အသစ်များ > ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအစိတ်အပိုင်းများနှင့် သွင်ပြင်လက္ခဏာများ

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအစိတ်အပိုင်းများနှင့် သွင်ပြင်လက္ခဏာများ

2022-09-05

ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းစဉ်တစ်ရပ်၏ရည်ရွယ်ချက်များသည် မည်သို့ပုံသဏ္ဌာန်ဖြင့်လည်ပတ်မည် အပေါ်မူတည်သည်။ ဤအချက်ကို နည်းလမ်းနှစ်သွယ်ဖြင့် တွေ့မြင်ရသည်။

၁။ အမျိုးသားအဆင့်အစိုးရမှ ဒေသအဆင့်အစိုးရအထိ အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် ဝန် ဆောင်မှုပေးပို့ခြင်းနှင့် တာဝန်ခံမှုကို မြင့်မားစေရန် ရည်ရွယ်သည်။

၂။ အမျိုးသားအဆင့်အစိုးရမှ ဒေသ၊ ခရိုင် (သို့) ပြည်နယ်အဆင့်အစိုးရအထိ အာဏာကို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် လူမျိုးစု (သို့) ဒေသတွင်းကွဲပြားခြားနားမှုကို ဖြေရှင်းပေးရန် ရည်ရွယ်သည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းသည် ပဋိပက္ခသက်ရောက်ခံတိုင်းပြည်များတွင် စိန်ခေါ်ချက်များကို ဖြေရှင်းနိုင် သော်လည်း အပျက်သဘောအကျိုးဆက်များလည်း ရှိနိုင်သည်။ တချို့တိုင်းပြည်များသည် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းကို ကျင့်သုံးပြီး ပဋိပက္ခတစ်ရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ကြသော်လည်း တချို့တိုင်းပြည်များ ကမအောင်မြင်ကြပေ။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းစဉ်တစ်ရပ်၏ရည်ရွယ်ချက်များနှင့် ပုံစံကို အထက် ပါဖြစ်နိုင်ခြေအပျက်သဘောသက်ရောက်ချက်များကို ရှောင်ရှားနိုင်ရန် ဂရုတစိုက်စဉ်းစားကြသည်။ ဒေသ တွင်းစနစ်အဆောက်အအုံများ အားနည်းပြီး လူသားအရင်းအမြစ်များကျွမ်းကျင်မှုမရှိလျှင် ဒေသန္တရအစိုးရအ ဖွဲ့တွင်း စွမ်းရည်ကျဆင်းပြီး အဂတိလိုက်စားမှုကို ဖြစ်စေနိုင်သည်။

တိုင်းဒေသ (သို့) ပြည်နယ်အဆင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ပုံစံထုတ်ရာတွင် အားနည်းပါက လူမျိုးစု (သို့) ဒေသစွဲပဋိပက္ခအဆင့်ထိ ပိုဦးတည်သွားနိုင်သော ခွဲထွက်ရေးလှုပ်ရှားမှုများကို ဖြစ်စေနိုင်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းစဉ်တစ်ရပ်အတွက် အကောင်းဆုံးပုံစံကို ဖော်ထုတ်ခြင်းသည် အသွင်ကူးပြောင်းရေး (သို့) ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေဆဲဖြစ်သော တိုင်းပြည်များ ရင်ဆိုင်နေရ သည့် အရေးကြီးဆုံးလုပ်ငန်းများအနက်တစ်ခုဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၏ ဖြစ်နိုင်ခြေအကျိုးအ ပြစ်တချို့ကို ဇယား၁ တွင် အရိပ်အမြွတ်တင်ပြထားသည်။

ဇယား ၁။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၏ဖြစ်နိုင်ဖွယ်ရာ အကျိုးအပြစ်များ

