အသစ်များ > ကွန်ဆာဗေးတစ်ဝါဒ

ကွန်ဆာဗေးတစ်ဝါဒ

2022-08-29

ခေတ်သစ်ကွန်ဆာဗေးတစ်ဝါဒသည် ၁၈ရာစုနှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်က နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင်အပြောင်းအလဲများအကြီးအမား (ဥပမာ - အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးများ) ဖြစ်ပွားနေချိန်ဖြစ်သည်။ ထို့အပြင် (လစ်ဘရယ်ဝါဒနှင့် ဆိုရှယ်လစ်စနစ်ကဲ့သို့သော) အတွေးအမြင်သစ်အများ အပြားသည်လည်း အလွန်ရေပန်းစားလူကြိုက်များလာနေချိန်ဖြစ်၏။ ‘ကွန်ဆာဗေးတစ်ဝါဒ’ သည် ထိန်းသိမ်း ရန်(to conserve) ဟူသောဝေါဟာရမှဆင်းသက်လာပြီး အခြေအနေအရပ်ရပ်ကို ရှိရင်းစွဲအတိုင်း ဆက်လက် ထိန်းသိမ်းသွားရန်ဟုအဓိပ္ပာယ်ရသည်။

အစောပိုင်းကွန်ဆာဗေးတစ်ဝါဒီများသည် အထက်ပါအပြောင်းအလဲသစ်များကလူ့အဖွဲ့အစည်းအတွက်အလွန် အန္တရာယ် များလှသည်ဟု ယူဆကြသူများဖြစ်ကြပြီး လူ့အဖွဲ့အစည်းကို နဂိုမူလအတိုင်း ထိန်းသိမ်းထား လိုသူများဖြစ်ကြသည်။ အပြောင်းအလဲတို့ကို တားဆီး၍မရနိုင်စေကာမူ လူမှုရေးနှင့် နိုင်ငံရေးပြဿနာများ မဖြစ်ပွားအောင်စီမံဆောင်ရွက်သင့်သည်ဟု၎င်းတို့ကယူဆသည်။လူမှု၊နိုင်ငံရေးပြဿနာရပ်များကို ဂရုတစိုက် စီမံကိုင်တွယ်နိုင်ခြင်းမရှိပါက ယင်းပြဿနာရပ်များမှ တော်လှန်ရေးများ(သို့မဟုတ်) ပြည်တွင်းစစ်များ ပေါက်ဖွားသွားနိုင်သည်ကို ကွန်ဆာဗေးတစ်ဝါဒီများက အထူးစိုးရိမ်ကြသည်။

