ဇာတိ၊ အလုပ်အကိုင်အဆင့်အတန်း၊ လူမှုရေးတာဝန်အစရှိသည်တို့ကိုအကြောင်းပြု၍ ဇာတ်ခွဲခြားခြင်းစနစ် သည် အိန္ဒိယလူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းထောင်ချီ အမြစ်တွယ်လျက်ရှိသည်။ ထိုစနစ်အရ လူ့အဖွဲ့အစည်း ကို ဇာတ်လေးမျိုးလေးစားခွဲခြားထားပြီး ဗြဟ္မဏ(ဝါ)သူတော်စင်များ(brahmans) ၊ မင်းစိုးရာဇာများ(kshat riyas) ၊ ကုန်သည်သူဌေးသူကြွယ်များ (vaishyas) နှင့်အရပ်သားများ (sudras) ဟူ၍ပါဝင်သည်။ ဇာတ်စနစ် ၏အောက်ခြေတွင် သာမန်အရပ်သား အပယ်ခံနင်းပြားများရှိသည်။
အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင် ‘ဂန္ဒီ’သည် ဇာတ်ခွဲခြားခြင်းစနစ်၏မမျှတသော အခြေ အနေများကို စက်ဆုပ်ခဲ့ပြီး ယင်းစနစ်အတွင်းရှိအောက်ခြေလူတန်းစားတို့၏ အခွင့်အရေးများဘက်က မားမား မတ်မတ်ရပ်တည်ပေးခဲ့သည်။ အကျိုးဆက်အနေဖြင့် အိန္ဒိယနိုင်ငံ၏ ၁၉၅၀ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပယ်ခံဟူသောစကားရပ် ပျောက်ပျက်သွားသည်။ ထို့နောက် ဇာတ်နိမ့်လူတန်းစားတို့၏ ဘ၀တိုးတက် ကောင်းမွန်လာစေရန် ‘အနှိမ်ခံအုပ်စုများကို ပြန်အရေးပေးဆက်ဆံ’သည့်အစီအမံများလည်း တစ်ဆက်တည်း ထွက်ပေါ်လာသည်။ ထိုအစီအမံများကို ‘ပြန်လည်နေရာချထားပေးရေး’အစီအစဉ်များ (reservations) ဟု လည်းခေါ်သည်။
ကနဦးတွင် ယင်းအစီအစဉ်များအပေါ် အိန္ဒိယနိုင်ငံသားတို့၏တုံ့ပြန်မှုမှာ အမျိုးမျိုးရှိပြီး မျိုးနွယ်ဇာတ်အပေါ် အကြောင်းပြုခွဲခြားဆက်ဆံမှုများကလည်း အပြီးတိုင်မပျောက်ပျက်သေးသည့်အပြင် ပြဋ္ဌာန်းဥပဒေများမှာ လည်း အငြင်းပွားဖွယ်ရာဖြစ်နေသည်။ သို့သော် ပြန်လည်နေရာချထားပေးရေးအစီအစဉ်များကြောင့် ဇာတ် နိမ့်ဇာတ်မြင့်ကွာဟချက်ကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချပေးနိုင်ခဲ့သည်။ ဤသို့လျှော့ချရာတွင် ဇာတ် နိမ့်အိန္ဒိယလူမျိုးများကို အဓိကထားနေရာချပေးကာ အလုပ်အကိုင်၊ ပညာရေးနှင့် အစိုးရအဖွဲ့တွင်း အခွင့်အလမ်းများကို တိုးမြှင့်ပေးအပ်လိုက်ခြင်းဖြစ်သည်။