အသစ်များ > ဖက်ဒရယ်စနစ်များတွင် ပဋိပက္ခဖြေရှင်းနည်း
ဖက်ဒရယ်စနစ်များတွင် ပဋိပက္ခဖြေရှင်းနည်း
2022-09-06
အစိုးရအချင်းချင်း အငြင်းအခုံဖြစ်ကြမှုများကို တစ်ပြည်ထောင်စနစ်များနှင့်နှိုင်းယှဉ်လျှင် ဖက်ဒရယ်စနစ်များ ၌ ပိုမိုအတွေ့ရများတတ်သည်။ ဤသို့ဖြစ်ရခြင်းမှာ (ကွဲပြားခြားနားမှုကို ပြေလည်အောင်ဆောင်ရွက်ရန်) ဖက် ဒရယ်စနစ်များကို တည်ထောင်ရေးအတွက်အကြောင်းရင်းများနှင့် (အနည်းဆုံးအစိုးရအဆင့်နှစ်ရပ်)ဖက်ဒ ရယ်စနစ်က သရုပ်ထင်လာသောပုံသဏ္ဌာန်နှစ်ရပ်စလုံးကြောင့် ဖြစ်သည်။ အဆိုပါအငြင်းအခုံများသည် မတူ သောအစိုးရများတွင်လည်း ဖြစ်နိုင်သည်၊ သို့မဟုတ် အရင်းအမြစ်များခွဲတမ်းချရေးနှင့် အာဏာကျင့်သုံးရေးကဲ့ သို့သောအရေးကိစ္စများနှင့်စပ်လျဉ်း၍ ပုဂ္ဂလတစ်ဦးချင်းစီနှင့် ကော်ပိုရေးရှင်းအဖွဲ့များကြားလည်း ဖြစ်နိုင် သည်။
အဆိုပါအငြင်းအခုံအများအပြားသည် ဥပဒေကို ဖွင့်ဆိုရှင်းလင်းရေးနှင့်သက်ဆိုင်ပါသည်။ ထို့အပြင် မည်သူ့ထံ တွင် မည်သည့်အာဏာရပ်များရှိသည်၊ သို့ ဥပဒေ သို့ အက်ဥပဒေတစ်ရပ်သည် အစိုးရ၏လုပ်ပိုင်ခွင့်အာဏာ ထက်ကျော်လွန်ခြင်းရှိ၊မရှိ၊ သို့ ဥပဒေများ(ဥပဒေစနစ် သို့ ဥပဒေစိုးမိုးရေးကို သီးခြားအခြေအနေတွင် အသုံးချ သည့်အခါ) ထိပ်တိုက်ပဋိပက္ခဖြစ်ခြင်းတို့နှင့်စပ်လျဉ်းပြီး မေးခွန်းထုတ်စရာများနှင့်လည်း အဆိုပါအငြင်းအခုံ များက ဆက်စပ်မှုရှိနိုင်သည်။ ထိုအငြင်းအခုံများကို ဖြေရှင်းရန်တာဝန်သည် တရားရုံးများတွင်သာ လုံးလုံး လျားလျားတည်ရှိသည်။ ဆိုလိုသည်မှာ အစိုးရများနှင့် အစိုးရမဟုတ်သောအစုအဖွဲ့အားလုံးသည် ကောင်းမွန် သော ဥပဒေရေးရာတတ်ကျွမ်းမှုနှင့် အကြံဉာဏ်ကို လိုအပ်သည်ဟုအဓိပ္ပာယ်ရသည်။
သို့ရာတွင် မူဝါဒနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် အငြင်းအခုံဖြစ်ပွားရသည်လည်းရှိသည်။ တာဝန်ယူရမည့်အ ပိုင်းတွင်ပို၍ဝေဝါးနေသဖြင့်မူဝါဒအငြင်းအခုံများကို ဗဟိုချုပ်ကိုင်မှုမရှိသောဖက်ဒရယ်ပြည်ထောင်စုများထက် ပူးပေါင်းဆောင်ရွက်မှုရှိသောဖက်ဒရယ်ပြည်ထောင်စုများတွင် ကြိမ်ဖန်များစွာ ပိုတွေ့ရတတ်သည်။ အဆိုပါအ ငြင်းအခုံများကို အစိုးရများအချင်းချင်းကြားဖြစ်စေ၊ သို့ နိုင်ငံရေးပါတီများကြား(သို့ ပါတီများအတွင်းပင်ဖြစ် စေ) စေ့စပ်ဆွေးနွေးခြင်းမှတစ်ဆင့် ဖြေရှင်း၍ရနိုင်သည်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အလေး ထားသည့်စနစ်များသည် မြစ်ကြောင်းပျက်စီးမှုနစ်နာကြေးတောင်းဆိုမှုများ၊ ဖွံ့ဖြိုးရေးညီမျှစေခြင်း၊ ငွေကြေး ခွဲဝေပေးခြင်း၊ စီမံကိန်းများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းအစရှိသဖြင့်ကိစ္စရပ်များကို ဖြေရှင်းပေးရန် ကော်မတီများနှင့် ကော်မရှင်ပေါင်းများစွာကိုလိုအပ်သည်။ ဖက်ဒရယ်စနစ်လည်ပတ်နိုင်ရန် အရေးပါသောလို အပ်ချက်တစ်ရပ်မှာ ဆုံးဖြတ်ချက်ချခြင်းသည် ရှုပ်ထွေးလာပြီး အချိန်ပိုယူရသောကိစ္စဖြစ်လာနိုင်သည်ကို ပါ ဝင်ဆောင်ရွက်သူများ လက်ခံထားရန်ပြင်ဆင်ရမည်ဖြစ်သည်။
ဖွဲ့စည်းပုံဥပဒေဆိုင်ရာအငြင်းပွားမှုဖြေရှင်းရေးယန္တရားများ
ဖက်ဒရယ်စနစ်ကို အခြားသောဗဟိုချုပ်ကိုင်မှုလျှော့ချရေးပုံသဏ္ဌာန်များနှင့် ကွဲပြားစေသော အရေးပါသည့်အ ချက်တစ်ချက်မှာ ဖွဲ့စည်းပုံဥပဒေတွင်း ဖက်ဒရယ်စနစ်ကို ကာကွယ်ပေးထားခြင်းပင်ဖြစ်သည်။ ဖက်ဒရယ်ဖွဲ့ စည်းပုံဥပဒေများကြောင့် ဗဟိုသည် ပြည်နယ်အဖွဲ့များ၏အာဏာရပ်များကို နုတ်ပယ်ယူငင်၍မရနိုင်ပေ။ ဖက် ဒရယ်စနစ်များအရ ဖက်ဒရယ်အစုအဖွဲ့များကြား ဥပဒေရေးရာအငြင်းပွားမှုများကို နောက်ဆုံး ရွေးကောက်ပွဲ ဆိုင်ရာ သို့ တရားစီရင်ရေးဆိုင်ရာနည်းလမ်းများမှတစ်ဆင့် ဖြေရှင်းပေးရန် လိုအပ်သည်။
အနည်းဆုံး ဖက်ဒရယ်ပြည်ထောင်စုနှစ်နိုင်ငံတွင် ဖွဲ့စည်းပုံဥပဒေအရ အဆုံးသတ်စီရင်ဆုံးဖြတ်ခြင်းအသွင်အ ပြင်အားလုံးသည် အထက်တရားရုံးတွင် မရှိပါ။ ဆွစ်ဇာလန်နိုင်ငံတွင်မူ နိုင်ငံသားများသည် ခုခံချေပခံရသော ဖက်ဒရယ်(ပြည်နယ်မဟုတ်)ဥပဒေများ၏ တရားဝင်မှုကို ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်သည်။ ဖက်ဒရယ် အာဏာပိုင်များ၏အာဏာရပ်များကို တိုးမြှင့်ရန် ပြင်ဆင်ချက်မှန်သမျှသည် လူထုဆန္ဒခံယူပွဲသို့ လျှောက်တင် ရသည်၊ ဤနည်းအားဖြင့် ပြည်သူလူထုသည် ဆွစ်ဖက်ဒရယ်ပြည်ထောင်စုအတွင်း ဟန်ချက်ညီမှုကို တိုက် ရိုက်ထိန်းချုပ်နိုင်သည်။ အီသီယိုးပီးယားနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ပြည်နယ်ဥပဒေပြု လွှတ်တော်များက ရွေးကောက်ပြီး အဆုံးသတ်လုပ်ပိုင်ခွင့်အာဏာရှိကာ တရားသူကြီးများ၏ဥပဒေရေးရာအ ကြံဉာဏ်ကို ရယူရသည်။
ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေအများစုတွင် အစိုးရအသီးသီး၏အာဏာရပ်များနှင့်ဆိုင်ရာပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက အဆုံးသတ်ဖြေရှင်းဆုံးဖြတ်ပေးရေးသည် ဗဟိုတရားရုံးချုပ် သို့ ဖွဲ့စည်းပုံဥပဒေခုံရုံး(နိုင်ငံအားလုံး တွင် အထူးအားဖြင့် ဖွဲ့စည်းပုံဥပဒေခုံရုံးမရှိပါ) အတွက်ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် မတူသောအစိုးရအဆင့်အသီးသီးကြား ပဋိပက္ခဖြစ်ပါက အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ အိန္ဒိယ၊ မလေး ရှားနှင့် ဩစတြီးယားနိုင်ငံတို့တွင် ဗဟိုတရားရုံးချုပ်သည် အဆုံးသတ် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ် ဆောင်ရွက်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ရပ်တွင် တရားသူကြီးများ၏သမာသမတ်ကျမှုသည် ပြည်တွင်းငြိမ်းချမ်းရေးကို မြှင့်တင်နိုင်သည်။ သို့ရာတွင် တရားသူကြီးများသည် ယင်းတို့နှစ်သက်သော ဖက်ဒရယ်စနစ်အမျိုးအစားတွင် မူ ကိုယ်ပိုင်သဘောထားအမြင်များ သို့ ကြိုက်နှစ်သက်မှုများနှင့် ကင်းလွတ်ကြသူများ မဟုတ်ပေ။ အမေရိ ကန်နိုင်ငံအတွက် ဖက်ဒရယ်စနစ်အုပ်ချုပ်ရေးများသည် ပြည်နယ်အခွင့်အရေးများကိုဖြစ်စေ သို့ ဗဟိုတရားရုံး ချုပ်အတွင်း အပြိုင်ရှိနေသည့်လူများစုများအပေါ် မှီခိုနေရသော ဖက်ဒရယ်အစိုးရကိုဖြစ်စေ အားကောင်းစေ နိုင်သည်။
ဖက်ဒရယ်နိုင်ငံသစ်များတွင် တရားစီရင်ရေးမဏ္ဍိုင်၏စွမ်းရည်နှင့် သီးခြားလွတ်လပ်မှုကို တည်ဆောက်ရေး သည် အလွန်ပင်အရေးကြီးသည်။ အဆိုပါအငြင်းပွားမှုများကို ဖြေရှင်းခြင်းသည် အထက်တရားရုံးအား အာဏာရှိသောအစိုးရတစ်ရပ်မှ အရေးကြီးသည်ဟု စဉ်းစားထားသည့် ဆောင်ရွက်ချက်တစ်ရပ် သို့ ဥပဒေတစ် ရပ်ကို ငြင်းပယ်ရေးတစ်ခါတစ်ရံခက်ခဲတတ်သည့်အနေအထားအတွင်းသို့ ဆိုက်ရောက်သွားစေနိုင်သည်။ ခိုင် မာပြီးစွမ်းရည်ပြည့်၀ကာ သီးခြားလွတ်လပ်သော တရားစီရင်ရေးတစ်ရပ်မရှိလျှင် ပြည်နယ်အဖွဲ့များ၏ကိုယ် ပိုင်လွတ်လပ်မှုကို မည်သည့်အလျော်အစားမှမရှိဘဲ ကျူးကျော်ထိပါးနိုင်သည်။ ထို့ကြောင့် တရားရုံးများ၏ဖွဲ့ စည်းမှုပုံစံနှင့် တရားစီရင်ပိုင်ခွင့်သည် တရားဥပဒေစိုးမိုးရေးအပေါ် အခြေခံကာ အစိုးရအချင်းချင်းအတွင်းပိုင်း ဆက်ဆံရေးကို ထူထောင်နိုင်စေရန်အတွက် အရေးကြီးသည်။
