အသစ်များ > မဲဆွယ်ရေးသုတေသန

မဲဆွယ်ရေးသုတေသန

2023-01-21

အောင်ပွဲရမဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်ရာတွင် ကနဦးဆုံးခြေလှမ်းသည် ကိုယ်စားလှယ်ဝင်ပြိုင်မည့် မဲ  ဆန္ဒနယ်မြေအတွင်း နိုင်ငံရေးအခြေအနေကို လက်တွေ့သရုပ်မှန်ကျကျ ဆန်းစစ်သုံးသပ်ခြင်းဖြစ်သည်။  မဲဆ န္ဒနယ်မြေ၊ မိမိ၏ပြိုင်ဘက်များနှင့် မဲဆန္ဒရှင်များအကြောင်း အစစအရာရာသိရန် မဖြစ်နိုင်ပါ။ သို့သော် အချိန် ကို အမြော်အမြင်ရှိရှိအသုံးချပြီး ရှင်းလင်းပြတ်သားသောဦးစားပေးအရာများကို ချမှတ်ခြင်းဖြင့် မဲဆွယ်ရေးအ  ဖွဲ့သည် မဟာဗျူဟာကောင်းတစ်ရပ်ကို ချမှတ်ရန်လိုအပ်သော သတင်းအချက်အလက်မျိုးကို စုဆောင်းနိုင်ရ လိမ့်မည်ဖြစ်ပြီး လာမည့်မဲဆွယ်ရေးတွင် အခမ်းအနားပွဲအများစု ကျင်းပရေး ပြင်ဆင်နိုင်ရလိမ့်မည်ဖြစ်သည်။ မဲဆွယ်ရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲရေးအတွက် ပြင်ဆင်ချိန်တွင် တတ်နိုင်သမျှ ပြီးပြည့်စုံစွာ နားလည် ထားသင့်သော အကြောင်းရင်းအချက်များစွာရှိသည်။

၁။ ရွေးကောက်ပွဲအမျိုးအစားနှင့် ရွေးကောက်ပွဲစည်းမျဉ်းများ

၂။ မဲဆန္ဒနယ်မြေ၏သွင်ပြင်စရိုက်လက္ခဏာများ

၃။ မဲဆန္ဒရှင်များ၏သွင်ပြင်စရိုက်လက္ခဏာများ

၄။ လွန်ခဲ့သောရွေးကောက်ပွဲများ၏သွင်ပြင်စရိုက်များ

၅။ ရွေးကောက်ပွဲကို သက်ရောက်နေသော အဓိကအကြောင်းရင်းအချက်များ

၆။ မဲဆွယ်ရေး၏ကိုယ်စားလှယ်နှင့်ပတ်သက်သော အားသာချက်များနှင့် အားနည်းချက်များ

၇။ အလားအလာရှိသောအတိုက်အခံအားလုံး၏အားသာချက်များနှင့် အားနည်းချက်များ

အဆိုပါအချက်တစ်ချက်ချင်းစီသည် မေးခွန်းများစွာထုတ်နိုင်သည်အထိ ချဲ့ကားယူနိုင်သည်။ မဲဆွယ်ရေးအဖွဲ့ သည် မေးခွန်းတချို့အတွက် အဖြေများကို ချက်ချင်းသိလိမ့်မည်ဖြစ်သည်၊ အခြားအဖွဲ့များမှ သုတေသနတ ချို့ကို လိုအပ်လိမ့်မည်။ တချို့ကိစ္စများတွင် သီးခြားမေးခွန်းတစ်ရပ်အတွက် အဖြေကို ပညာတတ်ဆန်ဆန် ခန့်မှန်းကြည့်ရန် လိုအပ်ကောင်းလိုအပ်နိုင်သော်လည်း မတတ်သာသည့်အဆုံးမှ နောက်ဆုံးအားကိုးရာအဖြစ် သာ ထိုသို့လုပ်ဆောင်သင့်သည်။

မဲဆွယ်ရေးအဖွဲ့အနေဖြင့် တတ်နိုင်သမျှ အဆိုပါမေးခွန်းအများအပြားအတွက် အဖြေများကို အချိန်တချို့ယူ ကာ သုတေသနလုပ်ရန် အရေးကြီးသည်။ ကြီးမားပြီး ယုံကြည်စိတ်ချရသောမဲဆွယ်ရေးအဖွဲ့ဖြစ်လျှင် အဖွဲ့ တွင်း မတူသောအဖွဲ့ဝင်အသီးသီးအား မတူသောကဏ္ဍများကို တာဝန်ခွဲဝေအပ်နှင်းချင်စိတ်ရှိရမည်။ ထို့ နောက် အဆိုပါအဖွဲ့ဝင်များက မိမိတို့တွေ့ရှိချက်များကို အပြီးသတ်မဲဆွယ်ရေးအစီအစဉ် ရေးဆွဲရန်တာဝန်ရှိ မည့် မဲဆွယ်ရေးမန်နေဂျာထံ အစီရင်ခံတင်ပြပေးနိုင်မည်ဖြစ်သည်။

တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဲဆွယ်ရေးအဖွဲ့များအနေဖြင့် သုတေသနလုပ်ရန် အချိန် ကန့်သတ်ချက်ကို ဆုံးဖြတ်ရမည်ဖြစ်ပြီး အဆိုပါကန့်သတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အရေးကြီးပါ သည်။စုဆောင်းယူစရာသတင်းအချက်အလက်ဆိုသည်မှာစုဆောင်း၍မကုန်အမြဲပိုမိုရှိနေမည်ဖြစ်သော်လည်း အချိန်ပေးလွန်းကာသုတေသနလုပ်ခြင်းသည် မဟာဗျူဟာချမှတ်ရေးအတွက် စုဆောင်းထားပြီးဖြစ်သော သ တင်းအချက်အလက်ကို အသုံးပြုရာတွင် နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေမည်သာ။

တချို့ကိစ္စများတွင် ယခုလိုသုတေသနပြုခြင်းပုံစံမျိုးသည် နိုင်ငံရေးစစ်တမ်းကောက်ခြင်း သို့မဟုတ် အာရုံ စိုက်ရမည့်အုပ်စုများကဲ့သို့ သိပ္ပံနည်းကျပိုဖြစ်သော အချက်အလက်ရယူရေးနည်းလမ်းများကို အသုံးပြုခြင်းမှ အကျိုးဖြစ်ထွန်းမှုရှိနိုင်သည်။ မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့အတွက် မည်သည့်အရင်းအမြစ်များ ရရှိနိုင် မည်၊ အချိန် နှင့်/သို့ ငွေကြေး ရင်းနှီးသုံးစွဲလိုက်ရမှုနှင့် အဆိုပါအရင်းအမြစ်များ ထိုက်တန်မှုရှိ၊မရှိတို့ကို စဉ်း စားဆုံးဖြတ်ထားရန်လိုအပ်လိမ့်မည်ဖြစ်သည်။ သေးငယ်ပြီး ဒေသန္တရတွင်းဖြစ်သော မဲဆွယ်ရေးများတွင် စစ် တမ်းကောက်ယူရေးအတွက် ငွေပေးရခြင်းသည် မဲဆွယ်ရေးတစ်ခုလုံးလောက် ကုန်ကျစရိတ်များပြားနေ တတ်သည်၊ ထို့ကြောင့် အဆိုပါအချက်ကို ထည့်မစဉ်းစားသင့်ပါ။ ငွေအများအပြားသုံးစွဲကာ ကြော်ငြာရသော ပိုမိုကြီးမားသည့်မဲဆွယ်ရေးတွင်မူ မိမိပေးချင်သောအဆိုအမိန့် ထိရောက်မှုရှိ၊မရှိကို သိနိုင်ရန် ယင်းပမာဏ အထိ ငွေတချို့ကို မသုံးစွဲဘဲနေခြင်းကလည်း ဉာဏ်မရှိရာကျပါလိမ့်မည်။

