အသစ်များ > အာဏာရှင်စနစ်

အာဏာရှင်စနစ်

2022-08-29

အာဏာရှင်စနစ်ဆိုသည်မှာ အာဏာကို အစိုးရတစ်ရပ်က အဓိက ချုပ်ကိုင်ထားသည့်နိုင်ငံရေးစနစ်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြည်တွင်းပြည်ပရန်စွယ်များမှ အကာအကွယ်ပေးနိုင်သည့် တစ်ခုတည်းသောအား ကိုးရာမှာ အစိုးရဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာကို လေးစားလိုက်နာရန် လိုအပ်ကြောင်း အာဏာရှင်ခေါင်းဆောင်များက ပြောတတ်ကြသည်။ ထို့ ကြောင့် ပြည်သူလူထုသည် အာဏာရှင်အစိုးရကို ဖြုတ်ချရန် အလွန်ခက်ခဲအောင်ဖန်တီးထားကြသည်။

တိုင်းပြည် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ငြိမ်ရေးတို့အတွက် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများနှင့် ပုဂ္ဂိုလ်ရေးလွတ် လပ်ခွင့်များကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုသင့်သည်ဟု အာဏာရှင်စနစ်၏ခေါင်းဆောင်များက ပြောတတ် ကြသည်။ အများအားဖြင့် အာဏာရှင်အစိုးရများသည် ဒီမိုကရေစီနည်းလမ်းမကျသလို နိုင်ငံသားများ၏သ ဘောဆန္ဒမပါဘဲ အုပ်ချုပ်ရေးအာဏာကို ယူထားကြသူများသာဖြစ်သည်။ သတင်းမီဒီယာ၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းအပေါ် နိုင်ငံတော်က ထိန်းချုပ်ထားပုံသည် ပြည်သူလူထုအပေါ် ထိန်းချုပ်ထား သောအာဏာရှင်အစိုးရများ၌ မြင်တွေ့နေကြပုံစံများပင်ဖြစ်သည်။

အာဏာရှင်အစိုးရများသည် ၎င်းတို့၏အုပ်ချုပ်ရေး ခိုင်မာစေရန် အပေါ်မှ အောက်သို့အဆင့်ဆင့် စေခိုင်းမှုနှင့် သွားကာ ဆုပေးဒဏ်ပေးစနစ်ကို ပေါင်းစပ်အသုံးပြုသည်။ ၎င်းတို့အပေါ် နာခံ၊ ထောက်ခံသူဆိုလျှင် မျက်နှာ သာပေးပြီး ဆန့်ကျင်သူဆိုလျှင် အရေးယူ၊ အပြစ်ပေးသောပုံစံပင်ဖြစ်သည်။ အုပ်ချုပ်ရေး တည်မြဲရန် အာ ဏာရှင်အစိုးရအသီးသီး ကျင့်သုံးသောနည်းလမ်းများသည် မတူကြပါ။ ၎င်းတို့၏အုပ်ချုပ်ရေး ကောင်းမွန်ပြီး မျှတမှုရှိပုံကို ပြနိုင်ရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရပ်ရွာလုံခြုံရေးနှင့် အမျိုးဘာသာသာသနာတို့ကို အပေါ် ယံအားပေးမြှင့်တင်ပေးတတ်ကြသည်။

နှိုင်းယှဉ်လေ့လာချက် - စင်္ကာပူနိုင်ငံ

စင်္ကာပူနိုင်ငံတွင် အာဏာရပါတီဖြစ်သည့် People’s Action Party (PAP) သည် ၁၉၆၅ခုနှစ် လွတ်လပ်ရပြီး ကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ အာရှဒေသတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေမဖြစ်သည့် အာ ဏာရှင်နိုင်ငံရေးတန်ဖိုးစံများ သိသာထင်ရှားစွာ ရှိနေသည်ဟူသောသဘောထားအမြင်၏ခေါင်းကိုင်ဖခင်ကိုပြ ပါဆိုလျှင် စင်္ကာပူ၏သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် လီကွမ်ယု(၁၉၅၉-၉၀)ကို ပြရပါမည်။ အာဏာရှင်စနစ် အောင်မြင်မှုရသောပြယုဂ်အဖြစ် စင်္ကာပူနိုင်ငံကို လူအများက ပြေးမြင်တတ်ကြသည်။

