မတူကွဲပြားခြားနားသောလူ့အဖွဲ့အစည်းများတွင် ဒီမိုကရေစီစနစ် ကောင်းမွန်စွာလည်ပတ်အလုပ်လုပ်နိုင်ရန် ညှိနှိုင်းစေ့စပ်ကာအများသဘောညီဆန္ဒကို ရှေးရှုခြင်းက အလွန်အရေးကြီးပါသည်။ ကောင်းမွန်သောအုပ် ချုပ်ရေးတွင် လူမှုရေး၊ နိုင်ငံရေးဆိုင်ရာအဓိကလှုပ်ရှားဆောင်ရွက်ကြသူများသည် အပြန်အလှန် ထိတွေ့ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ကာ အချင်းချင်းနားလည်မှုရှိရန် လိုအပ်သည်။ ထို့အပြင် မတူကွဲပြားသောရှု ထောင့်အမြင်များနှင့် စရိုက်လက္ခဏာများကို အလေးအနက်ထားခြင်းနှင့် ကိုယ်စီရှိကြသော နိုင်ငံသားနှင့်နိုင် ငံရေးဆိုင်ရာအခွင့်အရေးများကိုလည်း လေးစားပေးခြင်းလည်း ပါဝင်သေးသည်။ အစုအဖွဲ့အသီးသီးသည် လူ့ အဖွဲ့အစည်းတစ်ရပ်လုံး၏အကျိုးစီးပွား(ဘုံကောင်းကျိုး)အတွက် ညှိနှိုင်းစေ့စပ်ကာ အများသဘောညီဆန္ဒ ကို ရယူရန်လိုအပ်သည်။
လူများစုအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲများကိုယ်နှိုက်ကပင် ပဋိပက္ခများကို ဖြစ်ပွားစေနိုင်သည်။ ပဋိပက္ခများ စွာသည် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဖြစ်ရသော မရေရာမှုများ၊ စိုးရိမ်မှုများကြောင့် ဖြစ်ပွားလာရခြင်းပင်။
ရွေးကောက်ပွဲစနစ်သည် နိုင်ငံတစ်နိုင်ငံတွင် အများသဘောညီဆန္ဒကို အခြေခံသည့်နိုင်ငံရေးနှင့် လူများစုအ ခြေပြုဖော်ဆောင်သည့်နိုင်ငံရေးကြား ဟန်ချက်ညီညီဖြစ်ရေးအပေါ် ထင်ဟပ်မှုရှိနေသလို၊ သက်ရောက်မှု လည်း ရှိသည်။ ဤအချက်ကပင် အပြန်အလှန်အားဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီအမျိုးအစားများ၊ ယင်းပါတီများ၏ ပဋိပက္ခများကို ကိုင်တွယ်နိုင်စွမ်းနှင့် တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်သော ညွန့်ပေါင်းအဖွဲ့ များကိုရွေးကောက်ပွဲများကမွေးထုတ်ပေးနိုင်မည့်အခွင့်အရေးတို့အပေါ်လည်းသက်ရောက်နေပြန်သေးသည်။
နိုင်ငံရေးပါတီများသည် အစိုးရအဖွဲ့တွင်း မူဝါဒများနှင့် ဆုံးဖြတ်ချက်များ၌ ခြားနားသောနိုင်ငံရေးအကျိုးစီး ပွားများနှင့် သဘောထားအမြင်များကို ငြိမ်းချမ်းစွာ ကိုယ်စားပြုနိုင်သဖြင့် အများသဘောညီဆန္ဒကိုတည် ဆောက်ရာတွင် အဓိကကဏ္ဍမှ ပါဝင်သည်။ နိုင်ငံရေးပါတီတွေ့ဆုံဆွေးနွေးပွဲသည် အရေးကြီးဖွံ့ဖြိုးတိုးတက် ရေးနှင့် ဒီမိုကရေစီအရေးကိစ္စရပ်များတွင် အများသဘောညီဆန္ဒကို ရရှိရန် အခြေခံကျသောလမ်းကြောင်းတစ် ခုကို ဖော်ဆောင်ပေးသည်။