မဲဆွယ်ရေးသုတေသနအသွင်အပြင်များ

နိုင်ငံရေးပါတီများအနေဖြင့် သုတေသနကို ပြုလုပ်နိုင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်။ ဖုန်းဖြင့်၊ မျက်နှာချင်း ဆိုင် သို့မဟုတ် အွန်လိုင်းဖြင့် လူအများကို မေးခွန်းမေးခြင်းဖြစ်သည်။ အဆိုပါသုတေသနမျိုးသည် အရေးပါ သော ရွေးကောက်ပွဲများမတိုင်ခင်ပြုလုပ်သည့်အခါ မဲဆွယ်ရေးမဟာဗျူဟာတစ်ရပ်ကို စီစဉ်ဆုံးဖြတ်ရာတွင် အထောက်အကူပေးနိုင်သည်။

သုတေသနသည် နိုင်ငံရေးပါတီများအတွက် ပြောင်းလဲနေသော ပတ်ဝန်းကျင်အခြေအနေများနှင့် မဲဆန္ဒရှင်လူ ထု၏လိုလားချက်များအပေါ် ပြည့်ပြည့်၀၀ တုံ့ပြန်ပေးရန်လိုအပ်သော အလွန်အဖိုးတန်သတင်းအချက်အ လက်ကို ထုတ်ပေးနိုင်သည်။ သုတေသနကို အသုံးပြုရန်နောက်နည်းလမ်းမှာ မဲဆန္ဒရှင်များက မိမိတို့၏ခေါင်း ဆောင်၊ အဆိုအမိန့်၊ ပိုစတာ၊ လက်ကမ်းစာစောင်အစရှိသည်တို့ကို မည်သို့ တုံ့ပြန်မည်ဟူသည်ကို စမ်းသပ် ကြည့်ရန်ဖြစ်သည်။

သုတေသနကောင်းဖြစ်ပါက နိုင်ငံရေးပါတီတစ်ရပ်ကို ပါတီတွင်ရှိနိုင်သော ယူဆချက်များကို အတည်ပြုပေး ခြင်းအားဖြင့်ဖြစ်စေ၊ သို့မဟုတ် အတည်မပြုပေးခြင်းအားဖြင့်ဖြစ်စေ အမှားမလုပ်နိုင်အောင် အုပ်ထိန်းပေးပါ လိမ့်မည်။ ပါတီများ (နှင့် အထူးသဖြင့် ခေါင်းဆောင်များနှင့် ဗျူဟာသမားများ)ချမှတ်လိုက်သည့် ဆုံးဖြတ် ချက်များသည် ပါတီတစ်ရပ်၏အနာဂတ် သို့မဟုတ် ရွေးကောက်ပွဲအောင်မြင်မှုအတွက် အရေးကြီးတတ် သည်။ ထို့ကြောင့်ပင် နိုင်ငံရေးသမားများသည် သုတေသနကို တန်ဖိုးထားကြခြင်းဖြစ်သည်၊တစ်နည်းအားဖြင့် သုတေသနသည် နိုင်ငံရေးသမားများအတွက် ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များကို ပိုမိုရေရာစွာ ချမှတ်နိုင် စေရန် ဖန်တီးပေးသည်။

သုတေသနအကြောင်းအရာများ

ထိရောက်သောမဲဆွယ်ရေးတစ်ရပ်ကို စီစဉ်နိုင်ရန်အလို့ငှာ ပါတီများ သုတေသနပြုရန်လိုအပ်မည့် အရေးတကြီးနယ်ပယ်တချို့တွင် အောက်ပါတို့ ပါဝင်သည်၊

ရွေးကောက်ပွဲစည်းမျဉ်းများ

ကနဦးဆုံး ကိုယ်စားလှယ် ဝင်ပြိုင်မည့် ရွေးကောက်ပွဲအမျိုးအစားနှင့် ရွေးကောက်ပွဲစည်းမျဉ်းများ မည်သို့ဖြစ် နေမည်ဟူသောအချက်တို့ကို စဉ်းစားဆုံးဖြတ်နိုင်ရန်အရေးကြီးသည်။ မြန်မာနိုင်ငံတွင်မူ ဤအတွက်အဖြေက လွယ်ကူရိုးရှင်းသည်၊ အနိုင်ရသူယူတမ်းစနစ်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်အရေအတွက်၊ ၎င်းတို့နှင့် ဆက်စပ်မျှော်မှန်းထားသည့်အားသာချက်တို့အပေါ် အခြေခံကာ မဟာဗျူဟာ ရေးဆွဲစီစဉ်ရန်လည်း လိုအပ် နေဆဲဖြစ်သည်။ မဲဆွယ်ရေးအဖွဲ့သည် ဥပဒေများကို အတိအကျ သုတေသနပြုသင့်ပြီး ဥပဒေများ ရှုပ်ထွေးပြီး မရှင်းမလင်းဖြစ်နေပါက အရေးကြီးဆုံးဆိုလိုရင်းအချက်များကို စာတမ်းတိုတစ်စောင်ဖြင့် အရိပ်အမြွတ်ရေးပြ ဝေငှခြင်းက နိုင်ငံရေးသမားအတွက် ဉာဏ်ရှိရာကျနိုင်သည်။ သတ်မှတ်ချိန်အတိုင်းမပြီးခြင်း သို့မဟုတ် ဥပဒေ ပါအစိတ်အပိုင်းတချို့ကို ဖောက်ဖျက်ခြင်းသည် မဲဆွယ်ရေးမလုပ်ခင်မှာပင် အဆိုပါမဲဆွယ်ရေးကို အဆုံးသတ် သွားစေနိုင်သည်။

မဲဆန္ဒနယ်မြေ

မဲဆွယ်ရေးစီစဉ်သူများသည် တတ်နိုင်သမျှ မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်တို့နှင်သက်ဆိုင်ရာ သတင်းအချက်အ လက်တို့ကို များများစားစား စုဆောင်းထားသင့်သည်။ ဤသို့စုဆောင်းရာတွင် မဲဆွယ်ရေးဝန်ထမ်းအနေဖြင့် ပေါက်ပေါက်မြောက်မြောက် သွားလာရမည့် မြေပြင်အနေအထား(မြစ်များ၊ တောအုပ်၊ တောင်တန်းများအစရှိ သဖြင့်) အမျိုးအစား၊ အရွယ်အစားနှင့် မဲဆွယ်ရေးဝန်ထမ်းနှင့် မဲဆန္ဒရှင်တို့ အသုံးပြုရန်လိုအပ်မည့် သယ်ယူ ပို့ဆောင်ရေးအမျိုးအစားတို့ ပါဝင်သည်။ မဲဆွယ်ရေးဝန်ထမ်းအနေဖြင့် မဲဆန္ဒနယ်မြေရှိလူဦးရေ ပြောင်းလဲ သွားသည်မှာ ကြာ၊မကြာ၊ မည်သည့်နည်းလမ်းများဖြင့် ပြောင်းလဲသွားသည်ဟူသောအချက်တို့ကို ဂရုပြုလေ့ လာရန်လည်း အရေးကြီးပါသည်။ ဥပမာ မဲဆွယ်ရေးအဖွဲ့သည် နောက်ဆုံးကျင်းပသွားသောရွေးကောက်ပွဲပြီး ကတည်းက မဲဆန္ဒနယ်မြေအတွင်းသို့ သိသိသာသာ အခြေချခိုလှုံ သို့မဟုတ်  မဲဆန္ဒနယ်မြေပြင်ပသို့ စွန့်ခွာ သွားမှုရှိ၊မရှိတို့ကိုလည်း ကြိုးစားရှာဖွေဖော်ထုတ်သင့်သည်။ ဤသို့သောသတင်းအချက်အလက်မျိုးကို တစ်ခါ တစ်ရံ ဒေသန္တရအစိုးရထံမှ သို့မဟုတ် လူဦးရေ သို့မဟုတ်အခြေချခိုလှုံဝင်ရောက်မှုတို့အကြောင်း သုတေသန ပြုနေသော အရပ်ဘက်အဖွဲ့အစည်းများထံမှ ရရှိနိုင်ပါသည်။

