အသစ်များ > ဘဏ္ဍာရေးအရင်းအမြစ်များကို ခွဲဝေပေးခြင်း

ဘဏ္ဍာရေးအရင်းအမြစ်များကို ခွဲဝေပေးခြင်း

2022-09-06

ဖက်ဒရယ်ရေးရာဌာနအဖွဲ့အစည်းများ၏အရေးပါသောလုပ်ငန်းဆောင်တာတစ်ရပ်မှာ မတူသောအစိုးရအဆင့် များထံ အရင်းအမြစ်များကို မည်သို့ ခွဲဝေပေးမည်နည်းဟူ၍ ဆုံးဖြတ်လုပ်ကိုင်ရန်ပင်ဖြစ်သည်။ အဆိုပါအရင်း အမြစ်များတွင် လူထုအကျိုးပြုဝန်ဆောင်မှု၊ ငွေကြေး၊ အခွန်ကောက်ရန်အာဏာနှင့် သဘာ၀သယံဇာတအ ရင်းအမြစ်များပါဝင်သည်။ ဘဏ္ဍာရေးအရင်းအမြစ်များ လုံလောက်စွာ ချပေးရေးသည် နိုင်ငံရေးနှင့် အုပ်ချုပ် ရေးပိုင်း ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတွက် လိုအပ်သောရှေ့ပြေးအခြေအနေတစ်ရပ်ဖြစ်၍ အရင်းအမြစ်ခွဲဝေ ရေးကို ချုပ်ကိုင်ထားသောစည်းမျဉ်းများသည် ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံကို တည်ဆောက်ရာတွင် အရေးကြီး သောကဏ္ဍမှ ပါဝင်လာသည်။ အရင်းအမြစ်ကို သက်ဆိုင်ရာအစိုးရတစ်ရပ်ချင်းစီက အကောင်အထည်ဖော်ရန် တာဝန်ယူထားသော ဝန်ဆောင်မှုများ၊လုပ်ငန်းများနှင့်အချိုးအစားညီညီ ခွဲဝေပေးသင့်ပါသည်။ အလားတူပင် အရင်းအမြစ်များ မြှင့်တင်ရေး တာဝန်၀တ္တရားကိုလည်း အဆိုပါအရင်းအမြစ်များကို အသုံးချရန်လိုအပ်သည့် အစိုးရအဆင့်ကိုသာ ပေးထားသင့်သည်။

သို့ရာတွင် တချို့ကိစ္စများတွင်မူ အစိုးရတစ်ရပ်သည် အရင်းအမြစ်များကို ပိုကောင်းမွန်စွာ မြှင့်တင်ရနိုင်သော် လည်း အရင်းအမြစ်သက်သက်ချည်း မြှင့်တင်ရန်လိုအပ်ချင်မှလိုအပ်နိုင်သည်။ ဤသို့သောပြဿနာရပ်မျိုး သည် အခွန်ကောက်ခြင်းနယ်ပယ်တွင် အပေါ်လွင်ဆုံးဖြစ်ပေါ်တတ်သည်။ အကျိုးအရှိဆုံးဖြစ်မည့်အခွန်အခ အမျိုးအစား(ကော်ပိုရိတ်အခွန်၊ အကောက်ခွန်တာဝန်များ)ကို အမျိုးသားအစိုးရက အထိရောက်ဆုံးမြှင့်တင် ကောက်ခံရသော်လည်း အခွန်ငွေအစိတ်အပိုင်းတစ်ရပ်ကိုမူ ပြည်နယ်အစိုးရများတွင် အကောင်းဆုံးသုံးစွဲသင့် သည်။ တချို့ဖြစ်ရပ်များတွင် ပြည်နယ်အစိုးရတစ်ရပ်သည် အခြားအစိုးရထက် အခွန်ငွေကို အများကြီး ပို ကောက်နိုင်စွမ်းရှိတတ်သည်။ ယင်းသို့သောပြဿနာများကို ဖြေရှင်းရန် နှင့် အရင်းအမြစ်များနှင့် ဖွံ့ဖြိုးမှုတန်း တူညီတူဖြစ်ရေး အခြေခံသဘောတရားကို မြှင့်တင်ပေးရန် အခွန်ကောက်ခြင်းနှင့် အခွန်ဝင်ငွေခွဲဝေခြင်းဆိုင် ရာ ရှုပ်ထွေးသောစီမံချက်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ရန်လိုအပ်တတ်သည်။