အစွန်းရောက်ယုံကြည်ချက်များအပေါ် အခြေခံသည့် အတွေးအခေါ်တိုင်းသည် လူ့အဖွဲ့အစည်းအတွက်အန္တ ရာယ်ပင်ဟု ၎င်းတို့က တွေးကြသည်။ ထို့ကြောင့် လူတိုင်းကို အလုံးစုံလွတ်လပ်အောင် လုပ်ပေးသော အတွေး အခေါ်တိုင်းသည် လူ့အသိုက်အဝန်းများကို ပျက်စီးစေပြီး ဖရိုဖရဲဖြစ်သွားစေနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ ထိုတင်မကသေး၊ လူတိုင်းကို အလုံးစုံ တန်းတူညီမျှရှိစေရန်ကြိုးပမ်းပေးသောအတွေးအခေါ်တိုင်းသည် ဖိနှိပ် သောအုပ်ချုပ်ရေးကို ပေါ်ပေါက်စေလိမ့်မည်ဟုလည်း ၎င်းတို့က မြင်လိုက်ကြသေးသည်။ ယတိပြတ်မြေလှန် ပြောင်းလဲရေးကို အင်အားသုံး ဖော်ဆောင်သော တော်လှန်ရေးအစိုးရများ၏ဖြစ်ရပ်သာဓကများက ကွန်ဆာ ဗေးတစ်ဝါဒီများတွင် ယခုလိုစိုးရိမ်စိတ်ဖြစ်လာရခြင်း၏အကြောင်းရင်းများပင်ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် နိုင်ငံတော်၏အဓိကလုပ်ငန်းတာဝန်ဖြစ်သည်ဟု ကွန်ဆာ ဗေးတစ်ဝါဒီများက ရှုမြင်ကြသည်။ လူမှုရေးစည်းလုံးမှုရှိစေရန်၊ စီးပွားရေးတည်ငြိမ်မှုရှိစေရန်၊ အလုပ်အကိုင် ဖန်တီးပေးရန်နှင့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်ထိန်းသိမ်းပေးရန်တို့သည် နိုင်ငံတော်၏တာဝန်ဟု ၎င်း တို့က ယူဆထားခြင်းဖြစ်သည်။ ‘မိသားစု’ (သို့မဟုတ်) ‘လူမှုအသိုက်အဝန်း’စံနှုန်းများကိုလည်း ၎င်းတို့က အ ရေးပေးတတ်ကြသလို နိုင်ငံသားအားလုံး စိတ်ချလုံခြုံမှုရှိစေရန်၊ ကာကွယ်စောင့်ရှောက်ခံရစေရန်နှင့် လူ့အဖွဲ့ အစည်းအတွင်း နိုင်ငံသားများပါဝင်နေသောအခန်းကဏ္ဍ အခိုင်အမာတည်ရှိရေးကို အလေးပေးသည့် လူ့အဖွဲ့ အစည်းတစ်ရပ် ပေါ်ပေါက်လာရေးအထိပါ ကွန်ဆာဗေးတစ်ဝါဒီများက ရည်မှန်းထားကြသည်။

ထိုအကြောင်းရင်းများကြောင့် လူ့အဖွဲ့အစည်းကို ကြီးကြီးမားမား၊ လွန်လွန်ကဲကဲဖြင့် ပြောင်းလဲရန်မကြိုးစား သော အစိုးရစနစ်ဆိုလျှင် ကွန်ဆာဗေးတစ်ဝါဒီများက ထောက်ခံမြဲပင်ဖြစ်သည်။

ကွန်ဆာဗေးတစ်ဝါဒ၏အရေးပါသောစံနှုန်းများ

ရိုးရာအစဉ်အလာ

ရိုးရာအစဉ်အလာနှင့် ဓလေ့ထုံးတမ်းများသည် အတိတ်တုန်းက ကောင်းကျိုးပြုကာ ဖြစ်မြောက်ခဲ့သည်ဆို လျှင် ၎င်းတို့ကို အစားထိုးဖယ်ရှားခြင်း (သို့မဟုတ်) စွန့်ပယ်ခြင်းများ မပြုအပ်ဟု ကွန်ဆာဗေးတစ်ဝါဒီများက ဆိုကြသည်။ အတိတ်ဟူသည် ဉာဏ်ပညာနှင့် လုံခြုံမှုတို့၏အရင်းအမြစ်တစ်ရပ်ဖြစ်သည်ဟု ၎င်းတို့က ရှုမြင် ထားသည်။ ရိုးရာအစဉ်အလာတစ်ရပ်သည် နှစ်ပေါင်းများစွာကြာ အရေးပါအရာရောက်ဆဲဖြစ်ပါက လူ့အဖွဲ့အ စည်း၏စံနှုန်းများတွင် အရေးပါသောအစိတ်အပိုင်းတစ်ရပ်အဖြစ် တည်ရှိနေသင့်သည်ဟု ၎င်းတို့က တင်ပြ သည်။ ရိုးရာအစဉ်အလာဟူသည် လူသားတို့အား သီးခြားကိုယ်ပိုင်စရိုက်လက္ခဏာကို အပ်နှင်း၍ လူ့အဖွဲ့အ စည်းအတွင်းရှိ လူသား၏နေရာကဏ္ဍကိုပါ သိမြင်နားလည်စေသည်ဟုလည်း ကွန်ဆာဗေးတစ်ဝါဒီများက ယုံ ကြည်ထားကြသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး

ပြည်သူလူထုဟူသည် ယေဘုယျအားဖြင့် အားနည်းပြီး စိတ်ချယုံကြည်၍လည်းမရ၊ ရာဇဝတ်မှုနှင့် အကြမ်း ဖက်မှုတို့ကို ပြုမိတတ်ပြီး ပျင်းရိလွယ်သည်ဟု ကွန်ဆာဗေးတစ်ဝါဒီများက ယုံကြည်ထားသည်။ ထို့အ ကြောင်းများကြောင့် ပြည်သူကို အကာအကွယ်ပြုပေး၊ အသိပညာပေး၊ ထိန်းချုပ်ပေးပြီး ပြဿနာများမဖြစ် ပွားစေရန် ကွပ်ကဲပေးသည့်အစိုးရများကို ကွန်ဆာဗေးတစ်ဝါဒီများက ထောက်ခံတတ်ကြသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို ဖန်တီးပေးရေးသည် အစိုးရတစ်ရပ်၏အရေးပါဆုံးသောတာဝန် နှစ်ရပ်ဖြစ်သည်ဟု ကွန်ဆာဗေးတစ်ဝါဒီများကယူဆထားသည်။ အလားတူအကြောင်းများကြောင့်ပင် ကွန် ဆာဗေးတစ်ဝါဒီများသည် တင်းကြပ်သောဥပဒေများ၊ တောင့်တင်းသောရဲအင်အားနှင့်စစ်တပ်တို့ကို ထောက် ခံတတ်ကြသည်။

အထက်အောက်ခွဲခြားဆက်ဆံမှု

မတူကွဲပြားသောလူအသီးသီးတွင် ခြားနားသောအခန်းကဏ္ဍများ(တချို့က ပိုမြင့်မား၊ တချို့ကပိုနိမ့်ကျ)ရှိနေ သည့် လူ့အဖွဲ့အစည်းတစ်ရပ်သည် သာမန်သဘာ၀တကျဖြစ်ပြီး ကောင်းမွန်သည်ဟု ကွန်ဆာဗေးတစ်ဝါဒီများ က မြင်ကြသည်။ မိဘနှင့် သားသမီးကြား၊ ဆရာနှင့်ကျောင်းသားကြား၊ အလုပ်ရှင်နှင့်အလုပ်သမားကြား အထက်အောက်အာဏာရှိမှုကိုအခြေခံသောဆက်ဆံရေးများသည် အကျိုးရှိပြီးသဘာ၀ကျသည်ဟု ကွန်ဆာ ဗေးတစ်ဝါဒီများကယူဆသည်။မတူကွဲပြားသောလူအသီးသီးတွင် ခြားနားသောအခွင့်အရေးများနှင့် တာဝန်၀ တ္တရားများရှိသင့်သဖြင့် အထက်ပါဆက်ဆံရေးများသည် မျှတခြင်းမရှိဟု ၎င်းတို့က မမြင်ကြပေ။ ဥပမာအား ဖြင့် ဆရာများသည် တာဝန်ပိုယူရပြီး အခွင့်အရေးပိုရကာ တစ်ဖက်တွင် ကျောင်းသားများက တာဝန်ယူရမှု နည်းပါးသည့်အတွက် အခွင့်အရေးနည်းပါးစွာ ရရှိသည်မှာ မျှတသည်ဟု ကွန်ဆာဗေးတစ်ဝါဒီတို့က ဆိုကြ သည်။ လူ့အဖွဲ့အစည်းအတွင်း အဆင့်အတန်းနေရာမြင့်မားခြင်းသည် လိုအပ်ပြီး ထိုအဆင့်အတန်းမြင့်မားသူ များတွင် အဆင့်အတန်းနိမ့်ပါးသူများကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိသည်ဟု ကွန်ဆာဗေးတစ်ဝါဒီ တို့က တွေးကြသည်။

