အသစ်များ > မဲဆွယ်ရေးမဟာဗျူဟာများနှင့် မီဒီယာ

မဲဆွယ်ရေးမဟာဗျူဟာများနှင့် မီဒီယာ

2023-01-21

ရွေးကောက်ပွဲမဲဆွယ်မှုတွင် မီဒီယာ၏အရေးကြီးဆုံးအခန်းကဏ္ဍမှာ မဲဆန္ဒရှင်များအား ၎င်းတို့၏ရွေးချယ်မှု များနှင့်စပ်လျဉ်း၍ ဉာဏ်အမြော်အမြင်ရှိရှိဆောင်ရွက်ခွင့်ပေးရန်ပင်ဖြစ်သည်။ နောက်ထပ်အခန်းကဏ္ဍမှာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိ၊မရှိကို လေ့လာစူးစမ်းရန်ပင်ဖြစ်သည်။ မီဒီယာအတွက်တတိ ယမြောက်အခန်းကဏ္ဍမှာ မဲအနိုင်ရအောင် ပါတီများ ကြိုးစားအသုံးပြုနေသည့် မဟာဗျူဟာများအကြောင်း အစီရင်ခံတင်ပြရန်ဖြစ်သည်။ မဲဆန္ဒရှင်များသည် ပါတီက အမျိုးမျိုးသောလူအများကို မတူကွဲပြားသောကတိ ကဝတ်များပေးနေလျှင် ထိုကတိကဝတ်များအား သိသင့်သိထိုက်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ပါတီခေါင်း ဆောင်များကိုသာမက ပါတီမူဝါဒနှင့် ပါတီ၏အတိတ်မှတ်တမ်းများကိုပါ သိရန်လိုအပ်သည်။

ပါတီမဟာဗျူဟာများ။ အဓိကဒေါက်တိုင်ဖြစ်သောဆန္ဒမဲ

ပါတီတစ်ခု၏အရေးပါသောမဟာဗျူဟာတစ်ရပ်မှာ ယခင်က ပါတီကို ထောက်ခံခဲ့သည့် လူအများ၏ဆန္ဒမဲ များကို ရရှိရန်ဖြစ်သည်။ ဤသို့အစဉ်အဆက်ထောက်ခံမှုကို ပါတီ၏နိုင်ငံရေးအခြေခံ သို့မဟုတ် အဓိကဒေါက် တိုင်ဖြစ်သောဆန္ဒမဲဟုခေါ်သည်။ ပါတီ၏အခြေခံသည် ပါတီကို နှစ်သက်သောနယ်မြေဒေသတစ်ခုမှ ဖြစ် နိုင်သည်။ အကြောင်းမူ ပါတီက အဆိုပါဒေသ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်  ပါတီသည် လယ်သမားများ သို့မဟုတ် အလုပ်သမားများ၏အကျိုးစီးပွားများအတွက် ရေရှည်ထောက်ခံပေးသူ ဖြစ်ကောင်းဖြစ်နိုင်သည်။

မဲဆွယ်ရေးကာလအတွင်း သတင်းထောက်များသည် ပါတီတစ်ခုက ၎င်း၏အခြေခံထောက်ခံမှုကို မည်သို့ ကောင်းစွာဆွဲဆောင်ထားနိုင်သည်၊ ပါတီသည် စနစ်တကျစုဖွဲ့ထားခြင်းဖြစ်သလား၊ ပါတီသည် ထောက်ခံသူ များကို မဲပေးခြင်းအတွက်မှတ်ပုံတင်ရေး အားပေးသလား၊ ပါတီခေါင်းဆောင်သည် အခြေခံထောက်ခံမှု အ တွက်ကိုသာ အချိန်များများယူကာ ဟောပြောနေသလား၊ ပါတီသည် ၎င်း၏အခြေခံထောက်ခံမှုကို ဆုံးရှုံး လိုက်ရသလား၊  အခြေခံထောက်ခံမှုတွင်း မဲဆန္ဒရှင်များသည် ဤအခြေခံအကြောင်း မည်သည်ကိုပြောကြသ နည်း၊ အစရှိသည်တို့ကို ထည့်စဉ်းစားရန်လိုအပ်သည်။

