၁၉၄၈ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ဆင် ဟာလီ(sinhalese) လူမျိုးများဖြစ်ကြပြီး ကျန် ၂၃ ရာခိုင်နှုန်းခန့်မှာ တမီးလ်(tamils) လူမျိုးများဖြစ်ကြသည်။ လူများစုဖြစ်သည့် ဆင်ဟာလီလူမျိုး ၉၂ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဆင်ဟာလီဘာသာစ ကားကို အဓိကသုံးနှုန်းပြောဆိုကြသည်။ တမီးလ်လူမျိုးများ၏ ၈၆ ရာခိုင်နှုန်းခန့်မှာ ဟိန္ဒူဘာသာဝင်များဖြစ် ကြပြီး တမီးလ်ဘာသာစကားကို အများဆုံးပြောကြသည်။ လွတ်လပ်ရေးမရခင်က ထိုလူမျိုးစုနှစ်စုကြား ငြိမ်း ချမ်းရေးသည် နှစ်ပေါင်းရာနှင့်ချီ တည်တံ့ခဲ့ပြီး ပုန်ကန်မှု၊ လူမျိုးရေးအကြမ်းဖက်မှုဟူ၍ စိုးစင်းမျှမရှိခဲ့ပါ။ ထို ငြိမ်းချမ်းရေးကာလအတွင်း သီရိလင်္ကာနိုင်ငံ၏ စည်းစိမ်၊ အာဏာနှင့် ရာထူးဌာနန္တရတို့ကို ပညာတတ်၊ အင်္ဂ လိပ်စာတတ်(ခရစ်ယာန်ဘာသာဝင်များ) တမီးလ် ဆင်ဟာလီ ကြေးရတတ်အသိုင်းအဝိုင်းတို့က ကြီးစိုးထား ကြသည်။ ၁၉၅၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဆောလ်မိုဘနဒ် ရာနကို အာဏာရလာသည့်အခါ ကြေးရတတ်အသိုင်း အဝိုင်းများ၏လက်ထဲ အာဏာရောက်နေခြင်းက နိုင်ငံအတွက် မျှတမှုမရှိကြောင်း ၎င်းကဝေဖန်ခဲ့သည်။ ထို အခြေအနေကို ပြောင်းလဲရန် ဆင်ဟာလီ ဘာသာစကားကို ပြည်သူများ ပိုမိုသုံးစွဲလာစေမည့်ဥပဒေများကိုပြ ဋ္ဌာန်းဖော်ဆောင်ခဲ့သည်။ ထိုပြဋ္ဌာန်းဖော်ဆောင်ချက်တွင် ဆင်ဟာလီမျိုးနွယ်များအတွက် အလုပ်အကိုင်နှင့် ပ ညာရေးဆိုင်ရာအခွင့်အလမ်းများကို ပိုမိုထည့်သွင်းပေးထားသည်။ ထိုမှတစ်ဆင့် ဆင်ဟာလီဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်ပြဋ္ဌာန်းခဲ့ရာတွင် ဝိဒါဒကွဲပြားမှုများဖြစ်ပေါ်လာသည်။ အထူးသဖြင့် ရုံးသုံးဘာသာ စကားအဖြစ်ပြဋ္ဌာန်းခြင်းက ကျန်ရှိသောတမီးလ်လူမျိုးများအပေါ် ဆိုးကျိုးသက်ရောက်သွားသည်။
၁၉၇၀ ခုနှစ်ဝန်းကျင်တွင် တက္ကသိုလ်ဝင်ခွင့်တန်းတူညီမျှရှိရန်ဟုဆိုကာ ဒေသအလိုက်ပညာရေးအား နည်းသောကျောင်းသားများကို အထက်တန်းပညာသင်ကြားခွင့်ရစေမည့် ဥပဒေကို ရေးဆွဲပြဋ္ဌာန်းလိုက်သည်။ ထိုအခါ အကျိုးရလဒ်အနေဖြင့် တမီးလ်လူမျိုးများ၏တက္ကသိုလ်ဝင်တန်းရရှိမည့် အချိုးအစားဦးရေလျော့ကျ သွားတော့သည်။ ၁၉၅၅ခုနှစ်တုန်းက အစိုးရအဖွဲ့တွင်း ၂၅ရာခိုင်နှုန်းခန့် ကိုယ်စားပြုမှုရှိခဲ့သော တမီးလ်လူ မျိုးများသည် ၁၉၇၉ခုနှစ်တွင်မူ ထိုရာခိုင်နှုန်း၏တစ်ဝက်ခန့်သာ ကိုယ်စားပြုနိုင်တော့သည်။ ပညာရေးနှင့် အ လုပ်အကိုင်အခွင့်အလမ်းများ ကန့်သတ်ချုပ်ချယ်ခံလိုက်ရသဖြင့် တမီးလ်လူမျိုးများသည် မကျေမနပ်ဖြစ်ကာ ဆူပူအုံကြွလာသည်၊လမ်းပေါ်ထွက်ဆန္ဒပြလာကြသည်၊ လူမျိုးရေးအကြမ်းဖက်မှုအဆင့်ထိရောက်ကာ နောက် ဆုံးတွင် ပြည်တွင်းစစ်ဖြစ်ပွားရသည်အထိ လူမျိုးနှစ်မျိုးကြားပဋိပက္ခမီးသည် ကြီးထွားသွားတော့သည်။