ဗဟိုအစိုးရများသည် အများအားဖြင့် အကောက်ခွန်၊ ယစ်မျိုးခွန်နှင့် ကော်ပိုရိတ်ဝင်ငွေခွန်များကဲ့သို့သော အဓိ ကကျသောအခွန်ကောက်ခြင်းအာဏာရပ်များအတွက် တာဝန်ရှိသည်။ အိန္ဒိယနှင့် ဩစတြီးယားတို့တွင်မူ လူ တစ်ဦးချင်းစီ၏ဝင်ငွေကို ကောက်ရန်သည် ဗဟိုအစိုးရ၏တာဝန်ဖြစ်နေပြန်သည်။ ဗဟိုနှင့် ပြည်နယ်အစိုးရ များသည် အများအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအများစုတွင် အရောင်းခွန်များနှင့် စားသုံးခွန်များကိုမျှ ဝေကောက်ခံကြသည်။ ယေဘုယျအားဖြင့် ဗဟိုအစိုးရများသည် အများအားဖြင့်ပြည်နယ်အစိုးရများထက် အခွန်ဘဏ္ဍာကောက်ခံရာတွင် အာဏာပိုရှိသည်။

ဖက်ဒရယ်နိုင်ငံများတွင် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဆိုင်ရာ အရေးကြီးဆုံးနယ်ပယ်များမှာ အခွန် ကောက်ခြင်းနှင့် ဘဏ္ဍာရေးပိုင်းတန်းတူညီမျှသုံးစွဲရေးပင်ဖြစ်သည်။ အခွန်ကောက်ခံခွင့် (သို အနည်းဆုံး အ ခွန်ကောက်ခံခြင်းအဆင့်များအပေါ် ဩဇာညောင်းခွင့်)သည် ပြည်နယ်များကို ယင်းတို့၏ဝင်ငွေအပေါ် ထိန်း ချုပ်မှုကို ပေးလိုက်ခြင်းဖြစ်သည်။ ဤကိစ္စသည် နိုင်ငံရေးပိုင်းကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် အရေးပါသော ရှေ့ပြေးအခြေအနေတစ်ရပ်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏ရက်ရောပေးကမ်းမှုအပေါ် မှီခိုနေရသောပြည် နယ်များသည် ဗဟိုအစိုးရမှ ထွက်ပေါ်လာသောမူဝါဒဆောင်ရွက်ချက်များကို အတိုက်အခံလုပ်ရန်ခက်ခဲသွား သည်။ ကိုယ်ပိုင်အရင်းအမြစ်များလည်းမရှိဖြစ်နေသော ပြည်နယ်များသည် ကိစ္စရပ်တိုင်းနီးပါးတွင် ဗဟိုအ စိုးရနှင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်ရသည်။

အခွန်ကောက်ခြင်း

ဖက်ဒရယ်နိုင်ငံများတွင် အခွန်ကောက်ခြင်းမူဝါဒပုံစံနှစ်မျိုးကို ခွဲခြားကြည့်နိုင်သည်။ ဖက်ဒရယ်စနစ်တစ်ရပ် တွင် တည်ရှိနေသော ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအတိုင်းအဆသည် အစိုးရအဆင့်နှစ်ရပ်ကြား အခွန်အာဏာ ရပ်များ ခွဲဝေခြင်းအပေါ် သက်ရောက်ဖွယ်ရာရှိသည်။

ဗဟိုချုပ်ကိုင်မှုမရှိသောပုံစံများတွင် အခွန်ကောက်ခြင်း

နိုင်ငံရေးအာဏာသည် အခွန်ကိုသီးခြားခွဲ၍ကောက်ခံခြင်း(တစ်ခါတစ်ရံ နှစ်မျိုးကောက်ခံ)စနစ်တွင် ပို၍ဟန် ချက်ညီသည်၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ယင်းစနစ်ကို တွေ့ရသည်။ အဆိုပါစနစ်အရ ပြည်နယ်များ သို့ ခရိုင်များတွင် ကိုယ်ပိုင်အခွန်ကောက်နိုင်သောအာဏာရပ်များရှိကြပြီး ပြည်ထောင်စုအစိုးရအခွန်များ(အ ထူးသဖြင့် အရောင်းခွန်များ)တွင် ယင်းတို့၏နယ်မြေအခွန်များကို ထပ်ဖြည့်ပေးနိုင်သည်။