မဲဆွယ်ရေးအဖွဲ့သည် မိမိတို့ ကွင်းဆင်းဆောင်ရွက်နေမည့် နိုင်ငံရေးအခြေအနေကို နားလည်ရန်လည်း လို အပ်သည်။ နယ်မြေတွင်း အရေးပါသောနိုင်ငံရေးကစားသမားများက မည်သူဖြစ်သည်၊ နယ်မြေအတွင်း အ ခြားနိုင်ငံရေးပါတီများအပေါ် လူထုကြိုက်မှုရေချိန်က မည်သို့ဖြစ်သည်ဟူသောအချက်တို့ကို ရှာဖွေလေ့လာ ရန်လည်း အရေးကြီးသည်။ မဲဆွယ်ရေးအဖွဲ့သည် မဲဆန္ဒနယ်မြေအတွင်း အရပ်ဘက်အဖွဲ့အစည်းနှင့် စီးပွား ရေးခေါင်းဆောင်များက မည်သူဖြစ်သည်၊ မဲဆွယ်ရေးအပေါ်(အပြုသဘောနှင့်ဖြစ်စေ၊ အပျက်သဘောနှင့်ဖြစ် စေ) ၎င်းတို့က မည်သို့မည်ပုံ လွှမ်းမိုးဩဇာညောင်းလာနိုင်သည်ဟူသောအချက်တို့ကို သတိပြုသင့်သည်။ ရပ် ရွာအသိုင်းအဝိုင်းအတွင်းရှိ အထူးအားဖြင့်ဩဇာတိက္ကမကြီးမားသော ခေါင်းဆောင်တစ်ဦးအပေါ် ထောက်ခံမှု ရရှိခြင်းသည် မဲဆွယ်ရေးလုပ်ငန်းကို အများကြီးပိုမိုလွယ်ကူသွားစေနိုင်သည်။

မဲဆွယ်ရေးအဖွဲ့သည် မဲဆန္ဒရှင်များက မိမိတို့၏သတင်းအချက်အလက်ကိုမည်သို့ ရရှိသည်ဟူသောအချက်ကို နားလည်ထားရမည်။ ဤသို့နားလည်ရာတွင် ဒေသန္တရမီဒီယာ၊ မဲဆန္ဒနယ်မြေအတွင်း သတင်းထောက်များ၊ နှင့် မိမိတို့အလုပ်အကောင်အထည်ဖော်ရန်လိုအပ်သည့် သတ်မှတ်ချိန်များအစရှိသည်တို့ကို သိရှိနားလည်နေ အောင်လုပ်ခြင်းလည်း ပါဝင်သည်။ မီဒီယာနှင့်ဆက်ဆံရေးအတွက် တိကျရှင်းလင်းသောမဟာဗျူဟာတစ်ရပ် ကို ချမှတ်ဖော်ဆောင်ရန်အတွက်မူ တတ်နိုင်သမျှ မီဒိယာနှင့်ပတ်သက်သော သတင်းအချက်အလက်များ များစားစား ရှိထားရန် အရေးကြီးသည်။

မဲဆန္ဒရှင်များ

ထိရောက်သောမဟာဗျူဟာတစ်ရပ် ချမှတ်ဖော်ဆောင်နိုင်ရန်အလို့ငှာ မဲဆွယ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ ကိုယ်စားလှယ်၏မဲဆန္ဒနယ်မြေအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများကို စီမံခန့်ခွဲနိုင်သောအုပ်စုများအဖြစ် ဖြိုခွဲပေး လိုက်ရန် လိုအပ်သည်။

မဲဆွယ်ရေးအဖွဲ့အတွက် ထိရောက်သောမဟာဗျူဟာတစ်ရပ်ကို ချမှတ်ဖော်ဆောင်နိုင်ရန်အလို့ငှာ မဲဆန္ဒရှင် ပြည်သူများနှင့်ပတ်သက်ပြီး တတ်နိုင်သမျှ များများစားစား သိရှိထားရန် အရေးကြီးသည်။ အချက်အလက်စု ဆောင်းသူက သုတေသပြုထားသော အရေးကြီးကိစ္စရပ်များတွင် မတူသောနိုင်ငံရေးပါတီအသီးသီးအတွက် မဲ ဆန္ဒရှင်များကြား ထောက်ခံမှုရေချိန်ကွဲပြားနေမှုများလည်း ပါဝင်သည်။  မဲဆန္ဒနယ်မြေအတွင်းရှိ မဲဆန္ဒရှင် များ၏ လူဦးရေစာရင်းအလိုက်အသွင်အပြင်များကို သိနားလည်ထားရန်လည်း အရေးကြီးသေးသည်။ ဥပမာ ပြည်သူများ၏ဝင်ငွေအဆင့်များ၊ ပညာတတ်မြောက်မှုအဆင့်များ၊ သက်မွေးဝမ်းကျောင်းများ၊ တိုင်းရင်းသား နောက်ခံအကြောင်းများ၊ ဘာသာရေးနောက်ခံအကြောင်းများ၊ အသက်အရွယ်၊ လိင်ဟန်ချက်ညီမျှမှုအစရှိ သည်တို့ကို ဆိုလိုသည်။

နောက်ထပ်အရေးပါသောသုတေသနနယ်ပယ်မှာ မဲဆန္ဒရှင်များ၏ပထဝီနယ်မြေအရပျံ့နှံ့နေထိုင်မှုအကြောင်း အရာနှင့်စပ်လျဉ်း၍ဖြစ်သည်။ ကျေးလက်နယ်မြေများ သို့မဟုတ် ကျေးရွာလေးများတွင် လူဘယ်နှစ်ဦးနေ ထိုင်ကြသည်နှင့် နှိုင်းယှဉ်ကာ မြို့ပြများ သို့မဟုတ် မြို့နယ်များတွင် လူဘယ်နှစ်ဦးနေထိုင်ကြသည်ဟူသော အချက်တို့ကို သိထားရန်အရေးကြီးသည်။မဲဆွယ်ရေးအဖွဲ့များသည်ဒေသတွင်းအင်စတီကျူးရှင်းများ၊ စီအက်စ် အိုများနှင့် စကားပြောခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်ပိုင်သုတေသနပြုထားခြင်းအားဖြင့်လည်းကောင်း အိမ်တစ်အိမ်စီ သို့မဟုတ် တိုက်ခန်းတစ်ခန်းစီတွင် လူဘယ်နှစ်ဦး(ပျမ်းမျှ)နေထိုင်ကြသည်တို့ကို သိရှိထားရန် ကြိုးစားသင့်သည်။

စရိုက်လက္ခဏာဆင်တူသော မဲဆန္ဒရှင်များသည် အကျိုးစီးပွားချင်းလည်း တူညီတတ်ကြပြီး မဲပေးပုံလည်း တူ တတ်ကြပါသည်။ ဥပမာ သက်ကြီးမဲဆန္ဒရှင်များသည် ကျောင်းများကို စိတ်ဝင်စားမှုနည်းပြီး အငြိမ်းစားလစာ ကိစ္စတို့အပေါ် ပိုစိတ်ဝင်စားတတ်သလို၊ တစ်ဖက်တွင် သက်ငယ်မိခင်များမှာမူ အငြိမ်းစားလစာကိစ္စကို စိတ် ဝင်စားမှုလျော့နည်းပြီး ကျောင်းများကို ပိုစိတ်ဝင်စားတတ်ကြသည်။ သက်ကြီးနိုင်ငံသားများ ဘယ်နှစ်ဦးရှိ သည်၊ သက်ငယ်မိခင် ဘယ်နှစ်ဦးရှိသည်တို့ကို ဆုံးဖြတ်ခြင်းအားဖြင့် မဲဆွယ်ရေးအဖွဲ့အနေဖြင့် မိမိတို့၏ အဆို အမိန့်အာဘော်ကို အောင်မြင်မှုရရှိရေးအတွက် အရေးကြီးသော အုပ်စုများထံ ပိုမိုပစ်မှတ်ထားပေးနိုင်လိမ့် မည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သောရွေးကောက်ပွဲများ

