အသစ်များ > မဲဆွယ်စည်းရုံးရေးရည်မှန်းချက်များ

မဲဆွယ်စည်းရုံးရေးရည်မှန်းချက်များ

2023-01-21

နိုင်ငံရေးမဲဆွယ်စည်းရုံးမှုတိုင်းနီးပါး၏ အန္တိမရည်မှန်းချက်မှာ မိမိတို့ကိုယ်စားလှယ်များ ရွေးကောက်တင် မြှောက်ခံရရေးဖြစ်သည်။ ထိရောက်အကျိုးများစေရန် မဲဆွယ်ရေးအဖွဲ့များအနေဖြင့် အဆိုပါအောင်မြင်မှုကို ရရှိရေးအတွက် မည်သည့်အရာကို လုပ်မှဖြစ်မည်ဟု စဉ်းစားဆုံးဖြတ်ရန်လိုသည်။ မဲဆွယ်ရေးများတွင် အလွန် မေ့မေ့ပျောက်ပျောက်ဖြစ်နေသည့်အရာရှိတတ်သည်၊ ယင်းမှာ အောင်ပွဲအတွက် အာမခံနိုင်ရန် ဆန္ဒမဲများ မည် ရွေ့မည်မျှအထိလိုအပ်မည်၊ အဆိုပါဆန္ဒမဲများ မည်သည့်နေရာမှရရှိလာမည်ဟူ၍ တွက်ချက်၊ စဉ်းစားဆုံးဖြတ် ရန်မေ့တတ်ကြခြင်းပင်။ ထို့နောက် မိမိတို့ အမှန်စင်စစ်အနိုင်ရရန်လိုအပ်မည့် အများကြီးပိုနည်းသောမဲဆန္ဒ ရှင်များအစား လူထုတစ်ရပ်လုံးကို ပြောဆိုဆွေးနွေးပြသည့် လူအား၊ ငွေအားနှင့် အချိန်အစရှိသော မိမိတို့၏ အဖိုးတန်အရင်းအမြစ်များကို မဲဆွယ်ရေးအဖွဲ့များက စိုက်ထုတ်သုံးစွဲရတော့သည်။ မဲဆွယ်ရေးသည် မိမိတို့ မဲဆန္ဒရှင်အရေအတွက်ကို ဆက်သွယ်ရန်လိုအပ်သလောက် ပိုမိုစီမံခန့်ခွဲနိုင်သောအရွယ်အစားတစ်ရပ်အထိ လျှော့ချပါလိမ့်မည်။ မဲဆွယ်ရေးအဖွဲ့၏သုတေသနအစိတ်အပိုင်းအဖြစ် မိမိတို့၏မဲဆန္ဒရှင်နယ်မြေတွင်း စုစု ပေါင်းလူဦးရေ၊ မဲဆန္ဒရှင်စုစုပေါင်းအရေအတွက်၊ မျှော်မှန်းမဲပေးနှုန်း၊ အနိုင်ရရန်လိုအပ်သည့်ဆန္ဒမဲအရေအ တွက်နှင့် မဲဆန္ဒရှင်ပြည်သူများ နေထိုင်ရာ အိမ်ထောင်စုအရေအတွက်အစရှိသည်တို့ကို မဲဆွယ်ရေးအဖွဲ့များ က စဉ်းစားဆုံးဖြတ်သင့်သည်။

မဲဆွယ်ရေးအဖွဲ့အနေဖြင့် အနာဂတ်ကို စုံစမ်းစစ်မေးရာတွင် အဖြေတချို့ကို လိုအပ်သလို၊ ပညာရှိတွေး, တွေး နိုင်ရန်လည်းလိုအပ်သည်။ သို့သော် အဆိုပါအတွေးများသည် မဲဆန္ဒနယ်မြေနှင့် အတိတ်ကရွေးကောက်ပွဲများ ထဲ တိုးဝင်သုတေသသနပြုရာမှ ရရှိလာသော ယုံကြည်အားထားနိုင်စရာသတင်းအချက်အလက်အပေါ် အခြေ ခံသင့်သည်။

