အသစ်များ > “အတူယှဉ်တွဲနေထိုင်ခြင်း” နှင့် “အတူပေါင်းစည်းခြင်း” ဖယ်ဒရယ်စနစ်များ
“အတူယှဉ်တွဲနေထိုင်ခြင်း” နှင့် “အတူပေါင်းစည်းခြင်း” ဖယ်ဒရယ်စနစ်များ
2022-09-06
သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သောပြည်နယ်များ အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် ဖက်ဒရယ်တိုင်းပြည်ကို ဖွဲ့စည်းထူထောင်နိုင်သည်(ဥပမာ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နှင့် ဩစတြေးလျ)။ ဤပြည်နယ်များစုပေါင်းခြင်းကို တစ်ခါတစ်ရံ “အတူယှဉ်တွဲနေထိုင်ခြင်း” ဖက်ဒရယ်ပြည် ထောင်စုများအဖြစ် ခေါ်ကြသည်။ တချို့နေရာများတွင် ဖက်ဒရယ်ပြည်ထောင်စုများကို တစ်ပြည်ထောင်နှင့် ဗဟိုချုပ်ကိုင်မှုရှိသောပြည်နယ်တစ်ခု ဖြစ်လေ့ရှိသည့်နိုင်ငံတစ်နိုင်ငံ၏ဖွဲ့စည်းမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ဖွဲ့ စည်းထူထောင်ကြသည်(ဥပမာ နိုင်ဂျီးရီးယား၊ စပိန်၊ အိန္ဒိယ)။ ဤသို့ဖွဲ့စည်းမှုများကို “အတူပေါင်းစည်းခြင်း” ဖက်ဒရယ်ပြည်ထောင်စုများအဖြစ် ခေါ်တတ်ကြသည်။
အတူယှဉ်တွဲနေထိုင်ခြင်း ဖက်ဒရယ်ပြည်ထောင်စုများကို အောက်ပါအကြောင်းရင်းများကြောင့် အများ အားဖြင့် ဖွဲ့စည်းထူထောင်ကြသည်။
- နယ်မြေပိုင်နက်ကြီးမားသော တိုင်းပြည်များ၏အုပ်ချုပ်ရေးကို စီမံဆောင်ရွက်ရေး
- ကိုယ့်နယ်မြေခုခံကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာစွမ်းရည်ကို ပိုမိုမြင့်မားလာစေရေး
- ပိုမိုကြီးမားသော စျေးကွက်နှင့် ကုန်သွယ်ရေးဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး
- နိုင်ငံခြားဆက်ဆံရေးများတွင် စုပေါင်းလုပ်ဆောင်နိုင်သောစွမ်းပကားကို မြင့်မားစေရေး
- ပါဝင်ဆောင်ရွက်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုအတိုင်းအဆကို ပိုမြင့်မားစေခြင်းဖြင့် ဒီမိုကရေစီကို အ ရှိန်မြှင့်တင်ရေး။
“အတူပေါင်းစည်းခြင်း”ပြည်ထောင်စုများကို အများအားဖြင့် နယ်မြေပိုင်နက်တစ်ခုအတွင်း ကွဲပြားခြားနား မှု (အထူးသဖြင့် လူမျိုးစု၊ ဘာသာစကားနှင့် ဘာသာတရားအရ ခြားနားချက်များ)ကို ဖြေရှင်းရန် ဖွဲ့စည်းထူ ထောင်ကြသည်။ ဤသို့သောပြည်ထောင်စုများဖွဲ့စည်းရာတွင် အများအားဖြင့် တိုင်းပြည်၏ကွဲပြားသောနေရာ ဒေသအသီးသီးတွင် လွှမ်းမိုးထားသော လူနည်းစုဝင်လူမှုအသိုင်းအဝိုင်းများထံ ကိုယ်ပိုင်-အစိုးရဟူသောစီမံ ချက်တစ်ရပ်ကို ဖော်ဆောင်ရန်ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။ ယခုလို ဖက်ဒရယ်စနစ်မျိုးသည် လူနည်းစု များ၏ ယဉ်ကျေးမှု၊ ဘာသာစကား သို့ ဘာသာရေးကို ကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်သည်၊ ထို့အ ပြင် ယင်းလူနည်းစုအသိုင်းအဝိုင်းများ၏ သီးခြားဝန်းကျင်အခြေအနေများနှင့် လိုအပ်ချက်များကို