မဲဆွယ်ရေးအဖွဲ့များနှင့် ပါတီသုတေသနမှူးများသည် ယခင်ကျင်းပခဲ့သောရွေးကောက်ပွဲများမှ သတင်းအ ချက်အလက်ကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲအကြောင်း အဖိုးတန်သတင်းအချက်အလက်ကို ရရှိနိုင်ပါ သည်။ ဥပမာ အတိတ်ကရွေးကောက်ပွဲများမှ(မဲဆန္ဒနယ်မြေတစ်ခုတွင်း ကိုယ်စားလှယ်များပါဝင်ယှဉ်ပြိုင်မှု အပါအဝင်) ရွေးကောက်ပွဲရလဒ်များကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲတစ်ရပ်အတွင်း မည်သည့်ကိုယ်စား လှယ်မျိုးက အနိုင်ရဖွယ်ရှိသည်ဟူ၍ သတင်းအချက်အလက်ကို ပေးနိုင်သည်။ ယခင်ရွေးကောက်ပွဲများကို ကြည့်ခြင်းမှ စုဆောင်းရရှိနိုင်သည့် အခြားအရေးပါသောသတင်းအချက်အလက်တွင် ယခင်ရွေးကောက်ပွဲများ အတွက် မဲစာရင်းပေးကြသည့် မဲဆန္ဒရှင်အရေအတွက်၊ အနိုင်ရရန်လိုအပ်ခဲ့သည့် မဲအရေအတွက်တို့လည်းပါ ဝင်သည်။ ဤအချက်အလက်ကို ကြည့်ခြင်းအားဖြင့် မဲဆွယ်ရေးအဖွဲ့သည် ရနိုင်ဖွယ်ရာမဲဆန္ဒရှင်စာရင်းနှင့် လာမည့်ရွေးကောက်ပွဲအတွင်း ပါတီရရှိနိုင်မည့် ထောက်ခံမှုရေချိန်များကိုပါ ခန့်မှန်းတွက်ဆ၍ရနိုင်သည်။

ယခင်ရွေးကောက်ပွဲများမှ စုဆောင်းရရှိနိုင်သည့် အခြားအရေးပါသောသတင်းအချက်အလက်တွင် အောက်ပါ တို့ ပါဝင်သည်

  • နောက်ခံရာဇဝင်တူညီသောကိုယ်စားလှယ်များ၏အောင်မြင်မှုနှင့် ပါတီ၏လက်ရှိကိုယ်စားလှယ်ထံ ပေးပို့သောအဆိုအမိန့်
  • မဲဆန္ဒနယ်မြေတစ်ခုအတွင်း ကိုယ်စားလှယ်များရရှိခဲ့သည့် ထောက်ခံမှုရေချိန်အပေါ် ဩဇာလွှမ်းမိုး ထားသော အောင်မြင်မှုအမျိုးအစားများ သို့မဟုတ် အမှားအယွင်းမျိုးများ
  • အတိုက်အခံများ၏ရွေးကောက်ပွဲမဲဆွယ်ရေး အားသာချက်များနှင့် အားနည်းချက်များ

ဤမေးခွန်းများသည် မဲဆွယ်ရေးအဖွဲ့အတွက် မဲဆန္ဒနယ်မြေတစ်ရပ်အတွင်း မိမိတို့၏ရနိုင်ဖွယ်အောင်မြင်မှု ကို တိုင်းတာကြည့်နိုင်အောင် ကူညီပေးပါလိမ့်မည်။ ဤသို့သောသတင်းအချက်အလက်ပုံစံမျိုးမှာ အတိတ်က ဆောင်ရွက်ခဲ့ကြသည်အရာနှင့် ယခင်ရွေးကောက်ပွဲများက မဲဆွယ်ရေးအဖွဲ့များထက် ပိုမိုကောင်းမွန်စွာလုပ် ဆောင်နိုင်ရန် မည်သည့်အရာကို ကွဲပြားစွာ ပြုလုပ်ရလိမ့်မည်ဟူသောအချက်တို့ကို စီစဉ်ဆုံးဖြတ်ချိန်နောက် ပိုင်းတွင် အသုံးဝင်လိမ့်မည်ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲ

မဲဆွယ်ရေးအဖွဲ့အတွက် မဲဆန္ဒရှင်များ အလေးထားသည့်အရေးကိစ္စအမျိုးမျိုး၊ မဲဆန္ဒနယ်မြေတွင်းရှိ အခြား သောနိုင်ငံရေးမဲဆွယ်မှုများက အလေးထားကိုင်တွယ်မည့် နယ်မြေဒေသအဆင့် သို့မဟုတ် နိုင်ငံအဆင့်အရေး ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ မဲဆွယ်ရေးအဖွဲ့တစ်ဖွဲ့သည် မဲဆန္ဒရှင်များကို မဲရုံများ သို့သွားရောက်မဲထည့်စေရန်၊ ယေဘုယျအားဖြင့် မဲဆန္ဒရှင်၏စိတ်အခံကို တက်ကြွလာအောင် လှုံ့ဆော်ပေး မည့်အရာအပေါ် သိနားလည်မှုတစ်ရပ် ဖွံ့ဖြိုးလာရေး ဆောင်ရွက်သင့်သည်။

တစ်ပြိုင်တည်းမှာပင် ဖြစ်ပွားနေမည့် အခြားသောမဲဆွယ်ရေးများကို ထည့်သွင်းစဉ်းစားရန်အရေးကြီးသည်။ မဲဆွယ်ရေးအဖွဲ့များသည် ရာထူးနေရာအတူတူရရှိရေးအတွက် ယှဉ်ပြိုင်နေသော အခြားကိုယ်စားလှယ်များ ကို ဂရုထားသင့်သည်၊ ထို့အပြင် မိမိတို့၏မဲဆွယ်ရေးအပေါ် အဆိုပါကိုယ်စားလှယ်များက အကျိုးပြုမည်၊မပြု မည်ကို သိအောင်လုပ်သင့်သည်။ ဥပမာ သင့်မဲဆွယ်ရေးသည် လယ်သမားများ၏ထောက်ခံမှုကို ရရှိရေးအဓိ ကရည်ရွယ်ဦးတည်ထားလျှင်(သို့သော် သင့်ကိုယ်စားလှယ်မှာ မဲဆန္ဒနယ်မြေတွင်းရှိလယ်သမားများနှင့် ချိတ် ဆက်မှုအားနည်းသည်) လူသိများထင်ရှားသော လယ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုယ်စားလှယ်တစ်ဦးအတွက် နောက်ထပ်မဲဆွယ်ရေးရှိနေမည်ဖြစ်သည်။ ကွင်းဆင်းနယ်မြေအတွက် မဟာ ဗျူဟာတစ်ရပ် ချမှတ်ဖော်ဆောင်သည့်အခါ ဤအချက်ကို ထည့်သွင်းစဉ်းစားသင့်သည်။

မဲဆွယ်ရေးအစီအစဉ်ရေးသူများသည် အခြားရာထူးနေရာများအတွက် အခြားမဲဆွယ်ရေးများကိုလည်း ဂရုပြု သိသည်။ ဥပမာ မဲဆွယ်ရေး၏ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်ကြလျှင် အ ခြားလွှတ်တော်များအတွက် မဲဆွယ်ရေးများ(သင့်ပါတီမှကိုယ်စားလှယ်များအတွက်ရော၊ အခြားပါတီများမှ ကိုယ်စားလှယ်များအတွက်ပါ)သည် မဲဆွယ်ရေးအပေါ် မည်သို့ သက်ရောက်မှုရှိနေမည်ဟူသောအချက်ကို ထည့်စဉ်းစားရန်အရေးကြီးသည်။ မဲဆွယ်ရေးအဖွဲ့များသည် အခြားမဲဆွယ်ရေးအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်ရန်အခွင့်အလမ်းရှိသည်ဆိုပါက ထိုကိစ္စကို အလေးထားဆင်ခြင်သင့်သည်။ မဲဆွယ်ရေးအ ဖွဲ့များအနေဖြင့် မိမိတို့ပါတီနှင့် ဆက်ဆံရေးအကြောင်း၊ မိမိတို့၏မဟာဗျူဟာကို သက်ရောက်မှုရှိမည့် မဲဆန္ဒ နယ်မြေအတွင်း အခြားကိုယ်စားလှယ်များနှင့် ဆက်ဆံရေးအကြောင်းကိုလည်း စဉ်းစားသင့်သည်။ မဲဆွယ် ရေး၏အဆိုအမိန့်သည် ပါတီတစ်ခုတည်းမှ ကိုယ်စားလှယ်များအတွက် အခြားမဲဆွယ်ရေးအဖွဲ့များ၏အဆိုအ မိန့်များနှင့် ပဋိပက္ခဖြစ်ကာထိပ်တိုက်တိုးမနေသင့်ပါ။