နှိုင်းယှဉ်လေ့လာချက်၊ ဒေသန္တရအဆင့် ဒတ်ချ်နိုင်ငံရေးပါတီများ

ပါတီဌာနခွဲများနှင့် သီးခြားလွတ်လပ်သောပါတီများ

ဒေသအဆင့်လှုပ်ရှားဆောင်ရွက်နေသော နိုင်ငံရေးပါတီများသည် မတူသောအခန်းကဏ္ဍနှစ်ရပ်မှ ပါဝင်နိုင် သည်။ ပထမတစ်ချက်မှာ နိုင်ငံရေးပါတီများသည် ဒေသကောင်စီတွင် ကိုယ်စားပြုမှုကို ရရှိရန် ဒေသန္တရနိုင်ငံ ရေးပါတီများအဖြစ် ဆောင်ရွက်ကြသည်။ ဤအမြင်အရ နိုင်ငံရေးပါတီများသည် အမျိုးသားအဆင့်ပါတီများ နှင့် ကွဲပြားချက်များများမရှိပါ၊ အမျိုးသားအဆင့်တွင်လည်း နိုင်ငံရေးပါတီများသည် အလားတူပင်ဆောင်ရွက် ကြသည်။ ဒုတိယတစ်ချက်မှာ ဒေသအဆင့်နိုင်ငံရေးအသင်းအပင်းများသည် အမျိုးသားအဆင့်နိုင်ငံရေးပါတီ များ၏ဒေသတွင်းဌာနခွဲများအဖြစ် ဆောင်ရွက်နိုင်ကြသည်။ ဖြစ်ရပ်အများစုတွင် ဒေသအဆင့်ပါတီများသည် လုပ်ငန်းဆောင်တာနှစ်ရပ်ကို ပေါင်းစပ်ဆောင်ရွက်သည်၊ တစ်နည်းအားဖြင့် ပါတီများသည် ဒေသအဆင့်အ ခင်းအကျင်းတွင် နိုင်ငံရေးဝင်ကစားကြသူများအဖြစ်သာမက အမျိုးသားအဆင့် မိခင်ပါတီများ၏ဒေသတွင်း ကိုယ်စားလှယ်များအဖြစ်လည်း ဆောင်ရွက်ကြသည်။ သို့ရာတွင် အဆိုပါလုပ်ငန်းဆောင်တာနှစ်ရပ်မှ တစ်ခုခု ကိုသာ စွဲမြဲအသုံးချသောပါတီများလည်းရှိသည်။ နည်းဗျူဟာအရ၊ လက်တွေ့အရအကြောင်းရင်းများစွာကိုအ ခြေပြု၍ ဒေသအဆင့်နိုင်ငံရေးနယ်ပယ်မှ ပြန်ထွက်လာသော နိုင်ငံတော်အဆင့်ပါတီဌာနခွဲများအပြင် နိုင်ငံ တော်အဆင့်ရှိမည်သည့် နိုင်ငံရေးပါတီများနှင့် တရားဝင်ဆက်စပ်မှုမရှိသော သီးခြားလွတ်လပ်သည့်ဒေသအ ဆင့်နိုင်ငံရေးပါတီများလည်း ရှိကြသည်။ ယခုလိုအမျိုးအစားခွဲပြမှုအရကြည့်လျှင် ဒေသအဆင့်နိုင်ငံရေးပါတီ အမျိုးအစားနှစ်ရပ်ကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်သည်။

၁။ ပါတီဌာနခွဲများ၊ နိုင်ငံတော်အဆင့်ပါတီအစည်းအရုံးများ၏ ဒေသအဆင့်ပါတီဌာနခွဲများ။

၂။ သီးခြားလွတ်လပ်သောပါတီများ၊ နိုင်ငံတော်အဆင့်မည်သည့်ပါတီနှင့်မျှ တရားဝင်ဆက်စပ်ခြင်းမရှိ သော သီးခြားလွတ်လပ်သည့်ဒေသအဆင့်ပါတီများ

