အသစ်များ > ရွေးကောက်ပွဲများကို ခွဲခြမ်းလေ့လာခြင်း၊ လွတ်လပ်မှုရှိသလော၊ မျှတမှုရှိသလော၊ သို့မဟုတ် လီဆယ်လုပ်ကြံထားခြင်းလော။

ရွေးကောက်ပွဲများကို ခွဲခြမ်းလေ့လာခြင်း၊ လွတ်လပ်မှုရှိသလော၊ မျှတမှုရှိသလော၊ သို့မဟုတ် လီဆယ်လုပ်ကြံထားခြင်းလော။

2022-10-01

ရွေးကောက်ပွဲများ - ရလဒ်များကို စိစစ်ခြင်း

အမြန်မဲရေတွက်ခြင်း

အမြန်မဲရေတွက်ခြင်းဟူသည် မဲရုံများရှိ ကျပန်းမဲစာရင်းမှ ရွေးကောက်ပွဲရလဒ်များကို ခန့်မှန်းကြည့်ကာ စိစစ်ခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် မဲရုံအတွက်စစ်တမ်းကောက်ခြင်း နည်းလမ်းနှင့် ကွဲ ပြားသည်။ မည်သို့ကို မဲပေးခဲ့သနည်းဟု မဲဆန္ဒရှင်များကို မေးမြန်းခြင်းမရှိဘဲ မဲရုံ၏တရားဝင်ရလဒ်များ အ ပေါ်အခြေခံကာ ရလဒ်များကို ခန့်မှန်းခြင်းဖြစ်သည်။ အပြိုင်မဲစာရင်းထုတ်ပြန်ခြင်းသည် အမြန်မဲရေတွက် ခြင်းနှင့် ဆင်သည်၊ သို့သော် ကျပန်းမဲစာရင်းများအစား အချက်အလက်တစ်ခုလုံးကို အသုံးချသည်။

မဲရုံအထွက်စစ်တမ်းကောက်ခြင်း

မဲရုံအထွက်စစ်တမ်းကောက်ခြင်းသည် မဲပေးသူများ မဲရုံမှထွက်လာပြီး ချက်ချင်း စစ်တမ်းယူခြင်းဖြစ်သည်။ မည်သူ့ကို မဲပေးရန်စီစဉ်ထားသနည်းဟု မဲဆန္ဒရှင်ကိုမေးသော ထင်မြင်ချက်စစ်တမ်းယူခြင်းနှင့်လည်း မတူ ပါ။ မဲရုံအထွက်စစ်တမ်းယူခြင်းသည် မဲဆန္ဒရှင်အား မည်သူကို အမှန်စင်စစ် မဲထည့်ခဲ့သနည်းဟုမေးခြင်းဖြစ် သည်။ အမှန်စင်စစ်မဲဆန္ဒရှင်က မဲမပေးခင် ကောက်ယူသောအလားတူစစ်တမ်းကိုမူ မဲရုံအဝင်စစ်တမ်းယူခြင်း ဟုလည်းခေါ်သည်။ ရွေးကောက်ပွဲအများအပြားတွင် မဲရလဒ်အမှန်ကို ထုတ်ပြန်နိုင်ရေး မဲရေးတွက်မှုသည် နာ ရီနှင့်ချီ သို့မဟုတ် ရက်နှင့်ချီ၍ပင် ကြာမြင့်နိုင်သည်။ ထို့ကြောင့် အများအားဖြင့် သတင်းစာများ သို့မဟုတ် ရုပ် သံလွှင့်ဌာနများအတွက် အလုပ်လုပ်သော ပုဂ္ဂလပိုင်ကုမ္ပဏီများဖြစ်လေ့ရှိသည့် မဲစစ်တမ်းယူသူများသည် ရွေး ကောက်ပွဲ အခြေအနေမည်သို့မည်ပုံဖြစ်သည်ကို အစောတလျင် တင်ပြနိုင်ရန် မဲရုံအထွက်စစ်တမ်းယူခြင်း နည်းကို အသုံးပြုကြသည်။

တစ်ခါတရံ ရွေးကောက်ပွဲရလဒ်များကို ခန့်မှန်းနိုင်ရန် မဲရုံအထွက်စစ်တမ်းအပေါ် တုံ့ပြန်ချက်များကို စုပေါင်း တင်ပြတတ်သည်။ ဤသို့စုပေါင်းတင်ပြခြင်းများသည် မဲဆန္ဒရှင်ရည်ရွယ်ချက်ကို အကျယ်အပြန့် ညွှန်းဆိုပြ သလို တရားဝင်မဲရလဒ်များနှင့်လည်း နှိုင်းယှဉ်ကြည့်နိုင်သည်။ မဲဆန္ဒရှင်များမှ ပေးလာသော အချက်အလက် ကို အသုံးချရာတွင် တိကျရေရာမှုမရှိဖြစ်နိုင်၍ မဲရုံအထွက်စစ်တမ်းရလဒ်များအား မဲရလဒ်များကို အပြီးသတ် စိစစ်ရန်မဟုတ်ဘဲ မဲရလဒ်များကို သိရှိနိုင်ရန်အတွက် အသုံးချနိုင်သည်။ မဲရုံအထွက်စစ်တမ်းများသည် ရွေး ကောက်ပွဲများကို မည်သို့ကျင်းပသည်၊ မည်သည့်ပြဿနာများ ဖြစ်ပွားနိုင်သည်တို့နှင့်စပ်လျဉ်းပြီး မဲဆန္ဒရှင် များ၏အသိအမြင်များနှင့်ပတ်သက်သော အရေးပါသောသတင်းအချက်အလက်ကို ထုတ်ပေးနိုင်သည်။ ရွေး ကောက်ပွဲကလိမ်ကျမှုမဖြစ်စေရန် စစ်ဆေးစောင့်ကြည့်မှုအဖြစ် မဲရုံအထွက်စစ်ဆေးမှုကို ကမ္ဘာတဝန်းတွင် အ စဉ်အဆက်အသုံးပြုလာကြသည်။ မဲရုံအထွက်စစ်တမ်းကိုကြည့်လျှင် ရွေးကောက်ပွဲမသမာမှုအတိုင်းအတာကို သိနိုင်သည်။ ဤဖြစ်ရပ်နှင့်စပ်လျဉ်း၍ဥပမာတချို့ရှိရာ ၂၀၀၄ ခုနှစ်က ဗင်နီဇွဲလားနိုင်ငံ၏လူထုဆန္ဒခံယူပွဲပြန် ကျင်းပရမှုနှင့် ၂၀၀၄ ခုနှစ် ယူကရိန်းနိုင်ငံသမ္မတရွေးကောက်ပွဲတို့ပါဝင်သည်။