ကိုယ်စားလှယ်

ရွေးကောက်ပွဲတစ်ရပ်တွင် အရေးပါဆုံးအကြောင်းအချက်မှာ ကိုယ်စားလှယ်ဖြစ်ပါလိမ့်မည်။ မဲဆွယ်ရေးဗျူ ဟာစီစဉ်ရေးဆွဲရေးအပိုင်းအခြားကာလအတွင်း မဲဆွယ်ရေးအဖွဲ့သည် မိမိတို့၏ကိုယ်စားလှယ်၏အားသာ ချက်များနှင့် အားနည်းချက်များကို ရိုးသား၊ပွင့်လင်းစွာ စိစစ်အကဲဖြတ်သင့်သည်။ ဤသို့လုပ်ဆောင်သဖြင့် မဲ ဆွယ်ရေးအဖွဲ့သည် မိမိတို့ကိုယ်စားလှယ်ကို အတိုက်အခံ၏ရှုထောင့်အမြင်မှ ကြည့်မြင်သင့်သည်။

မဲဆွယ်ရေးအဖွဲ့များသည် ကိုယ်စားလှယ်၏ပညာရေး၊ အလုပ်ရာဇဝင်၊ အရင်းဆုံးမိသားစု၊ ပုဂ္ဂိုလ်ရေးခံယူ ချက်များ၊ ပါတီထောက်ခံမှု၊ အမည်အသိအမှတ်ပြုမှုနှင့် အတိတ်ကနိုင်ငံရေးရပ်တည်ချက်များကဲ့သို့သော အ ပိုင်းကဏ္ဍအသီးသီးကိုပါ ထည့်သွင်းအကဲဖြတ်ဆန်းစစ်ရသည်။

အဆိုပါနယ်ပယ်အားလုံးရှိ အားသာချက်များနှင့် အားနည်းချက်များကို ရှာဖွေရန်အရေးကြီးသည်။ အားနည်း ချက်များကို စောလျင်စွာရှာဖွေခြင်းဖြင့် မဲဆွယ်ရေးသည် အဆိုပါအားနည်း၊အားသာချက်များကို ပိုမိုကောင်း မွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြင်ဆင်မှုရှိမည်ဖြစ်ပြီး မဲဆွယ်ရေးတွင် နောက်ပိုင်း ရင်ဆိုင်ရလာနိုင်သော စွပ်စွဲချက်များကိုလည်း တုံ့ပြန်နိုင်မည်ဖြစ်သည်။

အတိုက်အခံများ

မဲဆွယ်ရေးအဖွဲ့များသည် မိမိကိုယ်စားလှယ်၏အားသာချက်များနှင့် အားနည်းချက်များကို အတိုက်အခံကိုယ် စားလှယ်များနှင့် နှိုင်းယှဉ်ဆန်းစစ်ကြည့်သည့်ဖြစ်စဉ်အား ထပ်တလဲလဲဆောင်ရွက်သင့်သည်။ မဲဆွယ်ရေးအ ဖွဲ့များအနေဖြင့် အတိုက်အခံပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင် မိမိတို့ ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်သော မဲဆ ဆန္ဒရှင်များ၏သစ္စာရှိမှုကို ရရှိရေးအတွက် မည်သည့်အတိုက်အခံများက အခိုင်မာဆုံးယှဉ်ပြိုင်ဘက်များဖြစ် သည်ဟူသောအချက်ကို စီစဉ်ဆုံးဖြတ်ထားသင့်သည်။ သို့မှသာ အမျိုးမျိုးသောအပိုင်းကဏ္ဍများအထိ စစ်စစ် ပေါက်ပေါက် ဆန်းစစ်အကဲဖြတ်နိုင်မည်ဖြစ်ပြိး အားသာချက်များနှင့် အားနည်းချက်များကို ရှာဖွေနိုင်မည်ဖြစ် သည်။ မဲဆွယ်ရေးအဖွဲ့များသည် မိမိတို့၏အတိုက်အခံများကို ဆန့်ကျင်မဲပေးပြီး မိမိတို့ကိုယ်စားလှယ်အပေါ် ထောက်ခံမဲပေးရသည့် မဲဆန္ဒရှင်များ၏အကြောင်းရင်းများကို သိရှိနိုင်ရန် သုတေသနတချို့ပြုလုပ်ရန်လိုအပ် နိုင်ပါသည်။

မဲဆွယ်ရေးအဖွဲ့သည် အတိုက်အခံအပေါ်သုတေသနပြုထားမှုကို စုဆောင်းရရှိပြီးနောက် ယင်းသုတေသနအ ချက်အလက်ကို အလွန်စနစ်ကျနစွာ ပြုစုပြင်ဆင်ထားရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မှတ်တမ်းသွင်းယူ ထားခြင်းအရင်းအမြစ်များကို စာရင်းပြုစုခြင်း၊ မဲဆွယ်ရေးဝန်ထမ်းအတွက် သတင်းအချက်အလက် အလျှင် အမြန်သိရှိခွင့်ရစေမည့် စနစ်တစ်ရပ် ကျကျနနရေးဆွဲခြင်းတို့ဖြစ်သည်။ တစ်စုံတစ်ခုကို သိရသည်က အကျိုးမ ထူးသလို၊ သတင်းအချက်အလက်နှင့်ပတ်သက်​ပြီး အရန်အထောက်အပံ့မပေးထားနိုင်ပါကလည်း အကျိုးရှိ မည်မဟုတ်ပါ။ လွယ်လင့်တကူ လွှဲပြောင်းပေးနိုင်ရန်နှင့် လွယ်လင့်တကူ ခြေရာခံကိုးကားနိုင်ရန်အတွက် အ ထက်ပါသုတေသနအချက်အလက်အားလုံးကို ကတ်ထူဖုံးဖြင့်ချုပ်ကာ အတူတကွ စုတွဲထားသင့်သည်။ ပြင် ဆင်ရေးအဆင့်များတွင် ကောင်းမွန်စွာစနစ်တကျစီစဉ်ပြုလုပ်ခြင်းသည် နောက်ပိုင်း အချိန်နှင့် စွမ်းအားကို အ များအပြား ချွေတာရာရောက်စေလိမ့်မည်။

သတင်းအချက်အလက်စုဆောင်းခြင်း

မဲဆွယ်ရေးသုတေသနအပိုင်းအခြားကာလအတွင်း သတင်းအချက်အလက်စုဆောင်းပုံနည်းလမ်းအမျိုးမျိုးရှိ သည်။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်သည်

  • တရားဝင်အရင်းအမြစ်များ
  • ရပ်ရွာလူထုအစည်းအဝေးများ
  • သင့်ကိုယ်ပိုင်သုတေသနပြုခြင်း

တရားဝင်အရင်းအမြစ်များ

တရားဝင်အရင်းအမြစ်များသည် အသုံးတည့်နိုင်သော်လည်း သတင်းအချက်အလက်ကောင်းကို ထုတ်ပေးနိုင် သည် ့တစ်ခုတည်းသောအရင်းအမြစ်များမဟုတ်ကြပါ။ အခြားသော ရပ်ရွာလူထုအသိုင်းအဝိုင်းအတွင်းရှိ အ သုံးဝင်အချက်အလက်အရင်းအမြစ်တို့ကို ရှာဖွေခြင်းတွင် ဖန်တီးနိုင်မှုလိုအပ်သည်။ အချို့သောအရင်းအမြစ် များတွင် အောက်ပါတို့ ပါဝင်နိုင်သည်

