အသစ်များ > ဥပဒေပြုအာဏာများကို ဗဟိုမှချုပ်ကိုင်မှုလျှော့ချခြင်း
ဥပဒေပြုအာဏာများကို ဗဟိုမှချုပ်ကိုင်မှုလျှော့ချခြင်း
2022-09-05
မည်သည့်အစိုးရအဆင့်ထံ မည်သို့သောအာဏာများကို ပေးမည်နည်း။
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် အစိုးရအဆင့်အသီးသီးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်အာဏာများကို ဖြစ်ပေးစေနိုင်သည်။ သင့်တော်သည့်တာဝန်၀တ္တရာများကို ခွဲဝေပေးခြင်းသည် အ စိုးရဌာနခွဲများထံ ဥပဒေများကို ရေးဆွဲရန်(ဥပဒေပြုလုပ်ငန်းဆောင်တာ)၊ အကောင်အထည်ဖော်ရန်(သို့) ဥပ ဒေအတိုင်း လိုက်နာဆောင်ရွက်ရန်(အုပ်ချုပ်ရေးလုပ်ငန်းဆောင်တာ) (သို့) ဥပဒေကို အဓိပ္ပာယ်ဖော်ရှင်းပြရန် နှင့် ကျင့်သုံးရန်(တရားစီရင်ရေးလုပ်ငန်းဆောင်တာ)အာဏာကို ပေးထားခြင်းအပေါ် မူတည်လိမ့်မည်။ ထိုသို့ တာဝန်၀တ္တရားများကို ခွဲဝေပေးထားခြင်းသည် နိုင်ငံ၏သီးခြားအဆက်အစပ်အရဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ၏ ရည်ရွယ်ချက်များဆီ ဆိုက်ရောက်ခြင်းလည်းမည်၏။
ဥပဒေပြုအာဏာများကို ဗဟိုမှချုပ်ကိုင်မှုလျှော့ချခြင်း
ဥပဒေပြုရေးလုပ်ငန်းဆောင်တာများကို ဗဟိုမှချုပ်ကိုင်မှုလျှော့ချခြင်းအတွက် မည်သည့်အစိုးရအဆင့်သည် သီးခြားလုပ်ငန်းများ(ဥပမာ အစိုးရဝန်ဆောင်မှုများ)နှင့်စပ်လျဉ်းသော ဥပဒေများကို ရေးဆွဲသင့်သည်၊ အဆိုပါ လုပ်ပိုင်ခွင့်အာဏာသည် မတူသောအစိုးရအဆင့်အသီးသီးကြား သီးသန့်ခွဲထား(သို့) မျှဝေထားသင့်သည်ဟူ၍ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မတူသောအစိုးရအဆင့်များကို ပေးထားနိုင်သော အာဏာအမျိုးအစားသုံးမျိုးရှိသည်။
- သီးသန့်လုပ်ပိုင်ခွင့်အာဏာများ1၊ အစိုးရအဆင့်တစ်ရပ်တွင်သာ မူဝါဒချမှတ်ပိုင်ခွင့်ရှိသည့် အာဏာ များပင်ဖြစ်သည်။ ဥပမာအားဖြင့် အမျိုးသား(ဗဟို)အစိုးရသည် ကာကွယ်ရေးနှင့်ပတ်သက်သော သီး သန့်လုပ်ပိုင်ခွင့်အာဏာရှိနိုင်သည်၊ (သို့မဟုတ်) ပြည်နယ်အစိုးရခွဲများသည် ယင်းတို့၏ပြည်နယ် သို့ နယ်မြေတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်သောဥပဒေများကို ချမှတ်ရန် သီးသန့်လုပ် ပိုင်ခွင့်အာဏာရှိနိုင်သည်။
- တစ်ပြိုင်တည်းပူးတွဲရှိသော(မျှဝေရရှိသော)အာဏာများ2၊ ဤအာဏာများသည် အစိုးရအဆင့်နှစ်ရပ် စလုံးက မူဝါဒများချမှတ်ခွင့်ရှိသော အရေးကိစ္စရပ်များနှင့် သက်ဆိုင်သည်။ ဥပမာအားဖြင့် ပညာ ရေးသည် အာဏာခွဲဝေကျင့်သုံးရတတ်သည့်နယ်ပယ်ဖြစ်သည်။ နယ်မြေအစိုးရများသည် အထက် တန်းကျောင်းမှတစ်ဆင့် ပညာရေးကို ထိန်းချုပ်နိုင်သည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရသည် တက္က သိုလ်အဆင့်ပညာရေးအပေါ် ထိန်းချုပ်မှုတချို့ ရှိသည်။
