အသစ်များ > ဖြစ်ရပ်လေ့လာချက်များ-မလေးရှားနိုင်ငံ

ဖြစ်ရပ်လေ့လာချက်များ-မလေးရှားနိုင်ငံ

2022-08-29

မလေးရှားနိုင်ငံ၏ လူမျိုး၊ အသားအရောင်ကြောင့်အနှိမ်ခံရခြင်းမှ ကာကွယ်ပေးရေးအစီအစဉ်များ

မလေးရှားနိုင်ငံ၏နိုင်ငံရေးတွင် မလေးလူမျိုးများက အဓိကလွှမ်းမိုးထားသော်လည်း နိုင်ငံတွင်း တရုတ်နှင့် အိ န္ဒိယလူမျိုးများက သမိုင်းတစ်လျှောက်ချမ်းသာကြွယ်၀ကြသူများဖြစ်ရာ ဌာနေမလေးလူမျိုးများထက်ပင် စီး ပွားရေးအရပိုမိုအောင်မြင်နေကြသည်။ ထိုသို့ဆင်းရဲချမ်းသာကွာဟချက်ကြောင့် လူ့အဖွဲ့အစည်းအတွင်း လူ မျိုးရေးတင်းမာမှုအရှိန်မြင့်တက်လာပြီး ၁၉၆၉ခုနှစ်တွင် အဓိကရုဏ်းထဖြစ်ကြတော့သည်။ လူမျိုးရေးအဓိက ရုဏ်များဖြစ်ပွားပြီးနောက် မလေးရှားသမ္မတအဖြစ် ဒေါက်တာမဟာသီ မိုဟာမက်က တိုင်းပြည်၏ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်၀ချမ်းသာရေးအတွက် အစိုးရသည် မလေးလူမျိုးများနှင့် အခြားတိုင်းရင်း သားလူမျိုးစုံများကြားကွာဟချက်ကို ကျဉ်းမြောင်းအောင်ဖြည့်စွမ်းပေးရန်လိုအပ်ကြောင်းပြောဆိုခဲ့သည်။

မလေးလူမျိုးများ၏စီးပွားရေးအခြေအနေကို မြှင့်တင်ပေးရန်အစိုးရသည် စီးပွားရေးမူဝါဒသစ် (NEP) ကို စ တင်အကောင်အထည် ဖော်ခဲ့သည်။ ယင်းမူဝါဒသစ်အရ အစိုးရက နိုင်ငံသားများကို ချေးငွေထုတ်ပေးသည်။ ထို့နောက် နိုင်ငံသားများအတွက် ပညာရေးအခွင့်အလမ်းများကိုလည်း တိုးမြှင့်ပေးသည်။ အများအားဖြင့် နိုင် ငံရေးတွင်အနှိမ်ခံများကို ပြန်အရေးပေးဆက်ဆံသည့်မူကို ကျင့်သုံးရာတွင် လူနည်းစုများကို အခွင့်အရေးပို ပေးလိုက်ခြင်းနှင့်ပြီးတတ်ကြသော်လည်း မလေးရှားအစိုးရ ကျင့်သုံးသောအထက်ပါမူမှာ ထူးခြားသည်။ သို့ သော် မလေးရှားနိုင်ငံတွင်း ပြည်တွင်းရေးပဋိပက္ခကို လျှော့ချရာတွင် စီးပွားရေးမူဝါဒသစ်က အလုပ်ဖြစ်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ယဉ်ကျေးမှုအစုံအလင် ယှဉ်တွဲနေထိုင်နိုင်သောလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းရေးအတွက် ပံ့ပိုးပေးနိုင်ခဲ့သည်ကို လူအများက သဘောတူသည်။