မဲဆန္ဒရှင်စုစုပေါင်းအရေအတွက်ဟူသည်မှာ မည်သည်အရာနည်း။

မဲဆန္ဒရှင်စုစုပေါင်းအရေအတွက်ဟူသည်မှာ မဲပေးရန်စာရင်းဝင်ပြီး ယခုရွေးကောက်ပွဲတွင် အမှန်စင်စစ်မဲ ပေးနိုင်သည့် ခရိုင်နယ်မြေအတွင်းရှိ မဲဆန္ဒရှင်အားလုံးဖြစ်သည်။

မျှော်မှန်းမဲပေးနှုန်းဟူသည်မှာ မည်သည့်အရာနည်း။

မျှော်မှန်းမဲပေးနှုန်းဟူသည် ယခုရွေးကောက်ပွဲတွင်မဲပေးမည်ဟု မျှော်လင့်ထားသော မဲစာရင်းဖြစ်သည်။ မဲဆန္ဒရှင်တိုင်း မဲပေးမည်မဟုတ်ပါ။ အတိတ်ကအလားတူရွေးကောက်ပွဲများကို ကြည့်ခြင်းအားဖြင့် မဲဆန္ဒရှင် မည်မျှများများစားစားမဲထည့်လိမ့်မည်ဟုဆိုကာစဉ်းစားဆုံးဖြတ်၍ရနိုင်စရာရှိသည်။ ပြီးခဲ့သောအထွေထွေရွေး ကောက်ပွဲတွင် မဲစာရင်း ၆၅ရာခိုင်နှုန်းရှိခဲ့ပြီး ယင်းအခြေအနေကို အပြောင်းအလဲဖြစ်စေမည့် ထပ်တိုး အ ကြောင်းရင်းများ(ဥပမာ သိသာထင်ရှားသောရွှေ့ပြောင်းခိုလှုံမှု)မရှိပါက မဲဆွယ်ရေးအဖွဲ့အနေဖြင့် လာမည့်    အထွေထွေရွေးကောက်ပွဲတွင် ၆၅ရာခိုင်နှုန်းခန့်မဲထည့်ကြလိမ့်မည်ဟု သုံးသပ်ယူဆကြည့်နိုင်ပါသည်။ အခြား တစ်ဖက်တွင်မူ အပြောင်းအလဲများ ဖြစ်လာစရာရှိလျှင်(ဥပမာ မဲဆန္ဒရှင်ပညာရေးမြင့်မားလာခြင်း၊ မြို့နယ် သို့ မဟုတ် ပြည်နယ် သို့မဟုတ် ပိုမိုကောင်းမွန်ပြည့်စုံသောဘ၀နေထိုင်မှုရှိရာအရပ်များဆီ ရွှေ့ပြောင်းအခြေချ ခြင်း) ရွေးကောက်ပွဲအတွက် မဲပေးကြမည့် မဲပေးနှုန်းကို ခန့်မှန်းတွက်ချက်ရာ၌ အထက်ပါ အပြောင်းအလဲ ဖြစ်လာသည်များကို ထည့်သွင်းစဉ်းစားသင့်သည်။

အနိုင်ရရန် မဲအအရေအတွက် မည်ရွေ့မည်မျှအထိ များများစားစားလိုအပ်သနည်း။

ရွေးကောက်ပွဲတစ်ခုတွင် အောင်ပွဲရရှိရေးအာမခံနိုင်ရန် လိုအပ်သော ဆန္ဒမဲစုစုပေါင်းအရေအတွက်ဖြစ်သည်။  မဲဆွယ်ရေးအဖွဲ့များသည် မယုတ်မလွန်ဆောင်ရွက်သင့်ပြီး မဲအလွန်နည်းသည်ထက် မဲအလွန်များသည်ဟု သ ဘောမျိုးထားသင့်သည်။

မဲပေးနှုန်းကွဲပြားရသည့်အကြောင်းရင်းပေါင်းများစွာရှိပါသည်၊ လစ်လပ်သွားသောအမတ်နေရာအတွက် ယှဉ် ပြိုင်သောရွေးကောက်ပွဲများနှင့် ထင်ပေါ်ပြီးယှဉ်ပြိုင်မှုအားကောင်းသောပွဲများတွင် မဲပေးနှုန်းက ပိုမြင့်ပြီး လွှမ်းမိုးနိုင်အားနည်းသောကိုယ်စားလှယ်များနှင့် ယှဉ်ပြိုင်မှုအားမကောင်းသောပွဲများတွင် မဲပေးနှုန်းက ပိုမိုနိမ့်ကျသည်။ အတိတ်ကရွေးကောက်ပွဲများကို အသုံးပြုကာ မဲပေးနှုန်းကို မီးမောင်းထိုးပြနိုင်ရေးအတွက် အဓိကသော့ချက်မှာ အလားတူအတိတ်ကရွေးကောက်ပွဲများကို နှိုင်းယှဉ်ကြည့် ရန်ပင် ဖြစ်ပါသည်။