- ကြွင်းကျန်ရှိသော(ကျန်နေသော)အာဏာများ3၊ဤအာဏာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖော် ပြမထားသော သို့ နောက်ပိုင်းမှပေါ်ပေါက်လာသောအရေးကိစ္စရပ်များနှင့်ဆိုင်သည်။ ကြွင်းကျန်ရှိ သည့်အာဏာများကို အမျိုးသား(ဗဟို)အစိုးရအဆင့်ဖြစ်စေ၊ ပြည်နယ်အစိုးရခွဲအဆင့်ဖြစ်စေ တစ်ခုခု ထံ ပေးအပ်ထားနိုငသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်တွင် အာဏာများ ခွဲဝေကျင့်သုံးခြင်းကို သတ်မှတ်ပုံဖော်ရန်နည်းလမ်းအမျိုး မျိုးရှိပါသည်။ တချို့တိုင်းပြည်များသည် စာရင်းပြုတင်ပြထားသည့်အပ်နှင်းခံအာဏာရပ်စနစ်4 တစ်ရပ်ကို အ သုံးပြုကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသား(ဗဟို)အဆင့်နှင့်ဆိုင်ရာအာဏာရပ်များကို တစ်ခု ချင်းအာမခံဖော်ပြပေးထားသည်။ ပြည်နယ်အဆင့်များတွင် ကြွင်းကျန်ရှိသောအာဏာရှိသည်၊ ထို့ကြောင့် ပြည်နယ်အစိုးရဌာနများ၏အာဏာများကို သီးခြားစာရင်းပြုသတ်မှတ်ထားရန်မလိုအပ်ပါ။ အတွေ့ရပိုများနိုင် သောစနစ်မှာ အစီအစဉ်တကျနှင့်ရေးဆွဲထားသောစနစ်တစ်ရပ်ပင်ဖြစသ်ည်။ ယင်းစနစ်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အမျိုးသား(ဗဟို)အဆင့်နှင့် ပြည်နယ်အဆင့်၏သီးသန့်အာဏာရပ်များစာရင်း၊ တစ်ပြိုင်တည်းပူး တွဲရှိသောအာဏာရပ်များနှင့် မျှဝေထားသောအာဏာရပ်များစာရင်းကို ပြုစုတင်ပြထားပြီး တစ်ဆင့်နိမ့်အစိုးရ အဆင့်အတွက် အာဏာရပ်စာရင်းတစ်ရပ်ကိုလည်း အဆိုပြုနိုင်သည်။
သီးသန့်ဥပဒေပြုရေးအာဏာရပ်များကို အမျိုးသား(ဗဟို) ဖြစ်စေ၊ ပြည်နယ်အဆင့်ဖြစ်စေအစိုးရများထံ ပေး ထားခြင်းသည် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်ရပ်စလုံး ရှိနေသည်။ ကောင်းကျိုးကိုကြည့်၍ဆိုရလျှင် အထက်ပါ အာဏာများကိုပေးထားခြင်းသည် အစိုးရအဆင့်နှစ်ဆင့်၏ဖွဲ့စည်းပုံအခြေခံဥပဒေအရယူရမည့်အခန်းကဏ္ဍ များကို ပိုမိုသဲကွဲရှင်းလင်းသွားစေသည်။ သို့ရာတွင် အစိုးရအဆင့်တစ်ရပ်တည်းတွင်သာ သီးသန့်ဥပဒေပြုအာ ဏာများကို ပေးထားခြင်းသည် လူမျိုးစု သို့ ဘာသာရေးအရလူနည်းစုများအနေဖြင့် ဗဟိုအစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်မှုကို ပိုမိုတောင်းဆိုနေသည့် ပဋိပက္ခအလွန်အခြေအနေရပ်များတွင် သင့်တော်ကောင်းမွန်မှု ရှိချင်မှ ရှိနိုင်ပေမည်။
