အသစ်များ > အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်း

အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်း

2023-01-21

အားသာချက်များ

အရပ်ဘက်လူ့အဖွဲ့အစည်းတွင် ပြည်သူများ ပါဝင်ဆောင်ရွက်သောအခါ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစည်းဝေးခွင့်တို့ကို လူထုက အသုံးချနိုင်ခြင်းဖြစ်သည်။ ဤအချက်သည် နိုင်ငံသားပါဝင်ဆောင် ရွက်ခြင်းကို မြှင့်တင်ပေးပြီး ဒီမိုကရေစီကို ရှင်သန်အားကောင်းစေသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများသည် အစိုးရနှင့် နိုင်ငံရေးပါတီများအပေါ် သာမန်နိုင်ငံသားများ၏လိုအပ်ချက် များနှင့် အလေးထားချက်များကို အာရုံစိုက်စေရန် ဖိအားပေးကြသည်။ ဤသို့ဖိအားပေးခြင်းဖြင့် အစိုးရအဖွဲ့ တွင်း တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရရှိရေးကို ပိုမိုဖန်တီးပေးနိုင်ပြီး နိုင်ငံရေးပါဝင်ဆောင်ရွက်ခြင်းကိုပါ မြင့် မားစေသည်။

စီအက်စ်အိုများ၏နောက်ထပ်အားသာချက်မှာ အပယ်ခံလူ့အသိုင်းအဝိုင်းများကို လူသားချင်းစာနာထောက် ထားရေးနှင့် ဖွံ့ဖြိုးရေးအကူအညီများ တိုက်ရိုက်ပံ့ပိုးပေးနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် သီးခြားဖြစ်နေပြီး စစ် ဒဏ်ခံရသောဒေသများတွင် ဖြစ်သည်။ ခိုင်မာသောအရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ်သည် အစုအဖွဲ့များကို  ၎င်းတို့၏သက်ဆိုင်ရာလူ့အသိုင်းအဝိုင်းများအပေါ် သက်ရောက်နေသောပြဿနာရပ်များအား ကိုင်တွယ်ဖြေ ရှင်းနိုင်သည်အထိ ဩဇာအာဏာတက်အောင်လုပ်ပေးတတ်သည်။

ပြဿနာများနှင့်စိန်ခေါ်မှုများ

အရပ်ဘက်လူ့အဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်ကြသူများသည် ၎င်းတို့ကို တိုက်ရိုက်ရွေးကောက်ပေးမည့် သို့မ ဟုတ် ခန့်အပ်ပေးမည့်သူရှိစရာမလိုဘဲ ကြီးမားသောနိုင်ငံရေးအာဏာအတိုင်းအဆတစ်ရပ်ကို ယခုအခါရရှိ ထားသည်ဟု လူတချို့က ပြောသည်။

စီအက်စ်အိုများ၏ဖွဲ့စည်းမှုပုံစံသည် ဒီမိုကရေစီနည်းမကျဟု ဝေဖန်ချက်လည်းရှိသည်။ တချို့အဖွဲ့များသည် အဖွဲ့အစည်းကို အပေါ်မှအောက်ပုံစံနည်းလမ်းဖြင့် စီမံခန့်ခွဲသော ခေါင်းဆောင်များအပေါ် မှီခိုကြသည်။အဆို ပါအဖွဲ့အစည်းများတွင်း လူငယ်များအတွက်မူ အကြီးတန်းခေါင်းဆောင်များက ချမှတ်သော  ဆုံးဖြတ်ချက် များကို ဆွေးနွေးရန် သို့မဟုတ် သဘောထားအမြင်များကို စိန်ခေါ်ရန် နေရာလပ်အနည်းအကျဉ်းသာ ရှိတတ် သည်။ ထို့အပြင် အရပ်ဘက်လူ့အဖွဲ့အစည်းအသင်းအပင်းများအပေါ် ဘဏ္ဍာရေးပိုင်းကြီးကြပ်မှုကလည်း အ နည်းအကျဉ်းသာရှိတတ်သည်။

နောက်ထပ်ပြဿနာမှာ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုသည်နှင့် လူ့အဖွဲ့အစည်း၏ရှိရှိသမျှသော ပြဿနာ အားလုံးအတွက် ဖြေရှင်းနည်းဖြစ်သည်ဟု လူအများကထင်မြင်ကြခြင်းပင်ဖြစ်သည်။ အစိုးရဝန်ဆောင်မှုများ အားနည်းသည့်နိုင်ငံများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းက လုပ်ပေးနိုင်သည့်အရာနှင့်ပတ်သက်ပြီး လက်တွေ့ မကျသောမျှော်လင့်ချက်များနှင့် ယုံကြည်ချက်များစုပြုံရှိနေရာအန္တရာယ်တစ်ခု ရှိနိုင်သည်။ အထူးသဖြင့် စီ အက်စ်အိုများ၏ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်တို့ ကန့်သတ်ခံထားရသည့်နေရာများတွင်ဖြစ်သည်။

ခိုင်မာသောအရပ်ဘက်လူ့အဖွဲ့အစည်းတစ်ရပ်၏ အားသာချက်များနှင့် ဖြစ်နိုင်စရာအားနည်းချက်များနှင့်စပ် လျဉ်း၍ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဇယား ၁ တွင် ထည့်သွင်းဖော်ပြထားသည်။

ဇယား ၁။ ခိုင်မာသောအရပ်ဘက်လူ့အဖွဲ့အစည်း၏အားသာချက်များနှင့် ဖြစ်နိုင်ဖွယ်ရာအားနည်းချက်များ