တစ်ခါတစ်ရံ ပစ္စုပ္ပာန်ရွေးကောက်ပွဲနှင့် ဆင်တူသော အတိတ်ကရွေးကောက်ပွဲတစ်ခုကို ရှာဖွေရန်ခက်ခဲနိုင်ပါ သည်။ ဤသို့သောအခြေအနေမျိုးတွင် မဲဆွယ်ရေးအဖွဲ့များက ထိုးထွင်းဉာဏ်နှင့်စဉ်းစားရ၏၊ မိမိတို့၏မဲပေး နှုန်းခန့်မှန်းမှုကို ဉာဏ်အမြော်အမြင်ရှိရှိဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲမြောက်များစွာကို နှိုင်းယှဉ်ကြည့်ရ သည်။

မဲဆန္ဒရှင်များ နေထိုင်ကြသည့် အိမ်ထောင်စုအရေအတွက် မည်မျှရှိသနည်း။

အနိုင်မဲအရေအတွက်ကို မဲဆွယ်ရေးအဖွဲ့ကစဉ်းစားဆုံးဖြတ်သည်နှင့်တစ်ပြိုင်နက် အိမ်ထောင်စုအရေအ တွက်ဖြင့် ပိုင်းချလိုက်ခြင်းဖြင့် အဆိုပါအရေအတွက်ကို ထပ်မံလျှော့ချလိုက်နိုင်သည်။ ဥပမာဆိုရလျှင် ပျမ်းမျှ အိမ်ထောင်စုတစ်စုတွင် မဲပေးသူနှစ်ဦးရှိသည်ဆိုပါစို့။ တချို့မိသားစုများတွင် တစ်အိမ်တည်းတူတူနေထိုင်ကြ သော မဲပေးသူ သုံးဦး သို့မဟုတ် လေးဦးရှိနိုင်သည်။ မဲဆွယ်ရေးအဖွဲ့များက ယောကျ်ားဖြစ်သူနှင့် မိန်းမတို့က မဲပေးပုံတူညီနိုင်ဖွယ်ရှိသည်ဟု ယူဆမိနိုင်သည်၊ တစ်ခါတစ်ရံ မိသားစုဝင်တစ်ဦးကို ပြောလိုက်ပါက နှစ်ကျော့ မဲ(ဒုတိယအကြိမ်မြောက်မဲ)ကို ရနိုင်စရာရှိသည်ဟု မဲဆွယ်ရေးအဖွဲ့က ယူဆမိနိုင်သည်။ ဤအဆင့်ပြီးနောက် တစ်ဆင့်က အနိုင်ရရန်လိုအပ်သည့် မဲအရေအတွက်ကို ရရှိရေးအတွက် မဲဆွယ်ရေးအဖွဲ့ဝင်က အိမ်ထောင်စု အရေအတွက် မည်မျှအထိဆက်သွယ်ပြောဆိုရန်လိုအပ်မည်ဟူသောအချက်ကို စဉ်းစားဆုံးဖြတ်ရန် ဖြစ်သည်။

မဲဆန္ဒနယ်မြေတစ်ခုတွင် လူဦးရေ ၇၀,၀၀၀ ရှိသည်ဆိုလျှင် အဆိုပါလူဦးရေထဲမှ မဲပေးရန်အသက်မပြည့်သော ကလေးများနှင့် အခြားမဲစာရင်းမဝင်သောသူ ၂၀,၀၀၀ ကိုချန်ပါက စုစုပေါင်း မဲဆန္ဒရှင်အရေအတွက် ၅၀,၀၀၀ ကျန်မည်ဖြစ်သည်။ မဲဆန္ဒနယ်မြေတွင် နောက်ဆုံးအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ၇၅ ရာခိုင်နှုန်း သို့မ ဟုတ် မဲပေါင်း ၃၇,၅၀၀ ရှိသွားသည်။ လာမည့်ရွေးကောက်ပွဲတွင် အလားတူပမာဏအတိုင်းရှိမည်ဟု ယူဆ၍ ရနိုင်သည်။ မဲဆွယ်ရေး၏ပစ်မှတ်မှာ ၅၀ရာခိုင်နှုန်း + ၁ မဲ သို့မဟုတ် ၁၈,၇၅၁ မဲဖြစ်သည်။