ဥပမာအားဖြင့်ကင်ညာနိုင်ငံ၏ ၂၀၀၇-၂၀၀၈ ရွေးကောက်ပွဲနှင့်ဆက်စပ်သောအကြမ်းဖက်မှုများပေါ်ပေါက်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီများသည် တစ်မျိုးသားလုံးနှင့်ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်ခဲ့ ကြရာ အကျိုးရလဒ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ပေါ်ထွက်လာပြီး ရွေးကောက်ပွဲကော်မရှင် ကဲ့သို့သော အရေးပါသောဌာနအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်ခဲ့သည်။ ၂၀၁၃ ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် နိုင်ငံရေးပါတီတွေ့ဆုံဆွေးနွေးပွဲများကို ရေရှည်ထိန်းသိမ်းလုပ်ဆောင်နိုင် ခြင်းသည် နိုင်ငံရေးနှင့် လူမှုရေးပဋိပက္ခများ ဖြစ်ပွားရခြင်း၏အကြောင်းတရားများကို ပွင့်လင်းစွာဆွေးနွေး၍ ပြည့်ပြည့်၀၀ ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အရေးပါခဲ့သည်။
နိုင်ငံရေးပါတီများသည် အပြုသဘောတွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်လာရာ အစိုးရအဖွဲ့အတွင်း ဘုံတူညီ သောအခြေခံတစ်ရပ်ကို ရရှိနိုင်ရန် ပါတီထောက်ခံကြသူများအကြား မတူကွဲပြားနေသော ရပ်တည်ချက်များ ကို ပြန်လည်ရင်ကြားစေ့ကာ သင့်မြတ်အောင်လုပ်နိုင်လာသည်။ အခြားတစ်ဖက်ကကြည့်လျှင် လွှတ်တော်အ တွင်းနှင့် လွှတ်တော်ပြင်ပ၌ ပါတီတွင်းတွေ့ဆုံဆွေးနွေးမှုသည် သဘောထားကွဲလွဲမှုများကို သေသေသပ်သပ်၊ စနစ်တကျဖြင့် ဖြေရှင်းနိုင်သည်။ ထို့ကြောင့်သာ အာဏာလက်ကိုင်မရှိသူများ၏အကျိုးစီးပွားများကို အစိုးရ အဖွဲ့အတွင်း ထည့်သွင်းစဉ်းစားပေးမှုရှိပြီး ကိုယ်စားပြုပေးနိုင်ခြင်းဖြစ်သည်။
ညှိနှိုင်းစေ့စပ်ကာ အများသဘောညီဆန္ဒကိုရည်စူးသောအုပ်ချုပ်ရေးကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက ဆော်ဩလှုပ်ရှားနိုင်သည့်လုပ်ငန်းများကို အောက်တွင် ဥပဒေပေးဖော်ပြထားသည်။
- လူမှုရေးနှင့် နိုင်ငံရေးအစုအဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုကို ပံ့ပိုးထောက်ကူပေးနိုင်မည့် ဌာနအဖွဲ့ အစည်းများကို ရှင်သန်အားကောင်းစေခြင်း။
ဥပမာ အမျိုးသားညီလာခံကဲ့သို့သော ဆိုင်ရာနိုင်ငံဌာန အဖွဲ့အစည်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို အာဖရိကဒေသများတွင် အသုံးပြုလာကြသည်။ ဘီနင်၊ ဂါနာ၊ ကင်ညာနှင့် မာလီနိုင်ငံတို့တွင် အထက်ပါအမျိုးသားညီလာခံများကို ဖြစ်မြောက်အောင် နိုင်ငံ ရေးအာဏာပိုင်အဖွဲ့များက စီမံကျင်းပကြသည်။ ဒီမိုကရေစီသို့ ဦးတည်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးများကို လုပ်ဆောင်ရာတွင် ထပ်တိုးကိုယ်စားပြုအစုအဖွဲ့များအား အုပ်ချုပ်နေ ဆဲအာဏာရပါတီတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် ယန္တရားများအဖြစ် အထက်ပါညီလာ ခံများကို စီမံကျင်းပကြသည်။
- နိုင်ငံရေးရာဌာနအဖွဲ့အစည်းအတွင်း အာဏာခွဲဝေကျင့်သုံးရေးအစီအမံများကို စဉ်းစားခြင်း။