ပူးတွဲကျင့်သုံးနိုင်သောအာဏာများကို အစိုးရအဆင့်နှစ်ရပ်စလုံးထံ သတ်မှတ်ထားသောနယ်ပယ်များအ တွင်း ဥပဒေပြုနိုင်သောလုပ်ပိုင်ခွင့်အာဏာကို ပေးထားခြင်းဖြင့် အထက်ပါပြဿနာကို ဖြေရှင်းရန်နည်းလမ်း တစ်ရပ်အဖြစ် အသုံးပြုတတ်ကြသည်။ သို့ရာတွင် အမျိုးသား(ဗဟို) အဆင့်နှင့် နယ်မြေအဆင့်ဥပဒေပြုလွှတ် တော်များကြား ပူးတွဲအာဏာရပ်အလွှာများသည် ဒေါင်လိုက်ပုံစံထပ်နေသလိုဖြစ်နေ၍ မည်သည့်အစိုးရအ ဆင့်တွင် ဥပဒေပြုပိုင်ခွင့်(သို့ တည်ဆဲပြဋ္ဌာန်းဥပဒေကို ထိန်းကျောင်းကြပ်မတ်ပိုင်ခွင့်)ရှိသနည်းဟူသော မေး ခွန်းထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။ ဤမေးခွန်းကိုကြည့်လျှင် အစိုးရအဆင့်နှစ်ရပ်စလုံး၏လုပ်ငန်းစဉ်ထဲ ပါဝင်နေသောကိစ္စရပ်များအပေါ်ဖြေရှင်းဥပဒေပြုရန် သို့ စည်းမျဉ်းနှင့်အညီ ထိန်းကျောင်းကြပ်မတ်ရန် အာ ဏာသည် မည်သည့်အစိုးရအဆင့်တွင် ရှိနေသည်မှာ သဲသဲကွဲကွဲမရှိလှ၍ ပဋိပက္ခနှင့် ရှုပ်ထွေးမှုဂယက်ကို သာ ဖြစ်ပေါ်စေနိုင်သည်။
တချို့ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ပဋိပက္ခဖြစ်ပွားသည့်အခြေအနေတွင် အစိုးရအဆင့်တစ်ရပ်ဘက်က ရပ်တည်ပေးသောပြဋ္ဌာန်းချက်များကို ထုတ်ပြန်ပေးပြီး ယခုအရေးကိစ္စရပ်ကို ဖြေရှင်းလိုက်ကြသည်။ယင်းသို့ အခြေအနေတွင် ယေဘုယျအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းကို ဦး စားပေးလိုက်ကြ၏။ တခြားကျန်ရှိသောဖွဲ့စည်းပုံအခြေခံဥပဒေများတွင်မူ အစိုးရအဆင့်နှစ်ရပ်ကြား ယခုလို ထိပ်တိုက်တိုးပဋိပက္ခများကို စစ်ဆေးဆုံးဖြတ်ပေးရန် တတိယအဖွဲ့အစည်းဌာတစ်ရပ်ကို တာဝန်ပေးလိုက် သည်။ အများအားဖြင့် ယင်းတတိယအဖွဲ့အစည်းဌာနမှာ ဖွဲ့စည်းပုံအခြေခံခုံရုံးပင်ဖြစ်တတ်သည်၊ သို့သော် တချို့ဖွဲ့စည်းပုံဥပဒေများသည် အစိုးရအဆင့်နှစ်ရပ်ကြားပဋိပက္ခဖြစ်လာလျှင် လူထုဆန္ဒခံယူပွဲလုပ်ပြီးဖြေရှင်း ရေးကို အားကိုးတတ်ကြသည်။
တောင်အာဖရိက၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပူးတွဲအာဏာရပ်များကို ကျင့်သုံးရာနေရာဖြစ်သည့် လက် တွေ့လုပ်ငန်းဖော်ဆောင်ရာနယ်ပယ်များတွင် ဖြစ်လာနိုင်ခြေရှိသောပဋိပက္ခများကို မည်သို့ ဖြေရှင်းပေးမည် နှင့်စပ်လျဉ်းသော ပြဋ္ဌာန်းချက်များကို အလွန်ပင် ကြိုးစားပမ်းစားဖြင့် ရေးဆွဲထားကြပေသည်။
မည်သည့်အစိုးရအဆင့်တွင်မှ အထူးတလည်လုပ်ငန်းတာဝန်တစ်ရပ်ကို ဆောင်ရွက်နိုင်သည့်အာဏာရှိမထား သော အခြေအနေမျိုးမဖြစ်ပေါ်စေရန် အစိုးရအဆင့်များအနက်အဆင့်တစ်ဆင့်တွင် သာမန်အားဖြင့် ယေဘု ယျကျသော သို့ အစွယ်အပွားအာဏာရပ်ကို အပ်နှင်းပေးထားပြန်သည်။ နိုင်ငံတချို့တွင် အမျိုးသား(ဗဟို) အဆင့်၌ အစွယ်အပွားအာဏာဖြင့် အပ်နှင်းခံထားရသလို(ကနေဒါ၊ အိန္ဒိယ) ကျန်နိုင်ငံများတွင် အစိုးရဌာနခွဲ များ၌ အစွယ်အပွားအာဏာကို ပေးအပ်ထားသည်(ဂျာမနီ၊ အမေရိကန်ပြည်ထောင်စု)။
