင် ခိုင်မာအားကောင်းပြီး သီးခြားအမှီအခိုကင်းသည့်ဒေသန္တရအစိုးရများရှိကြလိမ့်မည်ဟု မလွဲမသွေဆိုထားခြင်းလည်းမဟုတ်ပြန်ပါ။ ဤအချက်သည် နယ်မြေအစိုးရများက ယင်းတို့၏ပိုင်နက်နယ်မြေအတွင်း နေထိုင်သော တိုင်းရင်းသား လူနည်းစုများကို ဘေးဖယ်ထုတ်ပစ်လျှင် မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုးစုများရှိသည့်တိုင်းပြည်များတွင် ပြဿနာရှိလာနိုင်ပါသည်။

ဒုတိယတစ်ချက်ကမူ အစိုးရအဆင့်များကြား ဖက်ဒရယ်ဆက်ဆံရေးထူထောင်ရုံမျှသာဖြစ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်နယ်အစိုးရများထံ အပ်နှင်းပေးထားသောအာဏာပမာဏဟုဆိုကြသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၏စင်စစ်အတိုင်းအထွာအကြောင်းနှင့်စပ်လျဉ်း၍မူ မည်သို့မျှပြောစရာမရှိနိုင်တော့ပါ။ ဗဟိုချုပ် ကိုင်မှုလျှော့ချရေးအဆင့် နိမ့်ပါးသည့် ဖက်ဒရယ်တိုင်းပြည်တချို့ရှိသည်။ ဗင်နီဇွဲလား၊ အာဂျင်တီးနားနှင့်မက္က ဆီကိုတို့ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ပြည်နယ်အစိုးရအဆင့်များထံ အာဏာအများအပြားစုပုံအပ်နှင်းပေး ထားသော တစ်ပြည်ထောင်စနစ်တိုင်းပြည်များလည်း ရှိသည်။ ဥပမာ စကော့တလန်နိုင်ငံထံ ဗြိတိသျှပါလီမန် က အပ်နှင်းထားသည့် အာဏာနှင့် လုပ်ပိုင်ခွင့်သည် ဖက်ဒရယ်စနစ်တွင်ရှိသော ပြည်နယ်အစိုးရများထံ အပ်နှင်းထားမှုထက်ပင် ပိုမိုကြီးမားနိုင်သည်။ သို့ရာတွင် ဗြိတိန်သည် ဖက်ဒရယ်စနစ်တိုင်းပြည်မဟုတ်ပါ၊ အထက်လွှတ်တော်တွင် စကော့တလန်ကိုယ်စားလှယ်များအတွက် နေရာချန်လှပ်ပေးမထားသော ဗြိတိသျှပါလီမန်သည် စကော့တလန်ဥပဒေပြုလွှတ်တော် သို့ အုပ်ချုပ်ရေးမဏ္ဍိုင်ထံ အပ်နှင်းထားသော အာဏာရပ်အား လုံးကို တစ်ဖက်သတ်ကျစွာ ပြန်ရုပ်သိမ်းခွင့်ရှိသည်။(IDEA 2011:319-20).

မက္ကဆီကို၊ ဗဟိုချုပ်ကိုင်မှုရှိသောဖက်ဒရယ်နိုင်ငံ

ဖက်ဒရယ်အခွန်ငွေများမှ ၈၀ရာခိုင်နှုန်းခန့်ကို ဗဟိုက သိမ်းယူသည်၊ ကျန်အခွန်ငွေများကို ပြည်နယ်များထံခွဲ ပေးသည်၊ ၅ရာခိုင်နှုန်းကို မြူနီစီပယ်အဖွဲ့များက သုံးစွဲရသည်။ ဆန့်ကျင်ဘက် ဘရာဇီးနိုင်ငံတွင်မူ အစိုးရအ ခွန်ငွေစုစုပေါင်းမှ တစ်ဝက်ဝန်းကျင်ကိုသုာ ဖက်ဒရယ်အစိုးရက ထိန်းချုပ်သည်။