ဥပမာ မော်ရေးရှပ်နိုင်ငံတွင် ညွန့်ပေါင်းအဖွဲ့၌ အဓိကပါတီကြီးက ဝန်ကြီးချုပ်ရာထူးကို ရရှိမည်ဖြစ်ပြီး ဒုတိ ယအင်အားအကြီးဆုံးပါတီ၏ခေါင်းဆောင်က ဒု-ဝန်ကြီးချုပ်နေရာကို ရရှိမည်ဖြစ်သည်။ ညွန့်ပေါင်း အဖွဲ့မှ ခွဲထွက်သွားခြင်းမျိုးနှင့် တစ်ဆက်တည်းပင် အယုံအကြည်မရှိအဆိုတင်သွင်းမှုမျိုးများ မဖြစ် ပေါ်စေရန် အခြားမိတ်ဖက်ပါတီများကို သင့်တော်သလိုနေရာခွဲဝေပေးထားသည်။ ခွဲထွက်ခြင်းမျိုး နှင့် အယုံအကြည်မရှိအဆိုတင်သွင်းမှုမျိုးသည် ညွန့်ပေါင်းအစိုးရပြိုကွဲပြီး အစိုးရသစ်တစ်ရပ်ထပ်မံ ဖွဲ့စည်းရခြင်း(သို့) ရွေးကောက်ပွဲအသစ်တစ်ရပ်ကို အချိန်မတိုင်ဘဲစောလျှင်စွာ ခေါ်ယူကျင်းပရခြင်း မျိုးတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သော အများသဘောညီဆန္ဒကိုရည်စူးသော အုပ်ချုပ်ရေးနှင့်ဆိုင်ရာသာဓကဖြစ်ရပ်များ
မလေးရှားနိုင်ငံတွင် လူများစုအခြေပြုရွေးကောက်ပွဲစနစ်မှ လူမျိုးစုအခြေပြုဖွဲ့ထားသော ညီညွတ်သော မလေးအမျိုးသားများအဖွဲ့သည် ဥပဒေပြုလွှတ်တော်တွင်းပုံမှန် အမတ်နေရာအများစုကို ရရှိခဲ့သည်။ သို့ရာတွင် အဆိုပါမလေးအမျိုးသားများအဖွဲ့သည် အစိုးရအဖွဲ့အတွင်း အများသဘောညီဆန္ဒကို တည်ထောင်ရန် တစ်ဖွဲ့ တည်းစီမံအုပ်ချုပ်ခြင်းကို မပြုလုပ်ခဲ့ပါ။ ထိုအစား မလေးရှားနိုင်ငံ၏အင်အားအကြီးဆုံးသော အခြားလူမျိုးစု နှစ်စုကို ကိုယ်စားပြုထားသည့် မလေးတရုတ်လူမျိုးများအစည်းအရုံးနှင့် မလေးအင်ဒီးယန်းကွန်ဂရက်တို့နှင့် ပူးပေါင်းကာ သုံးပါတီမဟာမိတ်ဖွဲ့ခဲ့သည်။ အဆိုပါမဟာမိတ်သုံးပါတီဝင်တို့သည် ရွေးကောက်ပွဲကာလအ တွင်း မဲဆွယ်စည်းရုံးရေးများကို ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ကြပြီး ရွေးကောက်ပွဲကြားကလာများတွင် ဝန်ကြီး အဖွဲ့နေရာများကို မျှဝေယူကြသည်။
နှိုင်းယှဉ်လေ့လာချက် နီပေါနိုင်ငံ၏ တိုင်းပြုပြည်ပြုလွှတ်တော် နီပေါနိုင်ငံ၏ ၂၀၀၈ခုနှစ်ရွေးကောက်ပွဲသည် ဆယ်စုနှစ်တစ်စုကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်၊ လူထုဆ န္ဒပြပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကျပ်အတည်းတို့ကို အဆုံးသတ်စေခဲ့သည်။ အကျိုးဆက်အဖြစ်ပေါ် ထွက်လာသော တိုင်းပြုပြည်ပြုလွှတ်တော်သည် နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ ကူးပြောင်းဖော်ဆောင်ခြင်းလုပ်ငန်းစဉ်အတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်ကို ရေးဆွဲရန်တာဝန်ရှိလာတော့သည်။ လေးနှစ်အကြာတွင် လွှတ်တော်သည် အများသဘောညီဆန္ဒ ကို ရရှိလာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မူကြမ်းရေးဆွဲခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်သည် စစချင်းမှာပင် အားလုံးပါဝင်နိုင်ရေးကို ဦးတည်ချက်ထားခဲ့ သည်။ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲစနစ်မှာပင် အားလုံးပါဝင်နိုင်ရေးကို