  • ကျောင်းများသည် ကျောင်းအပ်နှံသည့်အရေအတွက်ကိန်းဂဏန်းများနှင့် ကျား/မလိင်ခွဲတမ်းများကို ထုတ်ပေးနိုင်သည်
  • ဆေးရုံများနှင့် ဆေးကုခန်းများသည် အဓိကကျန်းမာရေးပြဿနာများနှင့်စပ်လျဉ်း၍ စာရင်းဇယား များနှင့် ဝင်ခွင့်ဦးရေ အသေးစိတ်အချက်အလက်များကို ပေးနိုင်သည်
  • ဒေသန္တရရဲအဖွဲ့သည် မှုခင်းစာရင်းဇယားများကို ပေးနိုင်သည်
  • မြို့နယ် သို့မဟုတ် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများသည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် များ၊ ပြည်သူ့ဝန်ထမ်းအလုပ်များအတွက် လစာရရှိသည့်အဆင့်များ၊ လူဦးရေးအသေးစိတ်အချက်အ လက်များကို ပေးနိုင်သည်
  • ကွင်းဆင်းနယ်မြေရှိအန်ဂျီအိုများတွင် အသုံးဝင်အချက်အလက်ပါဝင်သော ကိုယ်ပိုင်လေ့လာမှုများ ကိုယ်စီရှိနိုင်သည်
  • သတင်းသမားများ
  • ရပ်ရွာလူထုအသိုင်းအဝိုင်းခေါင်းဆောင်များ

ရပ်ရာလူထုအစည်းအဝေးများ

သီးခြားအရေးကိစ္စတစ်ရပ် သို့မဟုတ် ပြဿနာတစ်ခုအပေါ် အဓိကထားပြုလုပ်သည့် အစည်းအဝေးတစ်ခု သည် ဒေသခံများအတွက် မိမိတို့သဘောထားအမြင်များကို ထုတ်ဖော်ပြောဆိုရန်အခွင့်အလမ်းတစ်ရပ်ကိုပေး လိုက်ခြင်းဖြစ်သည်။ အစည်းအဝေးသို့ တက်ကြွမှုအရှိဆုံးနှင့် စည်းလုံးမှုအရှိဆုံးလူများသာ လာကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့သည် လူများစုသဘောထားအမြင်ကို သေချာပေါက် ကိုယ်စားပြုထားခြင်းမဟုတ်နိုင်သည်ကို တော့ မမေ့ထားရန်အရေးကြီးသည်။ ထို့ကြောင့် ရပ်ရွာလူထုအစည်းအဝေးများကို အခြားသောသတင်းအ ချက်အလက်တို့ဖြင့် ဖြည့်စွက်ကာ ပြုလုပ်သင့်သည်။

မဲဆွယ်ရေးသုတေသနနည်းလမ်းများ

စစ်တမ်းကောက်ခြင်း

မဲဆွယ်ရေးအစီအစဉ်ရေးဆွဲသူများသည် ကိုယ်ပိုင်သုတေသန  ပြုကြသည့်အခါ မေးခွန်းများကို စာရင်းပြုစု ထားရမည်ဖြစ်သလို၊ မေးခွန်းအတူတူကိုပင် လူများအား မေးမြန်းရမည်ဖြစ်သည်၊ သို့မှသာ ထိုလူများ၏အဖြေ များအပေါ် စနစ်တကျ နှိုင်းယှဉ်လေ့လာနိုင်မည်ဖြစ်သည်။  ဤသည်ကို စစ်တမ်းကောက်ခြင်းဟုခေါ်သည်။ အိမ်တိုင်ရာရောက်စစ်တမ်းယူခြင်းသည် အချိန်များများပေးရသော်လည်း လူထု အမှန်စင်စစ် ခံစားနေရသည့် အရာက မည်သည့်အရာဖြစ်သည်၊ အမှန်စင်စစ် ၎င်းတို့၏ခံယူချက်များနှင့် လိုအပ်ချက်များက မည်သည့်အရာ ဖြစ်သည်ဟူ၍ အလွန်ကောင်းမွန်၊ တိကျသောထိုးထွင်းသိမြင်မှုကို ရစေပါသည်။

ထင်မြင်ချက်စစ်တမ်း

မဲဆွယ်ရေးအဖွဲ့သည် သုတေသနကို မည်သူပြုလုပ်မည်ဟု ဆုံးဖြတ်သည်နှင့် အခြေခံတိုင်းတာမှုတစ်ရပ်နှင့်စ တင်တော့သည်။ ယင်းမှာ ပုံမှန်ထင်မြင်ချက်စစ်တမ်းယူခြင်းဖြစ်သည်၊ ထင်မြင်ချက်စစ်တမ်းယူရာတွင် တုံ့ပြန် ဖြေကြားသူများအား မေးခွန်းပေါင်းများစွာ (လူချင်းတွေ့၍ဖြစ်စေ၊ ဖုန်းဆက်သွယ်၍ဖြစ်စေ) မေးရသည်။ ဤ သို့ပြုလုပ်ခြင်းမှာ မဲဆန္ဒနယ်မြေတစ်ခုအတွင်းရှိ မဲဆန္ဒရှင်များကြား မျက်မှောက်အခြေအနေကို သိရှိနိုင်ရန် ဖြစ်သည်။ အဓိကမေးရမည့် မေးခွန်းများတွင် အောက်ပါတို့ ပါဝင်သည်

  • အရေးတကြီးကိစ္စရပ်များအပေါ် လူထုက မည်သို့ ထင်မြင်ကြသနည်း။
  • သင့်ပါတီက မည်သို့ လုပ်ဆောင်နေသနည်း။
  • သင့်အတိုက်အခံများက မည်သို့လုပ်ဆောင်နေသနည်း။
  • သင့်ပါတီခေါင်းဆောင်နှင့် အခြားပါတီများ၏ခေါင်းဆောင်များနှင့်ပတ်သက်၍ လူထုက မည်သို့ တွေး မြင်သနည်း။