ပူးပေါင်းဆောင်ရွက်မှုရှိသောပုံစံများတွင် အခွန်ကောက်ခံခြင်း

ဂျာမနီနိုင်ငံတွင် ဖက်ဒရယ်အဆင့်တွင် အခွန်ကောက်ခြင်းအာဏာရပ်များနှင့်စပ်လျဉ်း၍ အလုံးစုံနီးပါးလက် ဝါးကြီးအုပ်ထားသည်။ အခွန်ဥပဒေများကို ဖက်ဒရယ်အဆင့်တွင်သာ ချမှတ်ပြဋ္ဌာန်းသည်။ ပြည်နယ်အစိုးရ များသည် ဘန်ဒါရက်စ်(အမျိုးသားအဆင့်၌ ပြည်နယ်အစိုးရကို ကိုယ်စားပြုသော အထက်လွှတ်တော်)မှတစ် ဆင့် ဖက်ဒရယ်အခွန်ဥပဒေပြဋ္ဌာန်းမှုလုပ်ငန်းစဉ်တွင် ပါဝင်ရသည်။ ကောက်ခံရရှိသောအခွန်များကို တိကျစွာ ချမှတ်ထားသောပုံသေနည်းများကိုအခြေခံ၍ ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသအဆင့်ထံ ခွဲဝေပေးသည်။ (အရောင်းခွန်၊ ပုဂ္ဂလိကဝင်ငွေခွန်၊ ကော်ပိုရိတ်ဝင်ငွေခွန်(ဝင်ငွေခွန်အားလံး၏ ၇၀ရာခိုင်နှုန်းကျော်ရှိ)တို့မှရရှိ သော အခွန်ဘဏ္ဍာများကို အစိုးရအဆင့်သုံးရပ်ကြား ခွဲဝေပေးသည်။

ဘဏ္ဍာရေးညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်း

ဘဏ္ဍာရေးညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်းဟူသည်မှာ ဘဏ္ဍာရေးအရင်းအမြစ်များကို ပြည်နယ်အစိုးရများ ထံ လွှဲပြောင်းပေးခြင်းပင်ဖြစ်သည်။ ယင်းသို့လွှဲပြောင်းပေးရခြင်း၏အဓိကရည်မှန်းချက်မှာ ပြည်နယ်အစိုးရ များအနေဖြင့် ယင်းတို့၏ပြည်နယ်လူထုအပေါ် ကောက်ယူသောအခွန်နှုန်းထားနှင့် တူညီစွာ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်ပင် ဖြစ်သည်။ ဘဏ္ဍာရေးညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်း သည် ပြည်နယ်ကိုယ်ပိုင်လွတ်လပ်မှုကို တောင်းဆိုလာစေနိုင်သည့် ဖြစ်လာနိုင်ဖွယ်ရာ ဟန်ချက်မညီမျှမှုများ ကို လမ်းမှန်အတိုင်းတည့်မတ်ပေးခြင်းဖြင့် ဘဏ္ဍာရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ပံ့ပိုးပေးပါသည်။ ဘဏ္ဍာရေးညီမျှမှုဖြစ်အောင်ဆောင်ရွက်မည့်အစီအမံများသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံများအားလုံးအ တွက် လိုအပ်သည်။ ယင်းအစီအမံများသည် အခွန်ဝင်ငွေကို ပြန်လည်ခွဲဝေပေးပြီး ပိုမိုဆင်းရဲသောနယ်မြေများ ကို ပံ့ပိုးပေးခြင်းဖြင့် ဖက်ရယ်နိုင်ငံများ၏ ရေရှည်တည်တံ့နိုင်မှုကို တိုးတက်မြင့်မားစေသည်။

တောင်အာဖရိကရှိ ဘဏ္ဍာရေးပိုင်းညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်း