သိသိသာသာ မြင့်မားစေခဲ့သည်။ အရွေးချယ်ခံ စုစုပေါင်းကိုယ်စားလှယ် ၆၀၇ ဦးအနက် ၁၉၇ ဦးမှာ အမျိုးသမီးကိုယ်စား လှယ်များဖြစ်ပြီး ဌာနေတိုင်းရင်းသားများ၊ လူငယ်များနှင့် အပယ်ခံဖြစ်သောလူနည်းစုဝင်အစုအဖွဲ့များ(ဥပမာ ဒါးလစ် သို့ ဇာတ်နိမ့်အုပ်စုများ တည်ရှိမှုသည် သုညမှ ၄၈အထိ မြင့်မားခဲ့သည်) ပါဝင်ကြသည်။ တိုင်းပြုပြည် ပြုလွှတ်တော်တတွင်း တရားဝင်အချေအတင်ငြင်းခုံမှုများရှိသည့်အပြင် အလွတ်သဘော နိုင်ငံရေးပါတီတွေ့ ဆုံဆွေးနွေးပွဲများလည်း အများအပြား ပေါ်ပေါက်ခဲ့သည်၊ တချို့ပွဲများကို နိုင်ငံရေးပါတီများကိုယ်တိုင် (အထင် ရှားဆုံးမှာ သုံးပါတီဖိုခနောင့်ဆိုင်ပြုလုပ်သောအဆင့်မြင့်ဖိုရမ်မျိုး) စီစဉ်ပြုလုပ်ပြီး အချို့ကိုမူ နိုင်ငံတကာအဖွဲ့ အစည်းများက စီစဉ်ပြုလုပ်ကြခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ IDEA အဖွဲ့က ပါတီအချင်းချင်းတွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းအားပေးကာ ပံ့ပိုးကူ ညီခဲ့သည်။ ထို့အဖွဲ့တွင် ပါတီဗဟိုအဆင့်ခေါင်းဆောင် ၁၀ ဦးနှင့် ၁၂ ဦးကြား ပါဝင်ပြီး နီပေါလ်နိုင်ငံ တာရိုင်း ပြည်နယ်တွင် အခြေစိုက်သော နယ်ပါတီများအပါအဝင် အဓိကပါတီများကို ကိုယ်စားပြုထားသော ဩဇာရှိ တိုင်းပြုပြည်ပြုလွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။ ပရိသတ်မျက်ကွယ်ကအခင်းအကျင်းအရဆို ရလျှင် အထက်ပါတွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး၏ ရပ်တည်ချက်များနှင့် အတွေးအ မြင်များကို နားလည်နိုင်အောင် ကြိုးပမ်းကြပြီး လေ့လာဆန်းစစ်ကြသည်၊ ပညာရှင်ကိုဖိတ်ခေါ်ကာ လုပ်ငန်း စဉ်နှင့်စပ်လျဉ်း၍အသေးစိတ်ရှင်းလင်းတင်ပြမှုအစည်းအဝေးများပြုလုပ်စေပြီး အသိပညာနှင့် ရွေးချယ်စရာ များကို ကျယ်ပြန့်လာစေရန် ဆောင်ရွက်ကြသည်၊ ထို့ကြောင်လည်း ပါတီအားလုံးနှင့် ပါတီခေါင်းဆောင်များ အားလုံးလက်ခံနိုင်လောက်မည့် အနေအထားမျိုးနှင့်တစ်ခါတစ်ရံညှိနှိုင်းစေ့စပ်နိုင်ခြင်းအဆင့်ထိ ဆိုက်ရောက် လာနိုင်သည်။ တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၀၉ခုနှစ် မေလတွင် စတင်ခဲ့ပြီး နိုင်ငံရေးပါတီအားလုံး ရပ်တည်ချက် တူညီထား သောအရေးကိစ္စများ၊ ရပ်တည်ချက်ကွဲလွဲထားသောအရေးကိစ္စများနှင့် ဖြစ်နိုင်ဖွယ်ရာဘုံတူညီမှုအခြေခံတို့ကို ရှာဖွေဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲ၏အကျိုးရလဒ်များသည် သက်ဆိုင်ရာပါတီ၏ကိုယ်ပိုင်ရပ် တည်ချက်များကို ရှင်းရှင်းလင်းလင်းဖြစ်စေပြီး ပါတီတစ်ဖွဲ့ချင်းစီ၏သဘောထားအမြင်များကြား ညှိနှိုင်းပြေ လည်မှုရအောင် ဆောင်ရွက်ရာတွင် နီပေါနိုင်ငံရေးပါတီများ၏ အသိပညာ၊ ကျွမ်းကျင်မှု၊ နိုင်ငံရေးစိတ်ဆန္ဒ တို့နှင့် ဆက်စပ်နေသည်။ တိုင်းပြုပြည်ပြုလွှတ်တော်ပြင်ပ ဆုံးဖြတ်ချက်ချမှုများတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ် တတ်သည်။ သို့ရာတွင် အရေးကြီးသောဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရေးကိစ္စများနှင့်စပ်လျဉ်း၍အဆုံး သတ်ဆုံးဖြတ်ချက်ချခြင်းကိုမူ ပါတီ၏ထိပ်တန်းခေါင်းဆောင်များက ဆောင်ရွက်ကြပြီး တစ်ခါတစ်ခါ ထိုသို့ သောဆုံးဖြတ်ချက်ချခြင်းသည် တရားဝင်တိုင်းပြုပြည်ပြုလွှတ်တော်တွင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များ၏ အပြင်ဘက်တွင် ပေါ်ပေါက်တတ်ပါသည်။ ထိုအခါ တိုင်းပြုပြည်ပြုလွှတ်တော်ထံ ပေးအပ်ထားသောဆုံးဖြတ် ချက်ချခြင်းကဏ္ဍသည် ရှောင်လွှဲဖယ်ရှားခံလိုက်ရသည်။ အကျိုးရလဒ်အားဖြင့် အရေးကြီးဆုံးသော ကိစ္စရပ် များနှင့်စပ်လျဉ်း၍တိုင်းပြုပြည်ပြုလွှတ်တော်၏ ဆွေးနွေးငြင်းခုံချက်များနှင့် ဆုံးဖြတ်ချက်ချခြင်းသည် ပယ် ဖျက်ခံလိုက်ရပြီး ပထမမူကြမ်းအပေါ် လူထုစည်းဝေးပွဲခေါ်ကာ တိုင်ပင်ဆွေးနွေးရန် ကတိခံထားချက်သည် လည်း မည်သည့်အခါမျှ ပေါ်မလာတော့ပေ။ ဤသို့နှင့် တိုင်းပြုပြည်ပြုလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည် သူလူထုသည် ၎င်းတို့၏ခေါင်းဆောင်များအပေါ် မကျေမနပ်ဖြစ်ကာ စိတ်ပျက်သွားတော့သည်။ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်တွင်(လေးကြိမ်တိုင်အချိန်တိုးပေးထားပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောတူညီမှုရရှိရန် နောက်ဆုံးသတ်မှတ်ရက်ကာလ) နိုင်ငံရေးခေါင်းဆောင်များသည် ဖက်ဒရယ်စနစ်ဟူ သော အငြင်းပွားဖွယ်ရာကိစ္စရပ်နှင့်စပ်လျဉ်း၍ ညှိနှိုင်းစေ့စပ်မည့်ပုံသေနည်းတစ်ရပ်ကို ချမှတ်ခဲ့ပြီး အခြေခံဥပ ဒေမူကြမ်းကို ပုံနှိပ်ရန်ပြင်ဆင်ခဲ့ကြသည်။ သို့ရာတွင် ပါတီခေါင်းဆောင်များသည် အဆုံးသတ်သဘောတူညီ ချက်ကို ရအောင်မယူနိုင်ခဲ့ပါ။ နက်ရှိုင်းစွာအမြစ်တွယ်နေသော ပုဂ္ဂိုလ်ရေးမယုံကြည်မှုများသည် ဤသို့သ ဘောတူညီမှုမရနိုင်ခဲ့ခြင်း၏ အခြေခံအကြောင်းတရားဖြစ်သည်။ ပုဂ္ဂိုလ်ရေးမယုံကြည်ကြပုံများသည် ဖက်ဒ ရယ်စနစ်သစ်အရ ပြည်နယ်များကို မည်သို့ဖွဲ့စည်းသင့်၊မသင့်အပေါ် မတူသော အစုအဖွဲ့များကြား သဘော ထားကွဲလွဲကြပုံအတိုင်းမျိုးပင်ဖြစ်သည်။ အထူးသဖြင့် သီးခြားစရိုက်လက္ခဏာ ရေရာစွာရှိနေသောအစုအဖွဲ့ များ၏ လူဦးရေကိန်းဂဏန်းအားသာချက်ကိုကြည့်၍ မည်သို့ဖွဲ့စည်းသင့်၊မသင့်တွင်သဘောကွဲလွဲကြခြင်းဖြစ် သည်။ ထို့ကြောင့် တိုင်းပြုပြည်ပြုလွှတ်တော် ဖျက်သိမ်းခံလိုက်ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း လိပ် ခဲတည်းလည်းအခြေအနေနှင့် မပြီးမပြတ်ကျန်ရစ်ခဲ့ရသည်။ ကိုးကား၊ Political Party Dialogue: A Facilitator’s Guide |