အာဏာခွဲဝေမှုအစီအမံများ/ဒီမိုကရေစီနည်းကျအာဏာခွဲဝေခြင်း
“ဒီမိုကရေစီနည်းကျအာဏာခွဲဝေခြင်း”ဟူသည်မှာ ဗဟိုအစိုးရ၊ နိုင်ငံရေးပါတီစနစ်၊ နိုင်ငံ့ဝန်ထမ်းလုပ်ငန်း အစရှိသဖြင့်နယ်ပယ်များတွင် အမျိုးမျိုးသောတိုင်းရင်းသားလူမျိုးစု၊ ဘာသာရေးသို့ ဘာသာစကားအစုအဖွဲ့ ဝင်များကို ထည့်သွင်းထားရန် နိုင်ငံရေးအဆောက်အအုံများတွင် ပြဋ္ဌာန်းချက်များ ချမှတ်ရေးအတွက် အစီအမံ များကိုဆိုလိုသည်။ ဥပမာ ဘယ်ဂျီယံနိုင်ငံတွင် ဖက်ဒရယ်ဝန်ကြီးအဖွဲ့ကို ဒတ်ချ်စကားပြောသူများနှင့် ပြင်သစ် စကားပြောသူများဖြင့်(ဝန်ကြီးချုပ်ကိုတော့ ထည့်မတွက်၊ ဝန်ကြီးချုပ်သည် တခြားဘာသာစကားတစ်ခုခုကို ပြောသူဖြစ်နိုင်) တန်းတူညီမျှ ဖွဲ့စည်းထားရမည်ဖြစ်သည်။ သာမန်အားဖြင့် ပါလီမန်သည် လူများစု ဆန္ဒမဲများဖြင့် အရေးကိစ္စများကို ဖြေရှင်းသည်၊ သို့သော် ယဉ်ကျေးမှုအသိုင်းအဝိုင်းတစ်ခုအတွက် အထူး အကျိုးရှိသည်ဟု ယူဆသည့် အဆိုပြုစီမံချက်တစ်ရပ်ကို လက်တွေ့ဖော်ဆောင်ရန် လူမှုအသိုင်းအဝိုင်းနှစ် ရပ်စလုံးမှ ကိုယ်စားလှယ်များ၏ လူများစုဆန္ဒမဲအများစုနှစ်ဆကို လိုအပ်လိမ့်မည်၊ ကိုယ်စားလှယ်တစ်ဦးချင်း စီသည် တစ်သီးပုဂ္ဂလအဖြစ် မဲပေးခြင်းဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စုအများအပြားတွင် ဖက်ဒရယ်ဝန်ကြီးအဖွဲ့တွင်း အစုအဖွဲ့အားလုံး သို့ နယ်မြေပိုင်နက် များကို စည်းမျဉ်းတကျ သို့ အလွတ်သဘော ကိုယ်စားပြုမှုပုံသဏ္ဌာန်တစ်ရပ်ရှိသည်။
• ဥပမာ အီသီယိုးပီးယားနိုင်ငံတွင် ဖက်ဒရယ်အုပ်ချုပ်ရေးမဏ္ဍိုင်၌ ပွဲတက်သမ္မတနှင့် ဝန်ကြီးအဖွဲ့ နှင့်အတူ အာဏာရှိသောဝန်ကြီးချုပ်တစ်ဦး ပါဝင်သည်။ ဝန်ကြီးအဖွဲ့ ဖွဲ့စည်းပုံကိုကြည့်လျှင် ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ အခြေခံသဘောတရားနှင့် လက်တွေ့ဆောင်ရွက်ချက်၏အကျိုးရလဒ်အဖြစ် တိုင်းပြည်၏ကွဲပြားခြားနားမှုကို ထင်ဟပ်နိုင်ရန် ကြိုးစားထားသည်ကို တွေ့နိုင်သည်။
• နိုင်ဂျီးရီးယားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထိန်းသိမ်းထားသည့် “ဖက်ဒရယ်စရိုက်လက္ခ ဏာ” အခြေခံမူအရ သမ္မတ သို့ အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်လောင်းတစ်ဦးသည် နိုင်ဂျီးရီးယား နိုင်ငံ၏ ဖက်ဒရယ်စရိုက်လက္ခဏာနှင့်အညီဖြစ်စေ၊ သို့ ‘တိုင်းပြည်တွင်း ပြည်သူလူထု၏ကွဲပြားခြား