အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲခြင်း
2022-10-01
နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ရပ်လုံးတွင် မူကြမ်းပြင် ဆင် မှုအဆင့်မှသည် လက်တွေ့အကောင်အထည်ဖော်ခြင်းအဆင့်ထိ ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်ကြ သည်။ နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ပြည်သူ့အ ကျိုးစီးပွားများအပေါ်ကာကွယ်စောင့်ရှောက်ပေးရေးအတွက်လည်း သိသာထင်ရှားစွာ ပံ့ပိုးပေးပြန်သည်။
ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၌ နိုင်ငံရေးပါ တီများ ပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ပေးသည့် တန်ဖိုးများတွင် အောက်ပါတို့ ပါဝင်သည်။
•လူနည်းစုအစုအဖွဲ့များအပါအဝင် အဓိကနိုင်ငံရေးနှင့် လူမှုရေးအသံများ စုံလင်စွာ ပါဝင်လာရေး
•ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိရေး
•နိုင်ငံသားများပါဝင်ဆောင်ရွက်ရေး (သတင်းအချက်အလက်ပေးခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ကိုယ် စားပြုခြင်း) နှင့်
•အခြားသောသက်ဆိုင်ရာနိုင်ငံ့ရေးရာအရေးကြီးပုဂ္ဂိုလ်များနှင့်အများသဘောညီဆန္ဒကိုတည်ဆောက် ရေးတို့ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်နေသော ပြဿနာရပ်များသည် ပါတီအတွင်းပိုင်းလှုပ် ရှားဆောင်ရွက်မှုများတွင် ပေါ်ပေါ်ထင်ထင် ရှိမနေသော်လည်း နိုင်ငံရေးပါတီများသည် အလွန်ဩဇာညောင်း ပြီး ဖြေရှင်းတည်ဆောက်ပေးနိုင်သောအခန်းကဏ္ဍတစ်ရပ်မှ စုပေါင်းပါဝင်ဆောင်ရွက်ကြသည်။ အဆိုပါပါတီ အတွင်းပိုင်းတွေ့ဆုံဆွေးနွေးမှုအခြေခံလျှောက်လမ်းများမှ အထိအခိုက်မခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် အဓိကအကျိုးပြုပံ့ပိုးပေးချက်သုံးရပ်ရှိသည်။ ၎င်းတို့မှာ
•နိုင်ငံရေးဆောင်ရွက်ကြသူများကြား ယုံကြည်မှုကို တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများကို မြှင့်တင်ခြင်း
•ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် ပြင်ဆင်ခြင်းတွင် နိုင်ငံရေးအရသဘောထားတူညီမှုကို မြှင့်တင်ခြင်းနှင့်
•အငြင်းပွားစရာဖြစ်နိုင်သော အဓိကအကြောင်းအရာပြဿနာရပ်များတွင် အများသဘောညီဆန္ဒတည် ဆောက်ရေးကို မြှင့်တင်ခြင်းတို့ဖြစ်သည်။
ဇယား ၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ၏ဖြစ် နိုင်ဖွယ်ရာအခန်းကဏ္ဍများကို ခြုံငုံသုံးသပ်ခြင်း
နိုင်ငံရေးပါဝင်ဆောင်ရွက်ကြသူများကြား ပုဂ္ဂိုလ်ရေးရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်း သို့ တည်ရှိဆဲဥပဒေကို ပြင်ဆင်ခြင်းသည် သိမ်မွေ့ပြီး အထိအခိုက်မခံ နိုင်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် အာဏာကိုစည်းကမ်းတကျ ခွဲဝေထားပုံနည်းလမ်း သည် အပြောင်းအလဲရှိတတ်ပါသည်။ ပြတ်ပြတ်သားသားမရှိတတ်သော်ငြား နိုင်ငံရေးပါတီကိုယ်စားလှယ်များ ကြား အပြုသဘောဆောင်ဆက်ဆံရေးများသည် ပါတီချင်းစေ့စပ်ညှိနှိုင်းမှုများနှင့် ပြုပြင်ပြောင်းလဲရေးများကို တွန်းအားပေးနိုင်ရန်အတွက် အဓိကအရေးပါသည်။