မက္ကဆီကို၏ ‘ဘဏ္ဍာရေးပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု’ဆိုင်ရာဥပဒေအရ ပြည်နယ်များ၏ ဒေသတွင်းအခွန်ငွေ ကောက်ရန်အာဏာရပ်များကို ကန့်သတ်ထားသည်။ အခွန်ကောက်ရာတွင် အဓိကအားဖြင့် ဝင်ငွေခွန်နှင့်မော် တော်ယာဉ်ခွန်များကို လျှော့ပေါ့ကောက်ခံသည်။ မြို့တော်စည်ပင်အဖွဲ့များသည် အဆောင်အယောင်မျှသာ ဖြစ်သောပစ္စည်းဥစ္စာခွန်များအပေါ် မှီခိုရသည်။ အစွန်းတစ်ဖက်တွင်မူ မက္ကဆီကိုမြို့နယ်မြေအများစုပါဝင် နေသည့် ပြည်နယ်အဆင့်နီးနီးရှိ ပြည်ထောင်စုခရိုင်သည် အမေရိကန်ဒေါ်လာ ၈ ဘီလျံမျှရှိသော ယင်း၏ ဘတ်ဂျက်ငွေမှ ၄၅ ရာခိုင်နှုန်းကို ကိုယ်တိုင်ကောက်ခံသည်။ အခြားအစွန်းတစ်ဖက်၌မူ ပြည်နယ်အများစု သည် ယင်းတို့၏အသုံးစရိတ်မှ ၁၀ရာခိုင်နှုန်းကို ကိုယ်တိုင်အခွန်ကောက်ထား၍ရရှိသဖြင့် ကံကောင်းသည်။ ကျန် ၉၀ရာခိုင်နှုန်းအတွက်ကိုမူ ဖက်ဒရယ်မှလွှဲပြောင်းပေးမည့်အခွန်ငွေများအပေါ်မှီခိုရသည်၊ ယင်းသို့လွှဲ ပြောင်းပေးရာတွင် ၁၉၈၀ မှစ၍အသုံးပြုခဲ့ပြီး ကျော်မကောင်းကြားမကောင်းသည့် ရှုပ်ထွေးလှသောခွဲတမ်းချ ပေးရေးပုံသေနည်းတစ်ရပ်ကိုသုံးကာ တွက်ချက်ခွဲဝေပေးသည်။ ပြည်နယ်တစ်ခုချင်းစီရရှိသော ဝေပုံကျခွဲ တမ်းသည် အတိတ်တုန်းကရရှိသည့်အချိုးအစား၊ လူဦးရေနှင့် ဒေသတွင်းကောက်ခံရရှိသောအခွန်ငွေများနှင့် အညီသတ်မှတ်ရရှိသည်။ သို့သော် ချိုင်အာပက်စ်ကဲ့သို့ ဆင်းရဲနွမ်းပါးသောပြည်နယ်အတော်များများမှာ အ ခွန်ငွေခွဲတမ်းအနည်းပယ်ပိုရရှိသည်။

ကိုးကား၊ Redrawing the federal map

ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၏စင်စစ်အတိုင်းအထွာကို အကောင်းဆုံး တိုင်းတာသည့်ရှုထောင့်များမှာ အုပ်ချုပ် ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုများပင် ဖြစ်သည်။ ‘ဖက်ဒရယ်’ သို့ ‘တစ်ပြည်ထောင်’ အစိုးရဟူသော နှစ်ခုတွဲအယူအဆသည် နိုင်ငံတစ်နိုင်ငံတွင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၏အားသာချက်ကို အစဉ်ညွှန်းဆိုနေသည်တော့ မဟုတ်ပါ။ ထိုထက် ယင်းအယူအဆသည် အစိုးရအဆင့်အသီးသီးကြား ဥပဒေရေး ရာဆက်ဆံမှုကို ဖော်ညွှန်းပါသည်။ ဖက်ဒရယ်စနစ်များဟု ဆိုလိုက်သည်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအဆင့်ဆိုသည်ထက် ကိုယ်ပိုင်-အုပ်ချုပ်မှုနှင့် ခွဲဝေအုပ်ချုပ်မှုကို အကောင်အထည်ဖော်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ဥပဒေရေးရာအကာအကွယ်များ လိုအပ်ခြင်းဟူ၍ ဖွင့်ဆိုသတ်မှတ်ကြသည်။ (IDEA 2011:321)