ဆုံးဖြတ်ရခက်နေသောမဲဆန္ဒရှင်များ

ရွေးကောက်ပွဲအများအပြားတွင် ပါတီတစ်ခုသည် အဓိကဒေါက်တိုင်ဖြစ်သောဆန္ဒမဲဖြင့်သာ အနိုင်မရနိုင်ပါ။ပါ တီအနေဖြင့် ဆုံးဖြတ်ရခက်နေသောလူအများ၏ဆန္ဒမဲများကိုလည်း ရရှိရန်ဆွဲဆောင်ရမည်ဖြစ်သည်။ ဆုံး ဖြတ်ရခက်နေသောမဲဆန္ဒရှင်များသည် ပထမဆုံးအကြိမ်မဲပေးဖူးသည့် လူငယ်များဖြစ်နိုင်သည်။ အလွန်ကြီး မားသောအုပ်စုတစ်စုလည်း ဖြစ်နိုင်သည်။

ဆုံးဖြတ်ရခက်နေသောမဲဆန္ဒရှင်များတွင် ယခင်ပါတီဟောင်းအပေါ် မကျေနပ်နိုင်ပြီး သစ္စာမထားလိုတော့ကာ အပြောင်းအလဲတစ်ရပ်ကို လိုချင်သည့်လူများလည်း ပါဝင်နိုင်သည်။

ဒီမိုကရေစီနိုင်ငံတချို့တွင် ပါတီများသည် မဲဆွယ်ရေးစေတနာ့လုပ်အားပေးများကို အိမ်ပေါက်စေ့စေလွှတ်ပြီး ဆုံးဖြတ်ရခက်နေသောမဲဆန္ဒရှင်များ၏ထောက်ခံမှုကို တောင်းယူခိုင်းသည်။ အဆိုပါမဲဆန္ဒရှင်များထံ ပါတီ များသည် ပေးစာများ၊ ပုံနှိပ်လက်ကမ်းစာများကိုလည်း ပေးပို့ပြီး မီဒီယာတွင် ကြော်ငြာထည့်သွင်းသည်။ ဤ လုပ်ငန်းမှာ လုပ်အားပေးများစွာလိုအပ်ပြီး ကုန်ကျစရိတ်ကြီးသည်။ ထို့အပြင် မဲဆန္ဒရှင်များ၏ထောက်ခံမှုရရှိ ရန် လုပ်အားပေးများစေလွှတ်ခြင်းနှင့် ပေးစာများပို့ခြင်းသည် မဲဆန္ဒရှင်တချို့ကို ထိတ်ထိတ်ပြာပြာ ဖြစ်စေ နိုင်သည်။ လူအများ ကျေးလက်ဒေသတွင်း ဝေးဝေးလံလံ နေထိုင်ကြသည့် သို့မဟုတ် စာမဖတ်တတ်သည့် နိုင်ငံအများအပြားတွင် ယခုလိုအလှမ်းကျယ်ကျယ်ဆောင်ရွက်ချက်မျိုးကို လုပ်၍ရနိုင်ချင်မှရနိုင်သည်။ နိုင်ငံ တချို့တွင် ပါတီများသည် ကျေးရွာသူကြီးများ သို့မဟုတ် ဒေသခံလူထုအပေါ် မဲမည်သို့ပေးရမည်ဟု ပြောဆို ထိန်းချုပ်နိုင်သော အထင်ကရပုဂ္ဂိုလ်များအား ချဉ်းကပ်မှီခိုရသည်။ ကျေးရွာအကြီးအကဲ သို့မဟုတ် ဒေသခံအ ရာရှိက ဆန္ဒမဲကို လမ်းညွှန်ရန် ခြိမ်းခြောက်မှုများ သို့မဟုတ် လာဘ်ထိုးမှုများ ပြုလုပ်လျှင် တရားမဝင်ပါ။ လူတိုင်းတွင် မည်သူ့ကို မဲပေးမည်ဟု ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်သည်။

အစဉ်အဆက်သစ္စာထားယုံကြည်မှုများနှင့် ဒေသခံအရာရှိများ၏လွှမ်းမိုးမှုကို ကျော်လွန်ရန် နိုင်ငံရေးပါတီများ သည် ယင်းတို့၏အသိပေးစကားကို မဲဆန္ဒရှင်များထံ တိုက်ရိုက်ရောက်ရှိနိုင်စေရန် မီဒီယာဘက်ကို ဦးလှည့်ရ တော့သည်။ မီဒီယာသတင်းတင်ပြမှုနှင့် ကြော်ငြာခြင်း၊ အထူးသဖြင့် အသံလွှင့်ရေဒီယိုနှင့် ယခုအခါရုပ်မြင်သံ ကြားတို့မှတစ်ဆင့် သတင်းအစီရင်ခံခြင်းနှင့် ကြော်ငြာခြင်းတို့သည် ရွေးကောက်ပွဲမဲဆွယ်ရေးများအတွက် အ လွန်အရေးကြီးလာရပြီဖြစ်သည်။