လီကွမ်ယုသည် စင်္ကာပူနိုင်ငံကို အာဏာရှင်အမူအကျင့်ဖြင့် အုပ်ချုပ်ခဲ့သည်။ တရားဥပဒေစိုးမိုးရေးအတွက်အ ခြေခံဟုယူဆကြသော လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာနိုင်ငံရေးလှုပ်ရှားခွင့်၊ လွတ်လပ်စွာအသင်းအ ပင်းဖွဲ့စည်းခွင့်နှင့် အခြားသောအခြေခံအခွင့်အရေးများစွာကို ပိတ်ပင်ထားပြီး ပြုလုပ်လာပါက အပြစ်ပေး အ ရေးယူသည့်ဖိနှိပ်ရေးစနစ်တစ်ရပ်ကို လီကွမ်ယုက ဖော်ဆောင်သွားခဲ့သည်။ အတိုက်အခံနိုင်ငံရေးပါတီများ သည် အဟန့်အတားများ၊ ရွေးကောက်ပွဲမသမာမှုများကို ကြုံတွေ့ရပြီး တရားစီရင်ရေးနှင့် မီဒီယာတို့ကို အာ ဏာရPAP ပါတီက အခိုင်အမာလွှမ်းမိုးထားကာ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တို့ ကို ပိတ်ပင်ထားသည့်အပြင် ဖမ်းဆီးထိန်းသိမ်းမှုများကိုပင် အသုံးပြုတတ်သည်။ အတိုက်အခံပါတီခေါင်း ဆောင်များနှင့် ပါတီသတင်းစာမှအယ်ဒီတာများသည် တစ်ခါတစ်ရံ ထောင်သွင်းအကျဉ်းချခံရခြင်း (သို့မ ဟုတ်) အသရေဖျက်မှုဖြင့်တရားစွဲခံရခြင်းများကို ကြုံတွေ့ရတတ်သည်။ အမှုရင်ဆိုင်နေစဉ်မှာပင် ငွေကြေး မတတ်နိုင်တော့ဘဲ မွဲပြာကျသွားရသူများလည်း မကြာခဏရှိတတ်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် တွေ့ရသည့် တရားဥပဒေစိုးမိုးရေး၏အခြေခံအပိုင်းများကို စင်္ကာပူနိုင် ငံတွင် မတွေ့ရပါ။ အရေးကြီးဆုံးမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် အာဏာခွဲဝေမှုတို့ ကင်းမဲ့နေ ခြင်းပင်ဖြစ်သည်။ မီဒီယာကို နိုင်ငံတော်က ချုပ်ကိုင်ထားပြီး နိုင်ငံသားများအတွက် လွတ်လပ်သောသတင်း များကို ဖတ်ရှုသိရှိနိုင်ရန် မီဒီယာအရင်းအမြစ်အနည်းအကျဉ်းသာရှိသည်။ ၂၀၀၆တွင် မီဒီယာစောင့်ကြည့်လေ့ လာရေးအဖွဲ့ဖြစ်သည့် Reporters Without Borders (နယ်စည်းမခြားသတင်းထောက်များအဖွဲ့)မှ စင်္ကာပူနိုင်ငံ ကို မီဒီယာလွတ်လပ်ခွင့်(စစ်တမ်းကောက်ထားသောနိုင်ငံပေါင်း ၁၆၈နိုင်ငံအနက်)တွင် အဆင့်၁၄၆ဟုသတ် မှတ်ထုတ်ပြန်ခဲ့သည်။ Freedom House ၏သတင်းလွတ်လပ်ခွင့် ၂၀၀၇စစ်တမ်းအရ စင်္ကာပူသည် မီဒီယာ လွတ်လပ်ခွင့်တွင် ‘မလွတ်လပ်’ဟုသတ်မှတ်ခံရပြီး အဆင့်၁၅၄ချိတ်ခဲ့ပြန်သည်။

ကိုးကား - http://www.democracyweb.org/node/66