တောင်အာဖရိကနိုင်ငံတွင် အမျိုးသားအဆင့်မှ ကောက်ခံထားသောအခွန်ဘဏ္ဍာငွေများကို အောက်ပါသတ် မှတ်စံနှုန်းများအတိုင်း ပြည်နယ်ခရိုင်များသို့ ခွဲတမ်းချပေးရေးနှင့်စပ်လျဉ်းပြိး ထောက်ခံချက်ပေးရန်တာဝန် ရှိသောကော်မရှင်အဖွဲ့တစ်ဖွဲ့ရှိသည်။ သတ်မှတ်စံနှုန်းများမှာ -

  • ပြည်နယ်ခရိုင်များနှင့် မြူနီစီပယ်အဖွဲ့များသည် ယင်းတို့ထံ ခွဲတမ်းချပေးထားသော လုပ်ငန်းဆောင် တာများကို ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး အခြေခံဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်ရမည်။
  • ပြည်နယ်ခရိုင်များနှင့် မြူနီစီပယ်အဖွဲ့များတွင် ဘဏ္ဍာရေးပိုင်းဆောင်ရွက်နိုင်စွမ်းရည်နှင့် အကျိုးထိ ရောက်စွာလုပ်ဆောင်နိုင်စွမ်းရှိရမည်။
  • ပြည်နယ်ခရိုင်များ၊ ဒေသန္တရအစိုးရနှင့် မြူနီစီပယ်အဖွဲ့များတွင် ဖွံ့ဖြိုးတိုးတက်မှုနှ့် အခြားသောလို အပ်ချက်များရှိရမည်။
  • ပြည်နယ်ခရိုင်များအတွင်းနှင့်ခရိုင်အချင်းချင်းကြား စီးပွားရေးကွာဟချက်များရှိရမည်။
  • ပြည်နယ်ခရိုင်များနှင့် မြူနီစီပယ်အဖွဲ့များတွင် အမျိုးသားအဆင့်ဥပဒေပြဋ္ဌာန်းခြင်းနှင့်ဆက်စပ်သော တာဝန်၀တ္တရားရှိရမည်။

ကိုးကား၊ The Constitution of the Republic of South Africa (1996)

နယ်မြေအလိုက်အခွန်ဝင်ငွေကိစ္စတွင် ကွဲပြားမှုဖြစ်နေသည့်ပြဿနာအတွက် အလွယ်ကူဆုံးဖြေရှင်းနည်းမှာ ဖက်ဒရယ်အခွန်ဝင်ငွေကို ပြည်နယ်အစိုးရထံ ပြန်လည်ခွဲဝေပေးလိုက်ရေးပင်ဖြစ်သည်။ ဤသို့ပြန်လည်ခွဲဝေ ပေးမှုကို “ထောင်လိုက်ပုံစံညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်း”ဟု ခေါ်ဝေါ်ပြီး ဩစတြီးယား၊ ဩစတြေးလျနှင့် စပိန်နိုင်ငံတို့တွင် အသုံးပြုသည်။

ယင်းနှင့်မတူသော ဘဏ္ဍာရေးညီမျှအောင်ဆောင်ရွက်ခြင်းနောက်တစ်မျိုးမှာ “ရေပြင်ညီပုံစံညီမျှမှုဖြစ်အောင် ဆောင်ရွက်ခြင်း”ပင်ဖြစ်သည်။ အဆိုပါပုံစံအရ ပြည်နယ်အစိုးရများသည် အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့ ပံ့ပိုးကူညီမှု ပေးရန်လိုအပ်သည်။ ပိုချမ်းသာသောနယ်မြေဒေသများသည် ကောက်ခံသောအခွန်နှုန်းထားနှင့်အညီ ဝန် ဆောင်မှုများကို ပြန်လည်ပေးနိုင်စေရန်အတွက် ပိုမိုဆင်းရဲသောနယ်မြေဒေသများကိုကူညီပေးသည်။ ရေပြင် ညီပုံစံညီမျှအောင်ဆောင်ရွက်ခြင်းဟုဆိုသည်နှင့် ယခုလိုအကူအညီမျိုးအတိုင်း မလွဲမသွေဖြစ်ပေါ်လိမ့်မည်ဟု ယူဆ၍တော့မရပါ။ ထိုအစား ပိုဆင်းရဲသောနယ်မြေဒေသများအနေဖြင့် ယင်းတို့ကိုယ်တိုင် လိုအပ်သောအခွန် ဘဏ္ဍာကောက်ခံနိုင်သည့်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်လာသည်အထိ လွှဲပြောင်းပေးမှုများကို ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သည်။