ပါတီများအားလုံး အများသဘောညီဆန္ဒအတိုင်းအခြေခံလျှောက်လှမ်းကြရမည်ဟူသော အချက်များအပေါ်မူ တည်ကာ အဓိကကျသော အမျိုးသားပြုပြင်ပြောင်းလဲရေးကနဦးဆောင်ရွက်ချက်များကို ဖော်ဆောင်ကြမည် ဆိုလျှင် ရွေးကောက်ပွဲ သို့မဟုတ် အာဏာအပြောင်းအလဲတစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါဆောင်ရွက် ချက်များကို ပြန်ဦးလှည့်ရခြင်းနှင့် အခြေခံမှစ၍ ပြင်ဆင်ပြောင်းလဲရခြင်းမျိုး လုပ်ရဖွယ်မရှိနိုင်ပါ။
ဤသို့ဆိုလိုက်ခြင်းသည် အထက်ပါကနဦးဆောင်ရွက်ချက်များကို ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းက မေးခွန်းထုတ်မနေသင့်၊ ဆွေးနွေးငြင်းခုံမနေသင့်၊ အတည်ပြုထောက်ခံမနေသင့် (ယင်းဆောင်ရွက်ချက်များ၏ ဒီမို ကရေစီနည်းကျတရားဝင်မှုသည် အရေးပါသည့်အတွက်ကြောင့်) ဟု ပြောခြင်းမဟုတ်ပါ။ ထိုထက် ပါတီများ ကြားအနိမ့်ဆုံးအဆင့် အများသဘောညီဆန္ဒတစ်ရပ်ရှိမှ မူဝါဒကြောင်းကျိုးဆီလျော်မှုနှင့် မူဝါဒ၏တွက်ဆ၍ရ နိုင်သောအလားအလာတို့ကို အပြုသဘောနည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်သည်ဟု ဆိုလိုရင်းဖြစ်သည်။ လက်တွေ့ အသုံးအနှုန်းဖြင့်ပြောရလျှင် နိုင်ငံရေးပါတီများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ပူးတွဲလုပ်ငန်းစဉ် တစ်ရပ်ကို တိုးတက်ဖော်ဆောင်ရန် ယင်းတို့ချင်း တွေ့ဆုံဆွေးနွေးရေးဟူသောလမ်းကို အသုံးပြုနိုင်ပါသည်။
နှိုင်းယှဉ်လေ့လာချက်။ အင်ဒိုနီးရှားနိုင်ငံ
၁၉၉၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင်း ဒီမိုကရေစီကို တောင်းဆိုသော လူထုဆန္ဒပြပွဲများကြောင့် စစ်တပ်သည် ကာလရှည်ကြာတာဝန်ထမ်းဆောင်လာသည့် သမ္မတဆူဟာတိုအား ရာထူးမှဖယ်ရှားပစ်လိုက်ပြီး ပြုပြင် ပြောင်းလဲရေးများကို စတင်ကျင့်သုံးတော့သည်။ အဆိုပါပြောင်းလဲမှုများသည် ၁၉၉၉ခုနှစ် လွတ်လပ်သော ရွေးကောက်ပွဲများ အဆင်ပြေချောမောစွာ ကျင်းပနိုင်ရေး ဒီမိုကရေစီရေးရာဌာနအဖွဲ့အစည်းလုပ်ငန်းမူ ဘောင်ကို ပြောင်းလဲရန်အတွက် ရည်ရွယ်ခဲ့သည်။သို့ရာတွင် ဤအဆင့်မှာပင် အတွေးအခေါ်ဝါဒပိုင်း ကြီးကြီးမားမား ကွာဟချက်များရှိနေခြင်းကိုတော့ မသိမြင်ခဲ့ကြပါ။ ရွေးကောက်ပွဲများကျင်းပရန်ဖိအားသည် မ ကြာမီပင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးများအပေါ်လွှမ်းမိုးသွားသည်၊ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲပြီးနောက်ပိုင်းကျမှသာ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးကို ကြီးကြီးမားမား တောင်းဆိုလာကြတော့သည်။ ရွေးကောက်ပွဲပြီးသည်နှင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏အဓိကပဲ့ကိုင်ရှင်သည် အသစ်ရွေးကောက်တင်မြှောက်လိုက် သောပါလီမန် (MPR) ဖြစ်လာခဲ့တော့သည်။ ၁၉၉၉ခုနှစ်တွင် လွှတ်တော်အထွေထွေညီလာခံကျင်းပပြီး