ပြဿနာများ

တချို့အခြေအနေများတွင် မဲဆန္ဒရှင်များသည် စစ်တမ်းမေးမြန်းသူများကို အတိအကျ တုံ့ပြန်မဖြေကြားတတ် ပေ။ မဲဆန္ဒရှင်များအနေဖြင့် မေးမြန်းသူ၏ဦးတည်ချက်ကို မယုံကြည်၍ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ဆန္ဒမဲကို သတင်းတင်ဆက်မှုအတွက် လက်စားချေခံရမည်ကို စိုးရိမ်၍ဖြစ်စေ အထက်ပါ ‘အချက်အလက်မှားနိုင်သည့် ပြဿနာ’ ပေါ်ပေါက်နိုင်သည်။ မဲဆန္ဒရှင်များမည်သို့မဲပေးခဲ့သည်ကို အတိအကျ တင်ပြသည်ထက် မဲဆန္ဒရှင် များသည် အချက်အလက်အပေါ်မူရင်းပိုင်ဆိုင်သူဟူသောရှုထောင့်မှ ၎င်းတို့မှန်သည်ဟု ထင်သောတုံ့ပြန်အ ဖြေကို ပေးကောင်းပေးနိုင်သည်။ ထို့အပြင် မဲဆန္ဒရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပေး ရခြင်းကြောင့် မဲရုံအထွက်စစ်တမ်းများသည် ‘ရေငုံနှုတ်ပိတ်နေခြင်းအမှား’ကိုလည်း ရင်ဆိုင်ရသည်။ စစ်တမ်း ယူမှုထဲ ဝင်မပါချင်လိုသော မဲဆန္ဒရှင်များကြောင့် ဖြစ်ပေါ်လာသော သီးခြားရွေးချယ်ချက်အစွဲကို ဆိုလိုသည်။

စင်ပြိုင်မဲစာရင်းထုတ်ပြန်ခြင်း (PVT)

စင်ပြိုင်မဲစာရင်းထုတ်ပြန်ခြင်းဟူသည် ရွေးကောက်ပွဲရလဒ်များကို သီးခြားလွတ်လပ်စွာစိစစ်(သို့ စိန်ခေါ်)နိုင် ရန်အတွက် အသုံးပြုသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်း တွင် မဲရုံများ၌ မဲပေးပုံနှင့် မဲရေတွက်ပုံတို့ကို စောင့်ကြည့်လေ့လာခြင်း၊ မဲရုံများ၏တရားဝင်မဲရလဒ်များကို ကောက်ယူခြင်းနှင့် ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့များနှင့် စင်ပြိုင်အဖွဲ့က အဆိုပါမဲရလဒ်များကို သီးခြားရေ တွက်ထုတ်ပြန်ခြင်း တို့ပါဝင်သည်။

PVT ကို မဲရုံများ၏ စာရင်းအပေါ်နမူနာယူ ဆောင်ရွက်လျှင် ဤသည်ကို အမြန်မဲရေတွက်ခြင်းဟုခေါ်သည်။

လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပရေး ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာပြည်သူ့လှုပ်ရှားမှုမှ စည်းရုံးရေးမှူးများသည် အသစ်ထွက်ပေါ်စဒီမိုကရေစီနိုင်ငံများတွင် အမြန်မဲရေတွက်ခြင်း သို့မဟုတ် စင်ပြိုင်မဲစာရင်းရေတွက်ထုတ်ပြန်ခြင်းနည်းလမ်းကို အစဦးကျင့်သုံးသူများအဖြစ် အကျယ်အပြန့် လက်ခံထားကြသည်။ အဆိုပါ ဖိလစ်ပိုင်ပြည်သူ့အဖွဲ့သည် ၁၉၈၆ ခုနှစ်သမ္မတရွေးကောက်ပွဲကာလအတွင်း မဲရုံးအားလုံးပေါင်း ၉၀,၀၀၀ မှ တရားဝင်မဲရေတွက်မှုကို ထုတ်ဖော်ပြနိုင်ရန် ကြိုးပမ်းခဲ့သည်။ ယင်းအဖွဲ့သည် မဲရုံအများစုမှ အချက်အလက် ကို စွမ်းစွမ်းတမံ ကောက်ယူခဲ့ပြီး သမ္မတမားကို့စ်ဘက်တော်သားများ မဲလိမ်ရန်အကြီးအကျယ်ကြိုးပမ်းမှုကို ကူညီထုတ်ဖော်ပေးရာတွင် အဓိကကျခဲ့သည်။

ကိုးကား - USAID.Assessing And Verifying Election Results: A Decision-Maker’’s Guide to Parallel Vote Tabulation and Other Tools (USAID 2015); National Democratic Institute: A Background On Pvts/Quick Counts. https://www.ndi.org/node/2 2694 (accessed July 2015)