အခြေခံသဘောတရားအရဆိုရလျှင် ဘဏ္ဍာရေးညီမျှမှုဖြစ်အောင်ဆောင်ရွက်ခြင်းမူဝါဒများသည် ပြည်နယ်အ စိုးရများတွင် ရေရှည်တည်တံ့သောအခွန်ဘဏ္ဍာကောက်ခံနိုင်သည့်စွမ်းရည် ဖြစ်ထွန်းလာနိုင်သည်အထိ ယာ ယီအကူအညီပေးရန်အတွက် ရည်ရွယ်သည်။ အခြားပြည်နယ်များ သို့ ဖက်ဒရယ်အဆင့်မှ ဘဏ္ဍာရေးပံ့ပိုးခြင်း သည် ယင်းတို့ဘာသာ ကိုယ်ထူကိုယ်ထမဆောင်ရွက်နိုင်သည့် ပြည်နယ်များကို ကူညီပေးခြင်းဖြစ်သည်။သို့မှ သာ အဆိုပါပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုးမှုမရှိဟူသော အဆင့်သတ်မှတ်မှုသည် အမြဲတမ်းရှိနေမည်မဟုတ် တော့ပါ။

နှိုင်းယှဉ်လေ့လာချက်၊ ပါကစ္စတန်ရှိ သဘာ၀သယံဇာတအရင်းအမြစ်များမှရရှိသောအခွန်ဘဏ္ဍာများ

သဘာ၀သယံဇာတအရင်းအမြစ် အခွန်ဘဏ္ဍာများသည် အဓိကအားဖြင့် မူပိုင်ကြေး၊ လိုင်စင်ကြေး၊ ပို့ကုန်ခွန် နှင့် ကော်ပိုရိတ်ခွန်များမှ ရရှိသည်။ ယင်းအခွန်ဘဏ္ဍာများသည် နိုင်ဂျီးရီးယားရှိ အကြီးမားဆုံးအခွန်ဘဏ္ဍာ ရင်းမြစ်နှင့်အတော်ပင်ကွာလှမ်းသည်။ နိုင်ဂျီးရီးယားတွင်မူ အဆိုပါအခွန်ငွေများကို ဗဟိုအစိုးရကကောက်ခံ ပြီး စည်းမျဉ်းအမျိုးမျိုးအပေါ်အခြေခံကာ ပြည်နယ်များနှင့် ခွဲဝေသုံးစွဲသည်။ စည်းမျဉ်းများတွင် ပြည်နယ်များ၊ လူဦးရေနှင့် ရင်းမြစ်များ(ထုတ်လုပ်ပေးသောပြည်နယ်များအတွက်မူပိုများ) တန်းတူညီမျှရေးပါဝင်သည်။ ရု ရှားနိုင်ငံတွင် မူပိုင်ကြေးများနှင့် ပို့ကုန်ခွန်များသည် အရေးကြီးသည်၊ ယခုအခါ ဗဟိုအစိုးရသည် ပြည်နယ် များကို ပေးရန်အတွက် မပြောပလောက်သောအကျိုးအားသာချက်တချို့ကိုယူကာ ပြည်နယ်များ၏အခွန် ကောက်ခြင်းအမှုကိစ္စအပေါ် လွှမ်းမိုးကြီးစိုးထားသည်။