လွှတ်တော်ဆိုင်ရာပါတီများကြား အများသဘောညီဆန္ဒနှင့်စေ့စပ်ညှိနှိုင်းမှုများကို အခြေခံကာ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ ပြုပြင်ပြောင်းလဲမည်ဟု အဆိုပြုကြရာဝယ် အသစ်ရေးဆွဲလိုက်သည်ထက် သမိုင်းဝင်စာတမ်းတစ်ရပ်အဖြစ် ရိုသေလေးစားခဲ့ကြ သည့် ၁၉၄၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြင်ဆင်မည်ဟူ၍ သဘောတူညီခဲ့ကြသည်။ ပါလီမန်အတွင်း ဖွဲ့စည်းထားမှုနှင့် နိုင်ငံရေးအရဟန်ချက်ညီမှုကို ထင်ဟပ်နေသည့် လွှတ်တော်ရေးရာကော်မတီတစ် ရပ်ထံ ဖွဲ့စည်းပုံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စတာဝန်ယူရန် လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။ အဆိုပါကော်မတီ သည် မဆိုင်းမတွပင် ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများကို ပြန်အတည်ပြုခဲ့သည်၊ ယင်းအခြေ ခံမူများအနက် ပေါင်းစည်းရေးမူငါးချက်နှင့် သမ္မတစနစ်ကို ပြန်လည်ကျင့်သုံးရန်ပါဝင်သည်။ သို့သော် ထိုအချိန်က ယင်းအခြေခံမူများနှင့်စပ်လျဉ်း၍ ထပ်မံအသေးစိတ်ရှင်းလင်းဖော်ပြခြင်းမရှိခဲ့ပါ။ ထို့အပြင် ပြင်ဆင်ရေးအတွက် အဆိုပြုချက်တစ်ရပ်အပေါ် အများသဘောညီဆန္ဒကို မရရှိပါက မူလဥပဒေစာသားကိုပင် ဆက်ကျင့်သုံးရလိမ့်မည်ဟုလည်း ဆုံးဖြတ်ခဲ့ကြသည်။ သာဓကပြရလျှင် အစ္စလာဘာသာရေး၏ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်းကဏ္ဍအပေါ် အငြင်းပွားစရာဆွေးနွေးကြရာတွင်ပါတီများသည်ရှီးယားဥပဒေကို အခြေ ခံကာ ဥပဒေပြုရေးအတွက် ထောက်ခံသဘောတူမှု မရရှိနိုင်ဘဲဖြစ်နေရာ အထက်ပါနည်းလမ်းကိုသုံးပြီး မူရင်းစာသားကို ထိန်းသိမ်းခွင့်ပြုလိုက်ကာဖြေရှင်းခဲ့ကြသည်။ (ဤနည်းလမ်းသည် မည်သည့်ကိစ္စရပ်မှာမဆို ဆွေး နွေးရန် လမ်းပိုမိုဖွင့်ထားပြီး နှစ်ဖက် နိုင်ခြေရလဒ်ကို ထွက်နိုင်စေသည့်နည်းလမ်းဖြစ်နိုင်ပါသည်)။ လွှတ်တော်ရေးရာကော်မတီသည် လူထုရှေ့တွင် အပတ်စဉ်နီးပါး အစည်းအဝေးများပြုလုပ်ပြီး ဂျာကာတာ နှင့်အခြားပြည်နယ်ခရိုင်များတွင် ကြားနာမှုများမှတစ်ဆင့် လူထုသဘောထားအမြင်နှင့် ညှိနှိုင်းတိုင်ပင်မှုပြု လုပ်ခဲ့ကြသည်။ သို့ရာတွင် ထိုခေတ်ကာလက ယင်းနည်းလမ်းဖြင့်ဖြေရှင်းခြင်းကို အလွန်အမင်းဂုဏ်ယူဝမ်း မြောက်နေကြချိန်ဖြစ်ပြီး သမ္မတရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးရေးများ စတင်နေချိန်ဖြစ်ရာ လွှတ် တော်ရေးရာကော်မတီ၏ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းသည် အသေးအဖွဲကိစ္စသာဖြစ်နေခဲ့သည်။ ၂၀၀၀ ခုနှစ် ဇူလိုင်လတွင် လွှတ်တော်ရေးရာကော်မတီသည် ၁၉၄၅ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရန် သဘောတူညီချက်ရထားသည့်အဆိုပြုချက်များကို ဖော်ပြထားသော လွယ်ကူရှင်းလင်းသည့် ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် တချို့ကိစ္စများတွင် အများသဘောညီဆန္ဒ မရရှိနိုင်သဖြင့် ပြောင်းလဲ အစားထိုးထားသည့်အဆိုပြုချက်များကို တင်ပြခဲ့သည်။ MPR