ထို့ကြောင့် မဲဆွယ်ရေးအစီအစဉ်ရေးဆွဲသူများသည် ရွေးကောက်ပွဲများ ကျင်းပမည့် ဆက်စပ်ဝန်းကျင်အခြေ အနေနှင့်ပတ်သက်ပြီး ပိုမိုရှင်းလင်းမြင်သာသောပုံကားချပ်တစ်ခုကို မြင်ရမည်ဖြစ်သည်။ လူများကို မည်သို့ မဲ ပေးရန်စီစဉ်ထားသနည်းကိုလည်း မေးသင့်သည်၊ ထို့နောက် မိမိပါတီအတွက် ထောက်ခံမဲပေးမည့် အခွင့်အ လမ်း မည်မျှမြင့်မားစွာရှိနေသည်ကို သိအောင်ကြိုးစားသင့်သည်။ ဤအချက်က မဲဆွယ်ရေးအစီအစဉ်ရေးဆွဲ သူများအတွက် မိမိတို့၏ပင်မထောက်ခံသူများက မည်သူဖြစ်သည်၊ မိမိတို့အပေါ် မဲပေးလာရန် စည်းရုံးဆွဲ ဆောင်နိုင်မည့် မဲဆန္ဒရှင်များက မည်သူဖြစ်သည်တို့ကို ရှာဖွေဖော်ထုတ်နိုင်လာစေသည်။ ဤအခြေခံတိုင်းတာ ချက်သည် ထပ်မံစစ်တမ်းကောက်ယူမှုများအားလုံးအတွက် အခြေခံဖြစ်ပါလိမ့်မည်။ တစ်ပြိုင်တည်းစစ်တမ်း ကောက်ယူကြရာတွင် ရရှိသည့်အချက်အလက်သစ်မှန်သမျှကို အခြေခံရက်စွဲနှင့် နှိုင်းယှဉ်ကြည့်ရမည်ဖြစ် သည်။ ဤသို့ပြုလုပ်ခြင်းကြောင့် မဲဆွယ်ရေးဝန်ထမ်းအနေဖြင့် ပြောင်းလဲမှုဖြစ်သွားသည့်အရာကို သိနိုင်ခွင့်ရ လာမည်ဖြစ်ပြီး မည်သည့်အတွက်ပြောင်းလဲသွားသည်ကိုပါ လေ့လာစူးစမ်းခွင့်ရလာမည်ဖြစ်သည်။ ယုံကြည် စိတ်ချရသောအခြေခံတိုင်းတာချက်အရ တုံ့ပြန်ဖြေကြားသူ အယောက် ၁၀၀၀ခန့်လိုအပ်သော်လည်း ထိုထက် ပိုများလေ ပိုကောင်းလေပင်ဖြစ်သည်။ ပစ်မှန်ထားအုပ်စုအပေါ်မူတည်၍ ရလဒ်များကို မဲဆွယ်ရေးအဖွဲ့က သီး ခြားပြဋ္ဌာန်းထားချင်လျှင် အနည်းဆုံး အယောက် ၂၀၀၀ခန့်လိုအပ်မည်ဖြစ်သည်၊ သို့သော် အမှန်စင်စစ်တွင် ဤအရေအတွက်လောက်ပင် ဘက်ဂျက်က ခွင့်ပြုထားခြင်းဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုတစ်ခုသည် ကြာချိန် မိနစ် ၂၀ခန့်မပိုသင့်ပါ။ စစ်တမ်းမေးခွန်းလွှာ ရေးဆွဲပြင်ဆင်ရာတွင် ဤအချက်ကို ထည့်သွင်းစဉ်းစားသင့် သည်။ မဲဆွယ်ရေးအစီအစဉ်ရေးဆွဲသူများသည် နောက်ဆုံးမိမိတို့ လိုအပ်မည့် တုံ့ပြန်ဖြေကြားသူ အယောက် ၁၀၀၀ထက် ပိုများသောလူအများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်၍ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ် ၍ဖြစ်စေ မေးမြန်းရမည်ဟူသောအချက်ကိုလည်း မမေ့သင့်ပါ။

ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုများ

အခြေခံတိုင်းတာချက်မှ ပေးသောသတင်းအချက်အလက်ကို နောက်ထပ်သုတေသနပြုရန်အတွက် အသုံးချ သင့်သည်၊ ဥပမာ ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုများနှင့်အတူဖြစ်သည်။ ဤသုတေသနသည် ကုန်ကျစရိတ်သက် သာသောပုံစံတစ်မျိုးဖြစ်သည်။  ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုများဟူသည် လူ၁၀ဦးခန့်ပါဝင်သောအုပ်စုတစ်စု ဖြစ်ပြီး သုတေသီတစ်ဦးက သဘာပတိပြုလုပ်ကာ အကြောင်းအရာအမျိုးမျိုးတို့ကို နှစ်နာရီကြာဆွေးနွေးကြ ခြင်းဖြစ်သည်။ မဲဆွယ်ရေးဝန်ထမ်းအနေဖြင့် အဆိုပါအုပ်စုများမှလူများကို စစ်တမ်းမေးခွန်းလွှာများပေး၍ ဖြည့်ခိုင်းနိုင်ပါသည်။ အာရုံစိုက်ရာအုပ်စုများ၏အဓိကအကျိုးတရားမှာ ဥက္ကဌနှင့် ပါဝင်ဆောင်ရွက်သူများ ကြား၊ ပါဝင်ဆောင်ရွက်သူအချင်းချင်းကြား အကျိုးဖြစ်ထွန်းသောဆက်သွယ်ပြောဆိုနိုင်မှုပင်ဖြစ်သည်။ ဤအ ချက်သည် (သဘောထားအမြင်စစ်တမ်းများကဲ့သို့) နောက်ထပ် အရေအတွက်အလိုက်ပြုလိုက်သောသုတေ သနအတွက် အထောက်အပံ့အဖြစ် အသုံးဝင်သတင်းအချက်အလက်ကို ရရှိတတ်ပါသည်။

ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုကို အခြားပါတီအဖွဲ့ဝင်များကလည်း လေ့လာစောင့်ကြည့်သည်။ အနည်းဆုံး သုတေ သနကိုတာဝန်ယူထားသောမဲဆွယ်အဖွဲ့ဝင်ကို ဆိုလိုသည်၊ ထိုတင်မက ပိုမိုဖြစ်နိုင်ဖွယ်ရာရှိသူမှာ မဲဆွယ်ရေး မန်နေဂျာ ဖြစ်သည်၊ ထိုသူသည် သုတေသန၏ရလဒ်များကို လက်တွေ့ဖော်ဆောင်ပေးရမည့်သူဖြစ်သည်။ အခန်းတွင်းဆွေးနွေးမှုကို ဗီဒီယိုကင်မရိုက်တစ်လုံးထက်မက ကင်မရာများဖြင့် မှတ်တမ်းရိုက်ကူးယူထားရ သည်။ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ၏အခန်းကဏ္ဍသည် အရေးကြီးသည်၊ အစည်းအဝေးတွင်သဘာပတိတစ်ဦး၏ အခန်းကဏ္ဍနှင့်မကွာခြားပါ။ စကားအလျှင်မပြတ်သွားအောင် ၎င်းက ထိန်းသိမ်းပေးရသည်၊ ဆွေးနွေးပွဲတွင် ပြောမည့် အကြောင်းအရာဇာတ်ညွှန်းကိုလည်း မျက်ခြေပြတ်ခံ၍မရသည့်အပြင် ဥက္ကဋ္ဌသည် မေးခွန်းမေးပိုင် ခွင့်ရှိကြောင်းကိုလည်း နှိုးဆော်ပေးနေရပါသည်။ ဥက္ကဋ္ဌသည် ဆွေးနွေးပွဲတွင် ဟိုဘက်သည်ဘက်မလိုက်ဘဲ ကြားနေရေးမူကို တင်းတင်းကြပ်ကြပ် လိုက်နာစောင့်ထိန်းရ၏။

အားလုံးသောအဖွဲ့များထက် ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုတစ်စုသည် စေ့စပ်သေချာစွာပြင်ဆင်မှုကို လိုအပ် သည်။ အောက်ပါအသွင်အပြင်များကို အနီးကပ်အာရုံစိုက်ကြည့်ရမည်ဖြစ်သည်။

ပါဝင်ဆွေးနွေးသူများနှင့်စပ်လျဉ်း၍ရွေးချယ်မှု

မဲဆွယ်ရေးအတွက် အရေးကြီးသော မေးခွန်းများကို အဖြေပေးနိုင်ရန် မှန်ကန်သင့်တော်သူများကို မဲဆွယ်ရေး ဝန်ထမ်းက ရွေးချယ်သင့်သည်။ အများအားဖြင့် ထိုလူများသည် သီးခြားပစ်မှတ်အုပ်စုတစ်စုမှ လူများဖြစ်နေ လိမ့်မည်၊ ဥပမာ မဲဆွယ်ရေးအဖွဲ့၏ပါတီကို မဲထည့်မည်လား သို့မဟုတ် အခြားပါတီကို မဲထည့်ရမည်လားဟူ ၍ ဝေခွဲမရဖြစ်နေသောမဲဆန္ဒရှင်များ၊ သို့မဟုတ် နောက်ဆုံးကျင်းပသွားသောရွေးကောက်ပွဲများတွင် မဲဆွယ် ရေးအဖွဲ့၏ပါတီကို မဲထည့်ခဲ့သော်လည်း ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် တခြားပါတီကို မဲထည့်ရန်ရည်ရွယ် ထားသူများ အစရှိသဖြင့် ဖြစ်နိုင်သည်။ မဲဆွယ်ရေးအဖွဲ့သည် သက်ကြီးရွယ်အိုများ၊ ကျောင်းသားများ၊ သက် ငယ်မိဘများ သို့မဟုတ် တိုင်းရင်းသားနောက်ခံရှိသောသူများကဲ့သို့ သီးခြားပစ်မှတ်အုပ်စုများမှ လူများကို ရွေး ချယ်ချင်တတ်ကြသည်။