နားမှု”နှင့်အညီဖြစ်စေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန်လိုအပ်ချက်နှင့်အညီဖြစ်စေ ယင်း၏ ခန့်အပ်ပိုင်ခွင့်အာဏာရပ်များကို ကျင့်သုံးနိုင်ဖွယ်ရှိသည်။ သမ္မတသည် အထူးသဖြင့် အနည်း ဆုံး ဝန်ကြီးတစ်ဦးကို ပြည်နယ်တစ်ခုစီမှ ခန့်အပ်ရန်လိုအပ်သည်၊ ယင်းဝန်ကြီးချုပ်သည် အဆိုပါ ပြည်နယ်၏ဒေသခံတစ်ဦး ဖြစ်ရမည်။
• ဆွစ်ဇာလန်နိုင်ငံတွင် ဖက်ဒရယ်ကောင်စီဖွဲ့စည်းပုံသည် ဖက်ဒရယ်ပါလီမန်အတွင်း အဓိကနိုင်ငံရေး ပါတီလေးဖွဲ့ကို ကိုယ်စားပြုထားသည်။ အဆိုပါ ပါတီလေးဖွဲ့တွင် လူများစုထောက်ခံမှု မရှိပါ။ စပိန် နိုင်ငံတွင် သီးခြားဌာနလက်ကိုင်နေရာများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောလူမှုအသိုင်းအဝိုင်းများမှ ဝန်ကြီးများအတွက် သီးသန့်ဖယ်ထားပေးတတ်သည်။
ခွဲထွက်ရေးပြဿနာ
နယ်မြေခွဲထွက်သွားနိုင်သည့်အလားအလာကို စံကိုက်ဖွဲ့စည်းပုံဥပဒေနှင့်အညီဖြေရှင်းပေးရန်နည်းလမ်းမရှိပါ။ ဖက်ဒရယ်ပြည်ထောင်စုအများအပြားတွင် တိုင်းပြည်၏ထာ၀ရစည်းလုံးညီညွတ်ရေးကို အခိုင်အမာရပ်တည် ပေးသည့် သို့ ခွဲထွက်ရေးအလားအလာကို ဖယ်ထုတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များရှိ ကြသည်။ ဤသို့ပြဋ္ဌာန်းချက်ရှိသော သာဓကနိုင်ငံများမှာ အမေရိကန်၊ မက္ကဆီကို၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ အိ န္ဒိယနှင့် စပိန်နိုင်ငံတို့ဖြစ်သည်။
ဩစတြေးလျ၊ ဂျာမနီနှင့် ဆွစ်ဇာလန်ကဲ့သို့နိုင်ငံများရှိ ဖွဲ့စည်းပုံအခြေခံဥပဒေများကမူ ခွဲထွက်ရေးကိစ္စနှင့်စပ် လျဉ်း၍ နှုတ်ဆိတ်နေကြသည်။ အီသီယိုးပီးယားနိုင်ငံ၏ဖွဲ့စည်းပုံဥပဒေသစ်တွင်မူ ခွဲထွက်ပိုင်ခွင့်ကို တရားဝင် ပြဋ္ဌာန်းပေးထားရာ ထူးခြားသည်ဟုဆိုရမည်။ သို့သော် ယင်းကိစ္စသည် အငြင်းပွားစရာဖြစ်ပြီး လက်တွေ့မ စမ်းသပ်ရသေးပေ။
နိုင်ငံတကာဥပဒေကမူ လူဦးရေတစ်ရပ်၏ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု၊ ကိုလိုနီစနစ် ဖျက်သိမ်းရေးလှုပ်ရှားမှု၏အကျိုးရလဒ်တစ်ခုအနေဖြင့် ဖြစ်လာသောကိစ္စရပ်မျိုးတွင်သာ ခွဲထွက်ခွင့်သည်တ ရားဝင်သည်ဟု ယူဆထားသည်။ ခွဲထွက်ခြင်းသည် နိုင်ငံတကာဆက်ဆံရေးများကို မတည်မငြိမ်ဖြစ်စေနိုင်သ ဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက သာမန်အားဖြင့် လက်မခံပေ။