သီးခြားလွတ်လပ်သောပါတီများ

သီးခြားလွတ်လပ်သောပါတီများသည် နိုင်ငံတော်အဆင့်ပါတီများနှင့် ဆက်စပ်မှုမရှိသဖြင့် ယင်းပါတီများသည် ဒေသအဆင့်နိုင်ငံတွင်း ထင်ရှားသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်သည်။ ယင်းပါတီများသည် ပါတီဌာနခွဲများ ထက် ဒေသတွင်းကိစ္စရပ်များအပေါ် ပိုမိုရှင်းလင်းစွာ အာရုံစိုက်ကြပြီး ၎င်းတို့၏နိုင်ငံရေးရပ်တည်ချက်များကို နိုင်ငံတော်၏နိုင်ငံရေးကွာဟချက်များအဖြစ် အလွယ်လျှော့ချမြင်၍မရနိုင်ပါ။

ပါတီဌာနခွဲများနှင့် သီးခြားလွတ်လပ်သောပါတီများ၏အစီအစဉ်နှင့် နောက်ခံရာဇဝင်

ပါတီများ၏အစီအစဉ်တကျလုပ်ငန်းဆောင်တာသည် နှစ်ဖက်ရှိသည်။ နိုင်ငံသားများ၏စိတ်ဆန္ဒနှင့် အတွေး အမြင်များကို ကြောင်းကျိုးဆီလျော်သောနိုင်ငံရေးအစီအစဉ်တစ်ရပ်အဖြစ် ကူးပြောင်းပေးရန်နှင့် နိုင်ငံရေးရပ် တည်ချက်များနှင့် မူဝါဒအဆိုပြုချက်များကို အကြောင်းပြု၍ ပါတီမှ မျှော်လင့်လာနိုင်သည့်အရာကို ရှင်းရှင်း လင်းလင်းဖြစ်စေရန်ပင် ဖြစ်သည်။ ဤလုပ်ငန်းနှစ်သွယ်သည် သဘောတရားအရကြည့်လျှင် ချုပ်ရိုးစပ်ရာမရှိ သလိုပင်။ ပါတီအစီအစဉ်သည် ဒေသတွင်းကိစ္စရပ်များနှင့်ပတ်သက်သော ဒေသတွင်းသဘောထားအမြင်များ အပေါ်အခြေခံမထားပါက ပါတီအတွက် မဲဆန္ဒရှင်များကို ရွေးကောက်ပွဲများတွင် ရွေးချယ်စရာရှင်းရှင်းလင်း လင်းပေးနိုင်ရန် ခက်ခဲမည်ဖြစ်ပြီး ပါတီ၏ထင်ရှားသောကောက်ကြောင်းပုံကိုလည်း ဆက်ထိန်းသိမ်းထားနိုင် မည်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ပါတီသည် မြို့တော်သာယာရေးနှင့်စပ်လျဉ်းသောမူဝါဒအစီအစဉ်တွင် ထားရှိခဲ့သောမျှော်မှန်းချက်များအတိုင်း လိုက်ပါဆောင်ရွက်ခြင်းမရှိပါက ဒေသခံ(မြို့ခံ)မဲဆန္ဒရှင်များက စိတ် ပျက်သွားကြမည်ဖြစ်သည်။

အစီအစဉ်တကျလုပ်ငန်းဆောင်တာနှစ်ရပ်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပါတီအစီအစဉ်အတွက် အရေး ကြီးသည်က ဒေသတွင်းပဋိပက္ခများကို ဖော်ထုတ်ပြီး ထင်ရှားပေါ်လွင်အောင်လုပ်ကာ နေရာယူတတ်ရန်ပင် ဖြစ်သည်။ ပါတီအစီအစဉ်တွင် ချမှတ်ထားသည့် စိတ်ဆန္ဒများနှင့် အတွေးအမြင်များသည် မြူနီစီပါယ်အုပ်ချုပ် ရေးအဖွဲ့အတွင်း ပဋိပက္ခ (သို့အငြင်းပွားစရာအပေါ် အခြေခံကာပုံဖော်ထားလျှင် နိုင်ငံရေးအရကြောင်းကျိုး ဆက်စပ်မှုရှိသည်။ အထက်ပါဆန့်ကျင်ဘက်အနေအထားများပေါ် အခြေခံရပ်တည်ထားခြင်းဖြင့် ပါတီအစီအ စဉ်သည် ဦးတည်ချက်ရှင်းလင်းမည်ဖြစ်ပြီး ပါတီကောက်ကြောင်းပုံလည်း ထင်ပေါ်မည်ဖြစ်သည်။ ဒေသလူ့အ ဖွဲ့အစည်းနှင့်ဆိုင်ရာအတွေးအခေါ်ဝါဒအမြင်ရှိခြင်းသည် ပါတီအစီအစဉ်တွင်ပါဝင်သော နိုင်ငံရေးရွေးချယ် ချက်များကို ကြောင်းကျိုးညီညွတ်စေမည်ဖြစ်သလို ပါတီကောက်ကြောင်းပုံအား ခိုင်မာစေမည်ဖြစ်သည်။