ပိုမိုကောင်း မွန်စွာ တုံ့ပြန်ဖြည့်ဆည်းပေးရန်လည်း ရည်ရွယ်သည်။ “အတူပေါင်းစည်းခြင်း” ပြည်ထောင်စုများသည် စုစည်းမရအောင် အစိတ်စိတ်အမွှာမွှာပြိုကွဲခြင်း သို့ ပဋိပက္ခဖြစ်ခြင်းမျိုးကို ရှောင်ရှားနိုင်ရန်အတွက် လူနည်းစု များ သို့ နယ်မြေဒေသများထံ ကိုယ်ပိုင်အုပ်ချုပ်လွတ်လပ်ခွင့်ကို ပိုမိုပေးအပ်လိုက်ခြင်းဖြင့် တိုင်းပြည်မပြိုကွဲ ရေးကို ထိန်းသိမ်းပေးရန် ရည်ရွယ်သည်။
“အတူပေါင်းစည်းခြင်း”ပြည်ထောင်စုများကို အတွေ့ရပိုများသော နိုင်ငံများသည် လူမျိုးစု သို့မဟုတ် ဘာသာရေး ဆိုင်ရာပဋိပက္ခကို ရင်ဆိုင်တွေ့ကြုံရသော သို့မဟုတ် လူနည်းစုတစ်စုထက်မကအပေါ် သမိုင်းစဉ်ဆက်ဘေးဖယ် ထုတ်ထားကြသည့် နိုင်ငံများဖြစ်တတ်ကြသည်။ ဖက်ဒရယ်စနစ်ကို ဘော့စနီးယား၊ ကွန်ဂိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ၊ အီရတ်၊ ဆူဒန်နှင့် တောင်အာဖရိကနိုင်ငံတို့တွင် ပဋိပက္ခဖြစ်ပွားပြီးအခြေအနေမျိုးများ၌ ကျင့်သုံးနေကြပြီး သီရလင်္ကာနှင့် နီပေါလ်တို့တွင် ကျင့်သုံးရန် စဉ်းစားနေဆဲဖြစ်သည်။
အကျိုးရလဒ်အနေဖြင့် ယင်းနိုင်ငံများသည် ဖက်ဒရယ်စနစ်ကို ထူထောင်ရာ၌ စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင် ဆိုင်ရပြီး “အတူယှဉ်တွဲနေထိုင်ခြင်း”ပြည်ထောင်စုနိုင်ငံများမှာကဲ့သို့ ပြင်းထန်မှုတော့မရှိပါ။ ဗဟိုနှင့် နယ် မြေအစိုးရကြား အာဏာများခွဲဝေရေးအတွက် အစုအဖွဲ့အားလုံးအနေဖြင့် သီးခြာခွဲဝေကျင့်သုံးသောအာဏာ စနစ်တစ်ရပ်အပေါ် သဘောတူညီမှုရှိရန် လိုအပ်သည်။ ဤသို့သောအခြေအနေမျိုးတွင် အစုအဖွဲ့များ(လူမျိုး စုနှင့် နယ်မြေအဆင့်ပါတီများအပါအဝင်)သည် ယင်းတို့၏အရေးပါသောအကျိုးစီးပွားများကို ဖက်ဒရယ်စနစ် က ဆန့်ကျင်နေသည်ယူဆကာ လိုက်လျှော့ခွင့်ပြုမှုမပေးချင်ဘဲ ဖြစ်နေနိုင်သည်။ ဤအကြောင်းများကြောင့် ပင် ပြည်နယ်နှင့် အမျိုးသားအဆင့်ဦးစီးဆောင်ရွက်သူများ(နိုင်ငံရေးပါတီများအပါအဝင်)ကြား ယုံကြည်မှုနှင့် ညှိနှိုင်းမှုရှိရေးသည် ဖက်ဒရယ်စနစ်တစ်ရပ်၏ ရှေ့ပြေးလိုအပ်ချက်ဖြစ်လာရသည်။
ဖက်ဒရယ်စနစ်များကို ဖွဲ့စည်းထူထောင်ခြင်း
ယေဘုယျအားဖြင့် “အတူပေါင်းစည်းခြင်း”ပြည်ထောင်စုများထက် “အတူယှဉ်တွဲနေထိုင်ခြင်း”ပြည်ထောင်စုများကို ထူထောင်ရာတွင် စိန်ခေါ်မှုက ပိုနည်းပါသည်။ “အတူယှဉ်တွဲနေထိုင်ခြင်း”ပြည်ထောင်စု ထူထောင်ခြင်းသည် ယေဘုယျအားဖြင့် အတူယှဉ်တွဲနေထိုင်ခြင်းမှ ရရှိမည့်အကျိုးတရားများကို အသိအမှတ်ပြုသည့် အစုအဖွဲ့အသီးသီး၏ လိုက်လျောသဘောတူညီမှုအပေါ် အခြေခံသည်။ ထို့အပြင် အတူယှဉ်တွဲနေထိုင်ကြမည်ဟု ဆုံးဖြတ်ခဲ့သော ဖက်ဒရယ်အဖွဲ့အသီးသီးသည် ယခင်က သီးခြားလွတ်လပ်သော ပြည်နယ်များဖြစ်ကြသဖြင့် ယင်းတို့တွင် နိုင်ငံရေးစနစ်များ အခြေတကျခိုင်မာစွာ ရှိထားပြီးဖြစ်သည်။ ယင်းသို့ သောနိုင်ငံရေးစနစ်များအရ ရှိနေပြီးသား နိုင်ငံရေးရာဌာနအဖွဲ့အစည်းများကို ဖက်ဒရယ်/အမျိုးသားအဆင့် အပေါ် တင်ပေးလိုက်ရုံသာလိုအပ်တော့သည်။