ခေါင်းဆောင်မှုမရှိလျှင် လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှုမရှိတော့သဖြင့် လုပ်ပိုင်ခွင့်အာဏာသည် လိုအပ် သည်ဟု ကွန်ဆာဗေးတစ်ဝါဒီတို့က ယုံကြည်ထားသည်။ ပြည်သူလူထုကို လမ်းညွှန်းပေးမည့်၊ အသိပညာပေး မည့်၊ ပံ့ပိုးပေးမည့်ခေါင်းဆောင်များမရှိပါက ဖွံ့ဖြိုးတိုးတက်မှုဟူသည် ရှိလိမ့်မည်မဟုတ်တော့ပါ၊ ထို့အပြင် လူ့ အဖွဲ့အစည်းအတွင်းအထက်အောက်အာဏာရှိထားသူများသည် မာနထောင်လွှားပြီး တိုင်းပြည်အတွက် အန္တ ရာယ်ရှိလာမည်ဖြစ်သည်။ အစိုးရအဖွဲ့နှင့် ခိုင်မာသောနိုင်ငံတော်တစ်ရပ်၏ တိကျပြတ်သားသောခေါင်း ဆောင်မှုမျိုးကို ကွန်ဆာဗေးတစ်ဝါဒီများ၏ ထောက်ခံအားပေးမှုကို ကြည့်လျှင် အထက်ပါသဘောကိုမြင် နိုင်သည်။

လက်တွေ့ပဓာနဝါဒ1

နိုင်ငံရေးဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် ပျော့ပြောင်းမှုမရှိသောအတွေးအခေါ်များနှင့် စိတ်ကူးသက်သက် သဘောထားအမြင်များအပေါ် အခြေခံလုပ်ဆောင်ကြခြင်းတို့ကို ကွန်ဆာဗေးတစ်ဝါဒီများက သတိကြီးကြီး ထားကြသည်။ ဆုံးဖြတ်ချက်များချရာတွင် အတွေ့အကြုံနှင့် သမိုင်းစဉ်ကိုကြည့်၍ ချမှတ်ခြင်း၊ အတိတ်ကာ လတုန်းက အကျိုးဖြစ်ထွန်းခဲ့သော မူဝါဒျား(သို့ဟုတ်) ဆုံးဖြတ်ချက်များကို ပြန်လှန်ကြည့် ချမှတ်ခြင်း က ဉာဏ်အမြော်အမြင်ရှိရာပိုကျသည်ဟု ၎င်းတို့က ပြောကြသည်။ အတွေးအခေါ်သက်သက်ကိုသာ စွဲမြဲယုံ ကြည်နေခြင်းထက် လက်တွေ့ကျသောအခြေအနေများနှင့် လက်တွေ့ကျသောရည်မှန်းချက်များကိုသာ ပိုမိုဦး စားပေးသင့်သည်ဟု ဆိုသည် အကျိုးဆက်အားဖြင့် ကွန်ဆာဗေးတစ်ဝါဒီများသည် ဖြစ်သင့်သောအရာထက် (လုပ်)ဖြစ်သွားသောအရာကို ပိုမိုအလေးထားသွားတော့

 1 ဂရိဘာသာသာ pragma= အလုပ်ပြီးစီးခြင်းကနေဆင်းသက်လာသည်။ မည်သည့်ကြောင်းကျိုးဥပဒေသကိုမျှ မကြည့်ဘဲ ပြီးမြောက်အောင်မြင်ခြင်းကိုသာလျှင် ပဓာနထားသောဝါဒအယူ အဆဖြစ်သည်။ တချို့ကပုဂ္ဂလဒိဋ္ဌာန်ကျသောနာမ်ဝါဒအမြင်တစ်ခုအဖြစ် ဖွင့်ဆိုကြသေးသည်။