ပါတီဌာနခွဲများ

ပါတီဌာနခွဲတစ်ခု၏ စနစ်အဓိကအခြေခံကောက်ကြောင်းပုံသည် အဓိကအားဖြင့် အမျိုးသား(ဗဟို)အဆင့်ပါ တီ၏ ကြေညာစာတမ်းအပေါ် အခြေခံသည်။ အလားတူပါတီဌာနခွဲများသည် ဒေသတွင်းအခြေအနေအရပ် ရပ်အပေါ် နည်းအမျိုးမျိုးဖြင့် တုံ့ပြန်ဆောင်ရွက်ပေးသည့်တိုင် မဲဆန္ဒရှင်များသည် အဓိအားဖြင့် နိုင်ငံတော် ရေးရာကိစ္စရပ်များတွင် အားပြုထားသော အမျိုးသား(ဗဟို)အဆင့်မိခင်ပါတီ၏စနစ်အဓိကကောက်ကြောင်း ပုံအရသာပါတီဌာနခွဲတစ်ရပ်ကို အသိအမှတ်ပြုမည်ဖြစ်သည်။ ဤအချက်သည် ပြည်နယ်ဒေသ အဆင့်ပါတီ ဌာနခွဲများအတွက် ဒေသတွင်းအငြင်းပွားစရာကိစ္စရပ်များနှင့် ရင်ဆိုင်ရပါကနေရာတစ်နေရာ ထင်ထင်ရှား ရှား ယူကာဆောင်ရွက် နိုင်ရန်ပိုမိုခက်ခဲစေသည်။ တစ်နည်းအားဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများ ကြားရှိဒေသတွင်းဆိုင်ရာအကျိုးစီးပွားပဋိပက္ခများ (သို့ဆိုရှယ်ဒီမိုကရက်များ၊ လစ်ဘရယ်များနှင့် ခရစ္စ ယာန်ဒီမိုကရက်များကြား ရှိနိုင်ငံရေးအရခြားနားသောရပ်တည်ချက်များရှိနေသည့် မြို့တော်အချက်အချာနေ ရာ မွမ်းမံပြင်ဆင်ရေး သဘောထားအမြင်များ မတူကွဲပြားခြင်းတို့ကို မူဘောင်တစ်ခုချ၍ ဖြေရှင်းပေးရန် မဖြစ် နိုင်လုနီးပါးပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပါတီဌာနခွဲများ၏ အတွေးအခေါ်ဝါဒဆိုင်ရာကောက်ကြောင်းပုံသည် အတော်အတန်ရှင်းလင်းသော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အဆိုပါကောက်ကြောင်းပုံမှာ တိကျရှင်း လင်းသော ဒေသတွင်းပြဿနာရပ်များအပေါ် ပါတီ၏ရပ်တည်ချက်များအဖြစ် မည်သို့ ကူးပြောင်းသွားသည် ကို သိရန်ခဲယဉ်းသည်။

သီးခြားလွတ်လပ်သောပါတီများ

သီးခြားလွတ်လပ်သောပါတီများသည် သာမန်အားဖြင့် အမျိုးသား(ဗဟို)အဆင့်နိုင်ငံရေးပါတီတစ်ရပ်နှင့် မဟာမိတ်ပြုမထားသော ကွဲပြားသည့် အဖွဲ့အစည်းများပါသောအုပ်စုတစ်စုပင်ဖြစ်သည်။ ထို့ကြောင့် ယင်းပါ တီများကို အတွေးအခေါ်ဝါဒအရ တိတိကျကျ ဖော်ထုတ်ပြရန်ခက်ခဲသည်။