တောင်အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၄၆ အမျိုးသား(ဗဟို) အဆင့်နှင့် ပြည်နယ်ခရိုင်အဆင့်ဥပဒေပြဋ္ဌာန်းခြင်းကြားပဋိပက္ခများ (၁) ဤအခန်းသည် လုပ်ငန်းစဉ် ၄ (ပူးတွဲကျင့်သုံးနိုင်သောအာဏာရပ်များ)တွင် စာရင်းပြု တင်ပြထားသည့် လက်တွေ့လုပ်ငန်းနယ်ပယ်တစ်ရပ်ထဲအကျုံးဝင်နေသော အမျိုးသား(ဗဟို) အဆင့်ဥပဒေပြုခြင်းနှင့် ပြည် နယ်ခရိုင်အဆင့်ဥပဒေပြုခြင်းကြား ပဋိပက္ခတစ်ရပ်ကို ပြဆိုသည်။ (၂) နိုင်ငံတစ်ဝန်းလုံးနှင့် တစ်ပြေးညီဆက်စပ်နေသော အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းသည် အောက် ဖော်ပြပါအခြေအနေတစ်ရပ်ရပ်နှင့်ကိုက်ညီပါက ပြည်နယ်ခရိုင်အဆင့်ဥပဒေပြုခြင်းအပေါ် လွှမ်းမိုးမှုရှိသည်။ (က)အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းခြင်းသည် သက်ဆိုင်ရာပြည်နယ်များက ကိုယ်တိုင်ပြဋ္ဌာန်း ထားသော ဥပဒေဖြင့် ထိရောက်စွာ ထိန်းကျောင်းကြပ်မတ်၍မရနိုင်သော ကိစ္စရပ်များကို တာဝန်ယူ ဖြေရှင်းသည်။ (ခ)အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းသည် နိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီတည်းဖြစ်ရန် လိုအပ်သော ကိစ္စရပ်တစ်ခုအား ထိရောက်တာဝန်ယူဖြေရှင်းရမည်ဖြစ်ပြီး အမျိုးသား(ဗဟို)အဆင့် ဥပဒေပြုခြင်းသည် အောက်ပါတို့ကို ချမှတ်ပြီး အထက်ပါတစ်ပြေးညီတည်းဖြစ်မှုကို ဆောင်ရွက်ပေးသည်။ စံနှုန်းများနှင့်သတ်မှတ်ချက်များ၊ လုပ်ငန်းမူဘောင်များ သို့ အမျိုးသားမူဝါဒများတို့ဖြစ်သည်။(ဂ) အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းသည် အောက်ပါတို့အတွက် လိုအပ်သည်။ (၁) အမျိုးသားလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် (၂) စီးပွားရေးညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းရန် (၃) ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီးငွေနှင့် လုပ်အားတို့ ကိန်းသေမရှိခြင်းကိုအလေးထားပြီး ဘုံ စျေးကွက်ကို ကာကွယ်စောင့်ရှောက်ရန် (၄) ပြည်နယ်နယ်နိမိတ်များအနှံ့ စီးပွားရေးဆောင်ရွက်ချက်များကို မြှင့်တင်ရန် (၅) အစိုးရဝန်ဆောင်မှုများကို တန်းတူခံစားနိုင်သည့်အခွင့်အလမ်း သို့ တန်းတူခံစားရရှိနိုင်ခြင်းကို မြှင့်တင်ရန် (၆) သဘာ၀ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် တို့ပင်ဖြစ်သည်။ (၃) အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းသည် အောက်ပါတို့အတိုင်းဖြစ်နေသော ပြည်နယ်ခရိုင်တစ်ခု၏ ကြောင်းကျိုးမညီညွတ်သောဆောင်ရွက်ချက်ကို တားဆီးရန်ရည်ရွယ်ထားပါက ပြည်နယ်အဆင့်ဥပဒေပြုခြင်း အပေါ် လွှမ်းမိုးမှုရှိသည်။ (က) အခြားပြည်နယ် သို့ နိုင်ငံတစ်ဝန်းလုံး၏ စီးပွားရေး၊ ကျန်းမာရေး သို့ လုံခြုံရေးအကျိုးစီးပွားများကိုဘက်လိုက်ဆောင်ရွက်နေခြင်း (ခ)အမျိုးသားစီးပွားရေးမူဝါဒလက်တွေ့အကောင်အထည်ဖော်ခြင်းကို ပိတ်ပင်နေခြင်းတို့ပင်ဖြစ်သည်။ (၄) အမျိုးသား(ဗဟို)အဆင့်ဥပဒေပြုခြင်းကို အခန်းခွဲ ၂(ဂ) ပါရည်ရွယ်ချက်အတွက် လိုအပ်ခြင်းရှိ၊မရှိအပေါ် အငြင်းပွားမှုနှင့် ထိုအငြင်းပွားမှုသည် မပြေလည်ခင် တရားရုံးရှေ့ရောက်လာပါက တရားရုံးသည် ပြည်နယ် များ၏အမျိုးသားကောင်စီက ဥပဒေပြုခြင်းအပေါ် အတည်ပြုခြင်း သို့ ပယ်ချခြင်းကို အလေးထားဆင်ခြင်၍စီ ရင်ရမည်ဖြစ်သည်။ (၅) ပြည်နယ်ခရိုင်အဆင့်ဥပဒေပြုခြင်းသည် အခန်းခွဲ (၂) သို့ (၃) ကို မကျင့်သုံးလျှင် အမျိုးသား(ဗဟို)အဆင့် ဥပဒေပြုခြင်းအပေါ် လွှမ်းမိုးမှုရှိသည်။ (၆) ပါလီမန်အက်ဥပဒေ သို့ ပြည်နယ်အက်ဥပဒေတစ်ရပ်ကို အခြေခံ၍ ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ် သည် ယင်းဥပဒေကို ပြည်နယ်များ၏အမျိုးသားကောင်စီက အတည်ပြုပေးမှသာ အတည်ဖြစ်နိုင်သည်။ (၇) ဥပဒေတစ်ရပ်ကို ယင်းထံလွှဲပြောင်းပေးခံရပြီးနောက် ပြည်နယ်များ၏အမျိုးသားကောင်စီသည် ယင်းဥပ ဒေအတွက်ပထမဆုံးအစည်းအဝေးစထိုင်ပြီး ရက် ၃၀ အတွင်း ဆုံးဖြတ်ချက်မကျလျှင် ယင်းဥပဒေကို ကောင်စီက အတည်ပြုပေးပြီးဖြစ်ကြောင်း စဉ်းစားရမည်ဖြစ်သည်။ (၈) ပြည်နယ်များ၏အမျိုးသားကောင်စီသည် အခန်းခွဲ(၆) တွင် ရည်ညွန်းထားသော ဥပဒေတစ်ရပ်ကို အ တည်ပြုမပေးလျှင် ယင်းထံဥပဒေကို လွှဲပြောင်းပေးခဲ့သောအာဏာပိုင်အဖွဲ့ထံ ဥပဒေအား အတည်ပြု၍မရနိုင် သည့်အကြောင်းရင်းများကို ဆုံးဖြတ်ချက်ချပြီးရက်ပေါင်း ၃၀အတွင်း ပေးပို့ရမည်ဖြစ်သည်။ ကိုးကား၊ Constitution of South Africa (1996) as of 2007 |
ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ပြည်နယ်အဆင့်ပါတီများ ချာဟီဘာနှင့် ကူးလ်မန်း(၂၀၀၄၊ စာ ၂၁)တို့၏အဆိုအရ ‘အစိုးရများသည် အခွင့်အာဏာကို ဗဟိုချုပ်ကိုင်ထား သဖြင့် ပါတီစနစ်များသည် အမျိုးသား(ဗဟို)အဆင့် ပိုဖြစ်လာသည်။ ဆန့်ကျင်ဘက်အားဖြင့် ပြည်နယ်အစိုးရ၊ သို့ ပြည်နယ်အဆင့်ပါတီများအနေဖြင့် ခရိုင် သို့ ပြည်နယ်အစိုးရများအဖြစ် အမျိုးသား(ဗဟို)အဆင့်နှင့်နှိုင်းစာ လျှင် အခွင့်အာဏာကို