သည် အစီရင်ခံတင်ပြရာတွင်စေ့စပ်ညှိနှိုင်းမှု အသစ်များပြုလုပ်လာရန်ကိုလည်း လမ်းဖွင့်ပေးခဲ့သည်။ ကော်မတီအဖွဲ့ဝင်များကြား စနစ်ဟောင်း အပေါ် ထောက်ခံသူများ(ရှေးရိုးဆန်သောစစ်တပ်ကိုယ်စားလှယ်များ)ကအဆိုပြုချက်များသည် ဘောင်ကျော်လွန်း သည်ဟု စောဒကတက်ခဲ့ကြသည်။ လွှတ်တော်ရေးရာကော်မတီတွင်း ညှိနှိုင်းဆွေးနွေးရေးဟူသောစိတ်ဓာတ်စတင်ပြိုလဲသွားသဖြင့် MPR တွင် ပိုမိုနက်နဲစွာ ဆွေးနွေးနိုင်ရေးနှင့် ညှိနှိုင်းရေးကို တည်ဆောက်နိုင်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ် နည်းများ မရှိဖြစ်သွားခဲ့သည်။ တစ်ဖက်တွင် ကော်မတီဝင်တချို့သည် လူသစ်များဖြစ်နေလွန်းပြီး ရှုပ်ထွေး သောအစီရင်ခံစာအပေါ် ဆွေးနွေးနိုင်ရန် လုံလောက်သည့်အသိဉာဏ်ကြွယ်၀မှုမရှိဖြစ်နေသည်။ အမှန်စင် စစ်တွင် ကော်မတီ၏အစီရင်ခံစာပါ အဆိုပြုချက်များ၏သုံးပုံလောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ကြသည်။ကော် မတီအတွင်း အချင်းချင်းသဘောထားကွဲလွဲမှုဂယက်များ မြင့်တက်လာချိန်တွင် အခြားသောအကျိုးစီးပွား အစုအဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို စိုးရိမ်လာခဲ့ကြသည်။ ယင်းတို့ထဲတွင် ကော်မတီတွင်း ကိုယ်စားပြုမထားသော ရေပေါ်ဆီလူတန်းစားများပါဝင်သည်။ ထိုအစုအဖွဲ့များသည် စိစစ်သုံး သပ်ရေးအတွက်တစ်ခုတည်းသောဌာနအဖွဲ့အစည်းအဖြစ် ကော်မတီ၏အများယုံကြည် လက်ခံနိုင် စွမ်းအားအပေါ် စတင်ထိုးနှက်တိုက်ခိုက်တော့သည်။ ၂၀၀၂ခုနှစ်လောက်တွင် MPR သည် ပြဿနာရပ်အတော်များများကို ဖြေရှင်းပေးနိုင်ခဲ့သည်။ အငြင်းပွားစ ရာမရှိဖြေရှင်းပေးနိုင်ခဲ့ခြင်းတော့ မဟုတ်ပါ။ ဖြေရှင်းပေးခဲ့သည့်ပြဿနာရပ်များတွင် ဗဟိုချုပ်ကိုင်မှုလျှော့ ချရေးကိစ္စ၊ လူ့အခွင့်အရေးကိုထည့်သွင်းရေး၊ ရွေးကောက်တင်မြှောက်ခံအဖွဲ့အဖြစ် DPR ၏အဆင့်အတန်း၊ ရဲ နှင့် စစ်တပ်ကို ဥပဒေပြုလွှတ်တော်တွင်း ကိုယ်စားပြုခွင့်ပေးခြင်းကို ရပ်ဆိုင်းရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် ၏အာဏာရပ်တချို့ကို ကန့်သတ်ခြင်းတို့ ပါဝင်သည်။ လွှတ်တော်ရေးရာကော်မတီနှင့် ကော်မတီတွင်း ထိပ်သီးပါတီနှစ်ရပ်ကြား နည်းဗျူဟာအရသဘောတူညီ ချက်ရရှိခဲ့ပြီး အဆိုပါတူညီချက်သည် ပြင်ဆင်ချက်များအပေါ် အပြည့်အ၀အများသဘောညီဆန္ဒမရှိဖြစ်နေ ချိန်တွင် အဆုံးသတ်ပြင်ဆင်ချက်အလုံးစုံကို အတည်ပြုပေးနိုင်မည့် အုပ်ချုပ်ရေးမဏ္ဍိုင်တွင်း ခေါင်းဆောင် မှု ပေါ်ပေါက်လာစေရန် လွယ်ကူချောမောစေခဲ့သဖြင့် အထက်ပါဖြေရှင်းနည်းများ အလုပ်ဖြစ်နိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်အတွင်း ကြီးကြီးမားမားကသောင်းကနင်းများဖြစ်ပွားခဲ့ရာ ယင်းအခြေအနေမျိုးတွင် သတိမထားမိခဲ့ကြခြင်းကြောင့် အထက်ပါသဘောတူညီချက် ပေါ်ပေါက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုးကား။ Constitutional Reform Processes and Political Parties: Principles for Practice |