သီးခြားလွတ်လပ်သောပါတီများ၏ရည်ရွယ်ချက်များနှင့် အခြေခံစည်းမျဉ်းများကို စစ်တမ်းကောက်လေ့လာ ရာတွင် ရရှိလိုက်သောအချက်အလက်များသည် ယင်းပါတီများ၏စနစ်အဓိကကောက်ကြောင်းပုံကားချပ်အား နက်ရှိုင်းစွာ ပိုသိမြင်လာစေနိုင်သည်။ အဆိုပါအချက်အလက်အရ ပြည်နယ်ဒေသအဆင့်နိုင်ငံရေးပါတီများကို အောက်ပါကောက်ကြောင်းပုံသုံးမျိုးသုံးစားဖြင့် ခွဲခြားကြည့်နိုင်သည်။

၁။ ပြည်နယ်ဒေသအခြေစိုက်ပါတီများ၊

ယခုတင်ပြသည့် သီးခြားလွတ်လပ်သောဒေသအဆင့်ပါတီများ သည် ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒီမိုကရေစီ၏အရည်အသွေးကို ယေဘုယျအလေးထားပြီး ၎င်းတို့ပါ တီပုံစံကို ခွဲခြားထားသည်။ ယင်းပါတီများတွင် ယေဘုယျအားဖြင့် နိုင်ငံရေးနှင့်မသက်ဆိုင်သော စရိုက်လက္ခဏာတစ်ရပ်ရှိသည်။ ဆိုလိုသည်မှာ ယင်းပါတီများ၏အစီအစဉ်များတွင် အဓိကထားသော ပြဿနာရပ်မှာ မြူနီစီပါယ်အုပ်ချုပ်ရေးအဖွဲ့၏ ထူးခြားသောစရိုက်လက္ခဏာကို ထိန်းသိမ်းရေးပင် ဖြစ်သည်။ ဒေသအဆင့် နိုင်ငံရေးပါတီအားလုံးအနက်တစ်ဝက်ခန့်သည် ယခုပါတီအမျိုးအစားတွင် ပါဝင်နေသည်။ ယင်းပါတီများသည် သာမန်အားဖြင့် ရှည်လျားသောသမိုင်းကြောင်းရှိထားသည့် သီး ခြားလွတ်လပ်သောဒေသန္တရပါတီများဖြစ်သည်။

၂။ ဆန္ဒပြပါတီများ၊

သီးခြားလွတ်လပ်သောဒေသအဆင့်ပါတီမျိုးဖြစ်ပြီး မြူနီစီပါယ်အဖွဲ့၏အစီအစဉ်ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် မြူနီစီပါယ်အုပ်ချုပ်ရေးအပေါ် အထွေထွေမကျေနပ်မှုကို ဖော်ပြခြင်းကိုအဓိကအားပြုသည်။ ဒေသအဆင့်သီးခြားလွတ်လပ်သောပါတီများအနက်လေးပုံတစ်ပုံကျော်သည် ယခုပါတီအမျိုးအစား ထဲတွင် ပါဝင်သည်။

၃။ အကျိုးစီးပွားပါတီများ၊

နောက်ဆုံးအမျိုးအစားဖြစ်သည့် ဤပါတီမျိုးသည် သီးခြားဒေသခံအုပ်စုများ ၏အကျိုးစီးပွားများအတွက် အားစိုက်ဆောင်ရွက်သည့် သီးခြားလွတ်လပ်သောပါတီများဖြစ်သည်။ ဒေသအဆင့်ပါတီအားလုံး၏လေးပုံတစ်ပုံနီးပါးသည် ဤပါတီမျိုးတွင် ပါဝင်သည်။ ဒေသစွဲပါတီများ ကဲ့သို့ပင် အကျိုးစီးပွားပါတီများသည် အချိန်တချို့အထိ ရှိတတ်ကြသည်။

ကိုးကား- Independent Local Political Parties in the Netherlands