သို့ရာတွင်တတိယမြောက်(သို့ ထိုထက်ပိုနိုင်)ကိုယ်စားလှယ်ရှိနေလျှင် မဲဆွယ်ရေးအဖွဲ့သည် အထက်ပါမဲ အ ရေအတွက် ထက်ပိုနည်းပါသောမဲအရေအတွက်အချို့ကို လိုအပ်လိမ့်မည်။ အိမ်ထောင်စုတစ်စုလျှင် နှစ်မဲပျမ်း မျှဟု မဲဆွယ်ရေးအဖွဲ့က သတ်မှတ်ဆုံးဖြတ်ထားလျှင် အိမ်ထောင်စုပေါင်း ၉,၃၈၀ခန့်ရှိလာမည်။ ထို့နောက်မှ အဖွဲ့သည် မဲဆန္ဒရှင် ၁၉,၀၀၀ နှင့်အိမ်ထောင်စုပေါင်း ၁၀,၀၀၀ ကိန်းဂဏန်းထိစာရင်းကောက်ကြည့်နိုင်သည်။

သို့သော် မိမိတို့ဆွေးနွေးပြောဆိုထားသည့် မဲဆန္ဒရှင်တိုင်းကို မိမိတို့ကို မဲထည့်ကြရန်စည်းရုံးရလိမ့်မည်ဟူ၍ တော့ မဲဆွယ်ရေးအဖွဲ့က ယူဆမရနိုင်ပါ။ ထို့ကြောင့် မဲဆန္ဒရှင် ၁၉,၀၀၀ သို့မဟုတ် အိမ်ထောင်စုပေါင်း ၁၀,၀၀၀ ထံမှ မဲများကို ရရှိရန်အလို့ငှာ ပိုများပြားသောမဲဆန္ဒရှင်အရေအတွက်နှင့် ဆက်သွယ်ရေးကို မဲဆွယ် ရေးအဖွဲ့က စီစဉ်သင့်သည်။ မိမိတို့အား မဲထည့်ပေးရန် ဆက်သွယ်ထားသည့် မဲဆန္ဒရှင် ၁၀ ဦးအနက် ၇ ဦးကို စည်းရုံးသည်ဆိုလျှင် မဲဆန္ဒရှင် ၁၇,၀၀၀ ဦး သို့မဟုတ် အိမ်ထောင်စုပေါင်း ၈,၅၀၀ (၂၈,၀၀၀ x ၀.၇ = ၁၉,၆၀၀ နှင့် ၁၅,၀၀၀ x ၀.၇= ၁၀,၅၀၀) မှ ထောက်ခံမှုအသေအချာရရှိနိုင်ရန်အတွက် မဲဆန္ဒရှင် ၅၄,၀၀၀ သို့ မဟုတ် အိမ်ထောင်စုပေါင်း ၁၃,၀၀၀ ကို စကားပြောစည်းရုံးရန်လိုအပ်လိမ့်မည်။

ယခုတင်ပြသောတွက်ချက်မှုများကို မဲဆွယ်ရေးအဖွဲ့က ဆောင်ရွက်ပြီးသောအခါ မိသားစုပေါင်း၃၇,၅၀၀ ကို ဆွေးနွေး၊ ကြိုးစား၊ စည်းရုံးသည်ထက် မိသားစုပေါင်း ၁၅,၀၀၀ ကိုဆွေးနွေး၊ စည်းရုံးရန်ကြိုးစားသည်က ပိုမို လွယ်ကူသွားတော့သည်။ ယခုဖြစ်စဉ်၏ရည်ရွယ်ချက်မှာ မဲဆွယ်ရေးအဖွဲ့က စည်းရုံးရန်လိုအပ်သော လူအုပ်စု ကို အများကြီးပိုသေးငယ်သောအရွယ်အစားအထိ လျှော့ချချုံ့ပစ်ရန်ပင်ဖြစ်သည်။