ပါကစ္စတန်နိုင်ငံတွင် အရင်းအမြစ်များကို လူဦးရေးကိန်းဂဏန်းများအပေါ် အဓိကအခြေခံကာ ခွဲဝေသည်။ ဤ စနစ်သည် တချို့ပြည်နယ်များတွင် ကောက်ခံရရှိသောအခွန်ဘဏ္ဍာငွေကို အခြားပြည်နယ်များသို့ ခွဲဝေပေး ရာတွင် အချိုးအစားမညီဖြစ်ကာ ဟန်ချက်မညီမျှမှုများကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့်ဘယ်လူချင်စတန် နှင့် ဆင့်ဒေသတို့အတွက် ဗဟိုအစိုးရက ခွဲဝေသတ်မှတ်ပေးသောအခွန်ဘဏ္ဍာထက် ယင်းဒေသမှထွက်ရှိသော သဘာ၀သယံဇာတရင်းမြစ်ဝင်ငွေက အများကြီးပိုများနေသည်။ တစ်ဖက်တွင် ပန်ဂျပ်ပြည်နယ်မှာမူ ထွက်ရှိ သောသယံဇာတရင်းမြစ်ဝင်ငွေထက်ခွဲဝေသတ်မှတ်ပေးခံရသော အခွန်ဘဏ္ဍာငွေက အများကြီးပိုများနေပြန် သည်။ ဥပမာအားဖြင့် ဆင့်ဒေသတွင် ပါကစ္စတန်နိုင်ငံ၏ စုစုပေါင်း သဘာ၀ဓာတ်ငွေထုတ်လုပ်မှုနှုန်း၏ ၇၁ ရာခိုင်နှုန်းထွက်ရှိသည်၊ တစ်ဖက်တွင် ဘယ်လူချင်စတန်၊ပန်ဂျပ်နှင့် ကေပီကေတို့မှာ ၂၂ရာခိုင်နှုန်း၊ ၅ ရာခိုင် နှုန်းနှင့် ၂ ရာခိုင်နှုန်းအသီးသီးထွက်သည်။ ဆင့်ဒေသ၊ ဘယ်လူချင်စတန်၊ ပန်ဂျပ်နှင့် ကေပီကေတို့သည် ရေနံထုတ်လုပ်မှုတွင် ၅၆ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းအသီးသီးရှိသည်။

၁၈ကြိမ်မြောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မတိုင်ခင် ဗဟိုအစိုးရသည် သဘာ၀သယံဇာတအရင်း အမြစ်မှ မူပိုင်ကြေး၏ ၈၈.၅ ရာခိုင်နှုန်းကို ကောက်ယူခဲ့သည်။ ပြည်နယ်အစိုးရများမှာမူ ယင်းတို့၏ဒေသ တွင်း သဘာ၀သယံဇာတရင်းမြစ်များမှ ကောက်ခံရရှိသော အခွန်ငွေ၏ ၁၁.၅ ရာခိုင်နှုန်းသာကျန်သည်။ အဆို ပါ အခွန်ငွေသည် အစိုးရအဖွဲ့နှင့် ဗြူရိုကရေစီစနစ်အတွင်း အဂတိလိုက်စားမှုကြောင့် ထပ်မံလျော့ကျသွားခဲ့ ရသေးသည်။ ထို့အခါ ပြည်နယ်များရှိဒေသခံလူထုသည် ယင်းတို့၌ ကိုယ့်သဘာ၀သယံဇာတရင်းမြစ်များအ ပေါ် ပိုင်ဆိုင်ခွင့်များ ပိတ်ပင်ထားခံရသည်ဟု ထင်မြင်လာတော့သည်။ သို့ရာတွင် အဆိုပါအခြေအနေကို ၁၈ ကြိမ်မြောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်က ပြောင်းလဲပေးလိုက်သည်။ ၁၁.၅ ရာခိုင်နှုန်းတင်မဟုတ် တော့ဘဲ သဘာ၀ရင်းမြစ်မူပိုင်ကြေး၏ ၅၀ရာခိုင်နှုန်းကို ယခုအခါ ပြည်နယ်ခရိုင်အဆင့်ထံ လွှဲပြောင်းပေးထား သည်။ ယခုလိုပြောင်းလဲမှုသည် သဘာ၀သယံဇာတရင်းမြစ်ကြွယ်၀သော ဘယ်လူချင်စတန်နှင့် ဆင့်ဒေသခ ရိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အပြုသဘောသက်ရောက်မှုဖြစ်စေသည်။

ကိုးကား၊ Crisis of Federalism in Parkistan: Issues and Challenges