ပိုမိုရရှိနိုင်ရန် ကြိုးပမ်းနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာသည်’ ဆိုသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချထားသောနိုင်ငံရေးစနစ်များသည် ပြည်နယ်အဆင့်ဥပဒေပြုလွှတ်တော်များ တည်ရှိခွင့် ကို ပေးလိုက်ခြင်းဖြင့် ပြည်နယ်အဆင့်နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာရေးနှင့် ကြီးထွားလာရေးကို အားပေးအားမြှောက်ပြုသည်ဟုသူမကပြောသည်။ ပြည်နယ်အဆင့်(တိုင်းဒေသကြီး)ဥပဒေပြုလွှတ်တော်များ သည် တိုင်းဒေသပါတီများကို အုပ်ချုပ်ရန်အခွင့်အလမ်းများ ဖန်တီးပေးသည်။ ဒေသအဆင့်တွင်အာဏာခွဲဝေ ကျင့်သုံးခြင်းကို လက်တွေ့ကျကျစီမံလာမည့်အလားအလာသည် နိုင်ငံရေးသမားများအတွက် တိုင်းဒေသပါတီ များ ဖွဲ့စည်းထူထောင်ရန်မက်လုံးများကို ဖန်တီးပေးပြီး ယင်းနိုင်ငံရေးသမားများအားထောက်ခံမဲပေးကြရန် မဲ ဆန္ဒရှင်ပြည်သူများအပေါ် အားပေးမှုလည်းပြုလိုက်သည်။ ထို့ကြောင့် ပြည်နယ်အဆင့်လွှတ်တော်များကို ထူထောင်ကျင့်သုံးခြင်းသည် တိုင်းဒေသပါတီများ ဖွဲ့စည်းရေး ကို အားပေးလိုက်နိုင်ပြီး ပြည်နယ်အနှံ့ပါတီများကိုလည်း မိမိတို့နှင့်သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသများနှင့် ဆီလျော်သင့်တော်မည့် နိုင်ငံရေးမဟာဗျူဟာများ ချမှတ်ဖော်ဆောင်ရေးကိုပါ အသိတရားရှိရှိ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန်ကို တိုက်တွန်းပေးလိုက်နိုင်သည်။ ပြည်နယ်တိုင်းဒေသများတွင် ညွန့်ပေါင်းဖွဲ့စည်းခြင်းပုံစံ သည် အမျိုးသား(ဗဟို)အဆင့်တွင် ဖွဲ့စည်းခြင်းပုံစံနှင့် အတော်လေးကွဲပြားနိုင်ပါသည်။ ပြည်နယ်အဆင့်ပါတီ စနစ်များ ပေါ်ပေါက်လာပါက ယင်းတို့သည် တိုင်းဒေသအတွင်း အမျိုးသား(ဗဟို)အဆင့်အစိုးရရာထူးများရရှိ ရေးအတွက် ရွေးကောက်ပွဲယှဉ်ပြိုင်မှုအပေါ် သက်ရောက်ဖွယ်ရာရှိသည်။ ဥပမာအားဖြင့် ပြည်နယ်အဆင့်မှ အမျိုးသား(ဗဟို)အဆင့်ရွေးကောက်ပွဲများအထိ အစိုးရရာထူး ပြန့်နှံ့ပိုလျှံသွားရခြင်းသည် နယ်မြေအဆင့် ပါတီများအနေဖြင့် အမျိုးသား(ဗဟို)အဆင့်ရွေးကောက်ပွဲများတွင်စတင်ယှဉ်ပြိုင်လာသောကြောင့်ဖြစ်သည်။ နယ်မြေအဆင့်ပါတီများကို ဖွဲ့စည်း ထူထောင်လိုက်သည်နှင့် အမျိုးသား(ဗဟို)အဆင့်ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ရသည့်ကုန်ကျစရိတ်သည် အတော်လေးသက်သာသည်။ နယ်မြေအဆင့်ပါတီများသည် အမျိုးသား(ဗ ဟို)အဆင့်တွင် အာဏာကို ခွဲဝေကျင့်သုံးရနိုင်ဖွယ်မရှိသည့်တိုင် အမျိုးသား(ဗဟို)အဆင့်ရွေးကောက်ပွဲဝင်ပြိုင် ခြင်းကပင် နောက်တစ်ကြိမ်ပြည်နယ်အဆင့်ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲအလားအလာများကို တိုးတက်မြင့် မားသွားစေနိုင်သည်။ ကိုးကား၊ Decentralization as a Xondition of Party System Nationalization: Evidence from Latin America and Central and Eastern Europe |