နိုင်ငံရေးပါတီ၏မီဒီယာမဟာဗျူဟာတစ်ရပ်၏ရည်မှန်းချက်မှာ ကိုယ်စားလှယ်အတွက် ထောက်ခံမှုရရှိရန် လူ အများအား လွှမ်းမိုးဩဇာညောင်းနိုင်ရေးပင်ဖြစ်သည်။ လူအများသည် မီဒီယာတွင် ရွေးကောက်ပွဲဝင်ကိုယ် စားလှယ်နှင့်ပတ်သက်ပြီး မြင်သမျှ၊ ကြားသမျှနှင့် ဖတ်မိသမျှတို့ဖြင့် မဲထည့်ခြင်းကြောင့်ဖြစ်သည်။ ယခုလို မီ ဒီယာမဟာဗျူဟာသည် အထူးသဖြင့် နိုင်ငံရေးကို အချိန်အများစုအကုန်ခံ၍ စိတ်ဝင်စားမှုမပေးနိုင်သော ဝေ ခွဲမရ သို့မဟုတ် အားရကျေနပ်မှုမရဖြစ်နေသည့် မဲဆန္ဒရှင်များကို ရည်ရွယ်သည်။ သတင်းသမားများသည် မီဒီ ယာမှတစ်ဆင့်မည်သည့်ပါတီများအလုပ်လုပ်ရန်ကြိုးစားနေသည်ဟူသောအချက်ကိုနားလည်ရန်လိုအပ်သည်။

မီဒီယာမဟာဗျူဟာများ

နိုင်ငံရေးပါတီများသည် ပါတီ၏အကောင်းဆုံးအပြုသဘောဆောင်ပြည်သူ့ပုံရိပ်ကို ပြသနိုင်ရန် ခေါင်းဆောင် ကို အသုံးချကြသည်။ ပါတီများသည် မဲဆန္ဒရှင်များအား ခေါင်းဆောင်၏ပုံရိပ်အပေါ် စိတ်ခံစားချက်ကောင်း ကောင်းဖြင့် တုံ့ပြန်စေချင်သည်။ မိန့်ခွန်းကောင်းများကို မည်သို့ပေးမည်၊ မည်သို့ဝတ်စားဆင်ယင်မည်၊ ခင်မင် ရင်းနှီးစွာ မည်သို့ကြည့်မည်၊ ပြည်သူ့ရှေ့ မည်သည့်အခါမျှ ဒေါသမထွက်ရအစရှိသည်တို့ကို ခေါင်းဆောင်ကို ပြောပြပေးရန် ကျွမ်းကျင်ပညာရှင်များအား ပါတီများက ငှားရမ်းသည်။ ပါတီများသည် မဲဆွယ်ရေးအမှတ်အ သားများနှင့် ကြော်ငြာများတွင် ရုပ်ပုံကားချပ်များထိုး၍ ပြသကြသည်၊ အဆိုပါပုံကားချပ်များတွင် ခေါင်း ဆောင်ကို မဲဆန္ဒရှင်များ၏အမြင်တွင် စိတ်ပါဝင်စားလာအောင် ရိုက်ကူးပြသထားသည်။ 

