အသစ်များ > ဖွဲ့စည်းပုံအခြေခံဥပဒေများအဓိပ္ပါယ်ဖွင့်ဆိုချက်

ဖွဲ့စည်းပုံအခြေခံဥပဒေများအဓိပ္ပါယ်ဖွင့်ဆိုချက်

2022-09-30

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အစိုးရ၏ ဖွဲ့စည်းမှုပုံစံ၊ အာဏာရပ်များနှင့်ဆိုင်ရာအစီအစဉ်တစ်ရပ်ပင်ဖြစ် သည်။ အစိုးရနှင့်သက်ဆိုင်ရာအဓိကဌာနအဖွဲ့အစည်းတစ်ခုချင်းစီ၏ အခွင့်အရေးများ၊ တာဝန်၀တ္တရားများနှင့် အာဏာရပ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေများက ဖော်ပြထားသည်။ ထို့အပြင် အစိုးရများသည် ဥပဒေများကို မည်သို့ ချမှတ်မည်၊ ဖော်ဆောင်မည်၊ ပြဋ္ဌာန်းသက်ရောက်စေမည်ဟူသောလုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက တင်ပြထားသည်။

နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှင့် နိုင်ငံရေး မည်သို့အလုပ်လုပ်ကြရမည်ဟူသော အခြေခံအကျဆုံးစည်းမျဉ်းစည်းကမ်းများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကပင် ချမှတ်ပေးထားသည်။ အစိုးရများအနေဖြင့် (ရေရှည်တည်တံ့ မနေမည့်) ဥပဒေများနှင့် မူဝါဒများကို မည်သို့ ချမှတ်မည်ဟူ၍ ဆုံးဖြတ်ပေးသော ကြာရှည်တည်တံ့မည့်ဥပဒေ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည်။ ဤသို့သောကြာရှည်တည်တံ့မည့်ဥပဒေများနှင့်စပ်လျဉ်း၍ နမူနာပြရပါက နိုင်ငံသားများ၏အခွင့်အရေးများနှင့် ဖွဲ့စည်းပုံဥပဒေကို မည်သို့ပြင်ဆင်နိုင်ရမည်ဟူ၍ ချမှတ် ပေးထားသော စည်းမျဉ်းများပင်ဖြစ်သည်။ အစိုးရများသည် တိုင်းပြည်ကို စီမံလည်ပတ်ရန် လိုအပ်သော ဥပ ဒေများနှင့် မူဝါဒများကို ချမှတ်သည့်အခါ အထက်ပါအခြေခံကျသောဥပဒေများကို ထည့်သွင်းစဉ်းစားရန်လို အပ်သည်။

နိုင်ငံအများစု၏ဖွဲ့စည်းပုံအခြေခံဥပဒေများသည် စာဖြင့်အတည်တကျရေးထားသောအထောက်အထားများ ဖြစ်ကြပြီး (ဥပမာ ဗြိတိန်၊ အစ္စရေးနှင့် နယူးဇီလန်) တချို့နိုင်ငံများတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စာ ဖြင့်အတည်တကျရေးထားခြင်းမျိုး မရှိပေ။ အဆိုပါနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အထောက် အထားစာရွက်စာတမ်းပေါင်းများစွာအပေါ် အခြေခံထားပြီး ယင်းနိုင်ငံများတွင် နိုင်ငံရေးလည်ပတ်အလုပ် လုပ်နေပုံနှင့်စပ်လျဉ်းသော စာဖြင့်ရေးထားခြင်းမျိုးမဟုတ်သည့် သိနားလည်ထားမှုများ ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။