1 ပြည်ထောင်စုအစိုးရစနစ်တွင်းရှိနေသောအာဏာရပ်များဖြစ်သည်၊ ပြည်နယ် သို့ ခရိုင်ဖြစ်စေ သီးခြားမဲဆန္ဒနယ်အခြေစိုက်နိုင်ငံရေးဌာနတစ်ရပ်က လုံး၀ကျင့်သုံးခွင့်မရှိ သည့် သို့ တားမြစ်ခံထားရသည့်အာဏာရပ်များဖြစ်သည်။ သီးသန့်ပြည်ထောင်စုအာဏာရပ်များဟုခေါ်သည်။ သွင်းကုန်ထုတ်ကုန်အခွန်စည်းကြပ်ခြင်း၊ကုန်သွယ်ရေးကို ထိန်းချုပ်လည်ပတ်ခြင်း၊ ငွေကြေးရိုက်နှိပ်ခြင်း၊လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းသိမ်းထားရှိခြင်း၊ စစ်ကြေညာခြင်း၊ စာတိုက်စနစ်ချမှတ်ဖော်ဆောင်ခြင်းအာဏာရပ်များကိုဆို လိုသည်။
2 ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရများကြား ခွဲဝေယူထားသည့်အာဏာများကို ရည်ညွန်းသည်။ အခွန်ကောက်ခြင်း၊ လမ်းတံတားတည်ဆောက်ခြင်း၊ အောက်တရားရုံး များ တည်ထောင်ခြင်းအာဏာရပ်များပါဝင်သည်။
3 သီးခြားအာဏာရပ်များကို အခြားသောအာဏာပိုင်အဖွဲ့များထံ လွှဲပြောင်းအပ်နှင်း သို့ တင်ပြသတ်မှတ်ပေးပြီးနောက် အစိုးရလုပ်ပိုင်ခွင့်အာဏာတစ်ရပ်ကို အလိုရှိသလိုအ သုံးချရန်ရှိနေသည့်အာဏာများကို ဆိုလိုသည်။ ဖွဲ့စည်းပုံဥပဒေတွင်ဖော်ပြမထားဘဲ ဥပဒေပြုရန်ပြည်နယ်အစိုးရများ၏အာဏာရပ်များအတွင်းရှိနေသည့် နယ်ပယ်တိုင်း သည် ဤအာဏာအမျိုးအစားတွင်တည်ရှိပြီး ယင်းကို ကြွင်းကျန်သောအာဏာဟုခေါ်သည်။ ကြွင်းကျန်သောအာဏာများတွင် မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် တရားမဥပဒေ ရေးဆွဲခြင်းတို့ ပါဝင်သည်။
4 စာရင်းပြုတင်ပြထားသည့်အပ်နှင်းခံအာဏာရပ်စနစ်သည် ပြည်ထောင်စုအစိုးရနှင့် အထူးသဖြင့် ကွန်ဂရက်အတွက် အာမခံပေးထားသည့်အာဏာများကို အသေးစိတ်တစ်ချက်ချင်း ထုတ်နုတ်သတ် မှတ်ဖော်ပြခြင်းဖြစ်သည်။ အဓိကအားဖြင့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁ ၊ အပိုင်း ၈ တွင် အများစုစာရင်းသွင်းတင်ပြထားသောအာဏာရပ်များကိုဆိုလိုပါ သည်။ အပ်နှင်းခံအာဏာရပ်များ(delegated powers) ဟုလည်းသုံးကြ၏။ ယင်းအာဏာရပ်များတွင် ငွေကြေးရိုက်နှိပ်ခွင့်၊ ပြည်တွင်း/ပြည်ပကုန်သွယ်ရေးကို ထိန်းချုပ် လည်ပတ်ခွင့်၊ စစ်ကြေညာခွင့်၊ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်း၊ ထိန်းသိမ်းထားရှိခွင့်၊ စာတိုက်ရုံးတည်ထောင်ခွင့် အာဏာရပ်တို့ပါဝင်သည်။