အခြားတစ်ဖက်တွင်မူ “အတူပေါင်းစည်းခြင်း”ပြည်ထောင်စုများသည် အာဏာကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သွားရင်း အကျိုးစီးပွားရရှိနေသောအစုအဖွဲ့များရှိနေသဖြင့် ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရန် မလွယ်ကူပေ။ ယင်းအစုအဖွဲ့များသည် ဖက်ဒရယ်ထူထောင်ဖွဲ့စည်းခြင်းကို ခုခံမှုတောင်ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ အခြားတစ်ဖက်မှကြည့်လျှင် နယ်မြေကိုယ်ပိုင်လွတ်လပ်ခွင့်ကို တောင်းဆိုနေသော လူနည်းစုအုပ်စုများသည် ယင်းတို့၏ရည်ရွယ်ချက်များကို အကြမ်းဖက်မှုကို အသုံးချ၍ရရှိအောင် ပြင်ဆင်နေနိုင်ပြန်သည်။ ဤသို့ဖြင့် ပြည်နယ်တစ်ခု ဖွဲ့စည်းရန်အတွက် အပြန်အလှန်ရရှိမည့် အကျိုးစီးပွားမှာ ‘အတူယှဉ်တွဲနေထိုင်ခြင်း’ မှာကဲ့သို့ ရှင်းရှင်းလင်းလင်းမရှိဖြစ်နေသည်။ “အတူပေါင်းစည်းခြင်း”ပြည်ထောင်စုများကို အောက်ပါအကြောင်းနှစ်ချက်ကြောင့် ဖွဲ့စည်းထူထောင်ရန် ပိုမိုခက်ခဲသည်။
၁။ စနစ်ကို ပုံဖော်နေချိန်မှာပင် ခက်ခဲသောဆုံးဖြတ်ချက်များစွာကို ချမှတ်နေရသည်။ ထိုဆုံးဖြတ်ချက် များသည် အာဏာခွဲဝေခြင်းကဲ့သို့ အငြင်းပွားစရာပြဿနာရပ်များနှင့် ဆက်စပ်နေပြီး မတူသောအစု အဖွဲ့များကြား ယုံကြည်မှုအဆင့်ကျဆင်းနေသောအခြေအနေမျိုးများတွင် ဆုံးဖြတ်ချက်ချရန်ခက်ခဲ နိုင်သည်။
၂။ အသစ်ဖွဲ့လိုက်သောဖက်ဒရယ်အဖွဲ့များတွင် အစိုးရပေါင်းများစွာကို ထူထောင်နေရသည်။ ဤအချက်သည် ယခင်တုန်းက ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်းရည် သို့ အတွေ့အကြုံ၊ မူဝါဒများကို အ ကောင်အထည်ဖော်နိုင်စွမ်းရည် သို့မဟုတ် အတွေ့အကြုံ မရှိခဲ့ဖူးသည့် နယ်မြေဒေသများအတက် စိန်ခေါ်မှု ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့်နှစ်ရပ်စလုံးအတွက် ဌာန အဖွဲ့အစည်းများကို ထူထောင်ရေးသည် ကြီးမားသော စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်။
1 ဖက်ဒရယ်စနစ်အကြောင်းဆွေးနွေးရာတွင်တင်စားသည့်အသုံးအနှုန်းဖြစ်သည်။ တင်စားမှုဟုဆိုသော်လည်းလက်တွေ့ဖက်ဒရယ်စနစ်ထူထောင်ကျင့်သုံးမှုနှင့်လည်းဆက် စပ်မှုရှိနေသည်။ နိုင်ငံကြီးတစ်နိုင်ငံသည် ယင်း၏အာဏာကို မဲဆန္ဒနယ်ပြည်နယ်များနှင့်အမျိုးသားအစိုးရကြားခွဲဝေသုံးစွဲမည်ဟုဆုံးဖြတ်လိုက်လျှင်ယင်းပုံစံကို’အတူယှဉ်နွှဲ လက်တွဲခြင်း’ပြည်ထောင်စုစနစ်ဟုခေါ်သည်။ သီးခြားလွတ်လပ်သောပြည်နယ်များသည် ပိုမိုကြီးမားသောပြည်နယ်တစ်ရပ် သို့ တိုင်းပြည်တစ်ပြည်ကို ထူထောင်ရန်အတူတ ကွစုစည်းလာကြခြင်းကို ‘အတူပေါင်းစည်းလက်တွဲခြင်း’ပြည်ထောင်စုစနစ်ဟု ခေါ်သည်။