လူအများမှာ သတင်းမီဒီယာတွင် ၎င်းတို့ မြင်သမျှ၊ ကြားသမျှအရာကိုယုံကြည်တတ်ကြသည်ကို ပါတီကသိ သည်။ ပါတီသည် နားဝင်ပီယံဖြစ်စရာသတင်းများကို ဖန်တီးရန်ကြိုးစားကြသည်။ နားဝင်ပီယံဖြစ်စရာသ တင်းများသည် ကိုယ်စားလှယ်များကို အမြင်တင့်တယ်နေအောင် ပြုလုပ်ပေးသည်။ တစ်နည်းအားဖြင့် မဲဆန္ဒ ရှင်များ၏အိမ်သို့ ကိုယ်စားလှယ် သွားရောက်လည်ပတ်ခြင်း၊ ကလေးများကို နမ်းရှုံ့ခြင်းနှင့် စိတ်ထက်သန်နေ ကြသောမဲဆန္ဒရှင် လူစုလူဝေးကို နှုတ်ဆက်စကားပြောခြင်းတို့ကို တင်ဆင်ပြသပေးခြင်းပင်ဖြစ်သည်။ ပါတီ သည် သတင်းစာရှင်းလင်းပွဲများကိုလည်း ပြုလုပ်ပေးသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲများတွင် ပါတီခေါင်း ဆောင်က မူဝါဒများ သို့မဟုတ် ကတိကဝတ်များကို တင်ပြပြီး အခြားကိုယ်စားလှယ်များနှင့် ပါတီများ၏မူဝါဒ များကို ထိုးနှက်တိုက်ခိုက်သည်။ ပါတီများသည် ၎င်းတို့၏ခေါင်းဆောင်ကို အခြားခေါင်းဆောင်နှင့် တိုက်ရိုက် အချေအတင်စကားရည်လုနေသည်ကို မမြင်တွေ့လိုပါ။ ခေါင်းဆောင်များသည် ပါတီကို ထောက်ခံသည့် သ တင်းစာ သို့မဟုတ် ရေဒီယိုနှင့် ရုပ်မြင်သံကြားပေါ်တွင် တွေ့ဆုံမေးမြန်းမှုများကို ပြုလုပ်ပေးတတ်သည်။

ဤသို့သတင်းကို ကြိုးကိုင်ခြယ်လှယ်မှုသည် သတင်းထောက်များအတွက် ခက်ခဲသောစိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။ ပညာရှင်ပီသသောသတင်းသမားများသည် ခေါင်းဆောင်များအား လူ့အသိုင်းအဝိုင်းက ပြောဆိုနေ ကြသည့် ပြဿနာရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းစေချင်သည်၊ သို့မဟုတ် ခေါင်းဆောင်များတစ်ဦးနှင့်တစ်ဦး ပေးသောကတိများ မတူညီကြသည်ကို မဲဆန္ဒရှင်များအား သိစေလိုသည်။ သတင်းသမားများသည် နားဝင်ပီ ယံဖြစ်စရာသတင်းများနှင့် သတင်းစာရှင်းလင်းပွဲများကို လျစ်လျူရှုမထားနိုင်ပါ။ အကြောင်းမူ အခြားမီဒီယာ က တင်ဆက်သွားလိမ့်မည်ဖြစ်ခြင်းကြောင့်ပင်။ သို့ရာတွင် ပညာရှင်ပီသသောသတင်းသမားများမှာ နိုင်ငံရေး ခေါင်းဆောင်များကို ၎င်းတို့အမြင်တင့်တယ်စေမည့်အကြောင်းအရာများကိုသာ ရွေးပြောခိုင်းခြင်းအစား အ ဖြေရခက်ခဲသောမေးခွန်းများကိုသာ မပြတ်တမ်း မေးနေနိုင်သည်။ ထို့အပြင် သတင်းထောက်များသည်လည်း အခြားခေါင်းဆောင်များနှင့် သက်ဆိုင်ရာမဲဆန္ဒရှင်များကို သတင်းစာရှင်းလင်းပွဲတစ်ရပ် သို့မဟုတ် ဟော ပြောမှုတစ်ရပ်တွင် ပြောခဲ့သည့်အရာအပေါ် မှတ်ချက်ပေးခိုင်းခြင်းဖြင့် ဟန်ချက်ညီမျှမှုကို ရှာဖွေရမည်။ ထိုသို့ ရှာဖွေရန် မေးခွန်းများမေးရဲသည့်သတ္တိရှိရန် လိုအပ်သည်။ သတင်းထောက်များသည် ယဉ်ကျေးပြီး လေးစား မှုရှိသင့်သည်။ ဟန်ချက်ညီသောသတင်းတစ်ပုဒ်အစီရင်ခံတင်ဆက်နိုင်ရန် အချိန်ပိုယူကာ ကြိုးစားအားထုတ် ရပါသည်။ သို့ရာတွင် ပညာရှင်ပီသသောသတင်းသမားများသည် ဘက်ပေါင်းစုံအားလုံးကို အမြဲတမ်းထည့် တွေးစဉ်းစားရန်လိုသည်။

ကိုးကား။ Media and Elections: An Elections Reporting Handbook