သဘာပတိ

လုပ်ရည်ကိုင်ရည်ရှိသောသဘာပတိတစ်ဦးကို ခန့်အပ်ပါ၊ ထိုသဘာပတိနှင့်အတူ အစည်းအဝေးပွဲကို ကျကျန န အသေးစိတ်ပြင်ဆင်ပါ။ သဘာပတိသည် ပါတီက ပေးနေဆဲဖြစ်သော သတင်းအချက်အလက်အမျိုးအစား ကို အပြည့်အ၀ရိပ်စားနားလည်မှုရှိရန်အရေးကြီးသည်။ သုတေသန၏ရည်ရွယ်ချက်မှာ အချက်အလက်ကို အမည်မဖော်ပြဘဲ စုဆောင်းရေး၊ အခြားလူများက စကားစစ်ထိုးပွဲကို စောင့်ကြည့်နေရေးဖြစ်သည်ဟု သဘာ ပတိက ရှင်းပြသင့်သည်။ မေးခွန်းများအတွက် အဖြေ အမှန်၊ အမှားဟူ၍မရှိကြောင်း၊ မိမိတို့တွေးထင်ယူဆ သည့်အတိုင်း အမှန်တကယ်ပြောလိုက်ရန်သာ အရေးကြီးကြောင်းတို့ကိုလည်း သဘာပတိက အလေးထား တင်ပြသင့်သည်။ ထို့အပြင် မေးခွန်းများကို ရှေ့ကဦးဆောင်၍လမ်းကြောင်းပြပေးမနေရန်ကိုလည်း သဘာပ တိများ အလေးထားလုပ်ဆောင်သင့်သည်၊ တစ်နည်းအားဖြင့် “ကျုပ်တို့တိုင်းပြည်က အခြေအနေဆိုးနေပြီလို့ ခင်ဗျား မထင်ဘူးလား”ဟူသောမေးခွန်းမျိုး မမေးရပါ။  မှန်ကန်သောမေးခွန်းကိုမည်သည့်အချိန်တွင် မေးရ မည်ကိုသိထားသူမှာ သဘာပတိသာဖြစ်သင့်ပါသည်။ ထိုသူသည် (“ကျုပ်တို့တိုင်းပြည်တွင်း လုံခြုံဘေးကင်း မှု” ကဲ့သို့သော) ပိုမိုယေဘုယျဆန်သောကိစ္စရပ်များမှသည် (“ညဘက်မှောင်နေချိန် ခင်ဗျားအပြင်ထွက်ဖို့ ကြောက်သလား”) သေးငယ်သောအဆင့်ပုဂ္ဂိုလ်ရေးအတွေ့အကြုံအထိ အကြောင်းအရာအမျိုးမျိုးကို အဆင် ပြေပြေ အလေးထားဆောင်ရွက်နိုင်သည်။ သဘာပတိသည် စကားဝိုင်းအတွင်း အလွန်လွှမ်းမိုးနေသည့် လူ များနှင့်  ကိုယ့်အကြောင်းကိုယ်ပြောရန်ပင် ခက်ခဲလွန်းနေသည်အထိ ရှက်ကြောက်တွန့်ဆုတ်နေသူများကြား ဟန်ချက်ညီမျှမှုကို ပြန်ညှိပေးနိုင်ရမည်ဖြစ်သည်။

ဆွေးနွေးစရာအကြောင်းအရာဇာတ်ညွှန်း

ပါတီမှ ဖြေဆိုစေလိုသော မေးခွန်းအားလုံးကို သဘာပတိက မေးနိုင်မည့် ဇာတ်ညွှန်းကောင်းတစ်ပုဒ်ကို ရေး ပါ။ ဇာတ်ညွှန်းတွင် ဆွေးနွေးရမည့်အကြောင်းအရာနှင့်ပတ်သက်ပြီး မိနစ်အလိုက် စီစဉ်ရေးထားခြင်း မျိုး ပါဝင်သင့်သည်။ ဤသို့ဆိုခြင်းမှာ ဆွေးနွေးပွဲကို ရေးထားသောဇာတ်ညွှန်းမှ သွေဖည်ဆွေးနွေး၍မရနိုင်ဟု ရည်ရွယ်ပြောခြင်းမဟုတ်ပါ။ သဘာပတိသည် လေ့လာသူများနှင့် တိုင်ပင်ဆွေးနွေးချင်လျှင် ဆွေးနွေးပွဲကို ခေတ္တရပ်နားကြောင်း ကြေညာနိုင်သည်၊ သို့မဟုတ် ပါဝင်ဆွေးနွေးသူများကို စစ်တမ်းမေးခွန်းလွှာတချို့ဝေ ကာ ဖြည့်သွင်းခိုင်းနိုင်သည်။ သို့မဟုတ် သဘာပတိသည် မိမိ၏မိုဘိုင်းဖုန်းကို အသုံးပြုကာ လေ့လာသူများ အား ညွှန်ကြားချက်များ မိမိထံ ရိုက်ပို့ခိုင်းနိုင်သည်။

စစ်တမ်းမေးခွန်းလွှာများ

စစ်တမ်းမေးခွန်းလွှာများကို စေ့စပ်သေချာစွာ ပြင်ဆင်ပါ။ ပါဝင်ဆွေးနွေးသူများကို အများအားဖြင့် ဖြည့်စွက် အချက်အလက်များ ကောက်ယူရန် ဆွေးနွေးမတိုင်ခင်၊ ဆွေးနွေးနေစဉ်အတွင်းနှင့် ဆွေးနွေးပြီးနောက်ပိုင်း မေးခွန်းလွှာများကို ပေးထားလေ့ရှိသည်။ အဆိုပါမေးခွန်းများတွင် မိမိတို့၏နိုင်ငံရေးလိုလားချက်များ အ ကြောင်း မေးခွန်းများပါဝင်နိုင်သည်၊ သို့သော် ဆောင်ပုဒ်များနှင့်  အဆိုအမိန့်များကို စစ်ဆေးကြည့်ရန်အ တွက်လည်း အဆိုပါမေးခွန်းများကို အသုံးချကောင်းချနိုင်သည်။

ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုများကို စီစဉ်ရေးအတွက် တာဝန်ရှိသော မဲဆွယ်ရေးအဖွဲ့ဝင်များသည် မိမိတို့အနေ ဖြင့် ပါဝင်ဆွေးနွေးသူများနှင့် သတင်းအချက်အလက် မည်ရွေ့မည်မျှအထိ မျှဝေဆွေးနွေးချင်သည်ဟူသောအ ချက်ကို ကြိုတင်စဉ်းစားဆုံးဖြတ်ထားသင့်သည်။ ဥပမာ ယခုပြုလုပ်သောသုတေသနကို မည်သူက ကြီးမှူး ပြုလုပ်နေသည်၊ မည်သည့်ရည်ရွယ်ချက်အတွက် ပြုလုပ်သည်တို့ကို မဲဆွယ်ရေးအဖွဲ့ဝင်များက ရှင်းရှင်းလင်း လင်း ဆောင်ရွက်သင့်သည်။  ဝိုင်းဖွဲ့ဆွေးနွေးမည့်အုပ်စုဝင်များဘက်က ရလဒ်များကို ထင်ရှားပေါ်လွင်မှုမရှိ စေရန်ထိန်းသိမ်းရမည်ဟူသော တင်းကြပ်သည့်အခြေအနေပေါ်တွင် ဆန္ဒအလျောက်ပါဝင်ဆောင်ရွက်မှုကိုပြု လုပ်ကြရန်လည်း အရေးကြီးသည်။ ဆွေးနွေးနေစဉ်အတွင်း ပြုလုပ်သည့် မှတ်ချက်များသည် လူတစ်ဦးတစ် ယောက်အား ခြေရာခံလိုက်နိုင်သည့် မှတ်ချက်မျိုး မည်သည့်အခါမှမဖြစ်သင့်ပါ