အသစ်များ > အုပ်ချုပ်ရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

အုပ်ချုပ်ရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း

2022-09-05

အုပ်ချုပ်ရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းအမျိုးအစားသုံးမျိုးရှိသည်။ ‘လုပ်ငန်းဆောင်တာများကို ခွဲဝေဖြန့် ကျက်ပေးခြင်း’၊ ‘ကိုယ်စားပြုလွှဲအပ်ခြင်း’၊ နှင့် ‘ဗဟိုအစိုးရမှ ခရိုင်(သို့)တိုင်းဒေသအစိုးရထံအာဏာခွဲပေး ခြင်း’ တို့ပင်ဖြစ်သည်။

လုပ်ငန်းဆောင်တာများကို ခွဲဝေဖြန့်ကျက်ပေးခြင်းဟူသည်မှာ ဗဟိုအစိုးရသည် ယင်းတွင်တာဝန်ရှိသော မူဝါ ဒတစ်ရပ်ကို အကောင်အထည်ဖော်ခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ပြင်ပအစိုးရရုံးဌာနများထံ လွှဲပြောင်းပေး ထားခြင်းဟုအဓိပ္ပာယ်ရသည်။ ဗဟိုအစိုးရရုံးစိုက်ရာတည်နေရာသည် ပြောင်းလဲမှုရှိသော်လည်း ဆုံးဖြတ် ချက်ချရန်အတွက် တာဝန်မှာမူ ဗဟိုရုံးဌာနတွင်သာဆက်ရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် အထက်တန်း ကျောင်းများသည် တစ်မျိုးသားလုံးနှင့်ဆိုင်ရာအရေးကိစ္စဖြစ်ပြီး အမျိုးသား(ဗဟို)အဆင့်ဥပဒေဖြင့် အုပ်ချုပ် ကာ ကျောင်းများတည်ထောင်ခြင်း၊ စီမံကွပ်ကဲခြင်း၊ သင်ရိုးညွှန်းတမ်းပြဌာန်းခြင်း၊ ဆရာများအား ခန့်အပ်လ စာပေးချေခြင်းတို့ကို ဆောင်ရွက်ပေးသည့် အမျိုးသား(ဗဟို)အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင် သည်။ အနှစ်ချုပ်ဆိုရပါက ကိစ္စရပ်တိုင်းကို အမျိုးသား(ဗဟို)အဆင့်ကသာ တာဝန်ယူဆောင်ရွက်သည်။ သို့ ရာတွင် အထက်တန်းကျောင်းများသည် မြို့တော်တွင်သာတည်ရှိနေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအနှံ့ရှိနေသ ဖြင့် အမျိုးသား(ဗဟို)အဆင့်နိုင်ငံ့ဝန်ထမ်းများနှင့်ဆရာများအား ထိုကျောင်းများဖွင့်လှစ်စီမံပေးရန် နိုင်ငံအနှံ့ အပြားသို့ စေလွှတ်ရသည်။ အမျိုးသား(ဗဟို)ရေးရာဌာနအဖွဲ့အစည်းတစ်ရပ်၏သဘာ၀ကတော့ အပြောင်း အလဲမရှိပါ။

ကိုယ်စားပြုလွှဲအပ်ခြင်းတွင် ဗဟိုအစိုးရအနေဖြင့် အခြားအစိုးရအဆင့်တစ်ရပ်ရပ်ထံ ဆုံးဖြတ်ချက်ချခြင်းနှင့် အစိုးရလုပ်ငန်းအမျိုးမျိုးအတွက် အုပ်ချုပ်ရေးတာဝန်များအား လွှဲပေးထားရန်လိုသည်။ ကိုယ်စားပြုလွှဲအပ် ခြင်းတွင် မည်သည့်မူဝါဒများဖြစ်ရမည်ဆိုသည့်ဆုံးဖြတ်ချက်မှာ ဗဟိုအစိုးရထံရှိနေဆဲဖြစ်သော်လည်း ထိုမူဝါ ဒများအား မည်သို့စီမံအုပ်ချုပ်၊ အကောင်အထည်ဖော်မည်ဟူသည်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချခြင်းမှာမူ ဒေ သန္တရအစိုးရတွင် အာဏာပိုရှိလာသည်။ ယခုလို မူဝါဒကို အကောင်အထည်ဖော်ရာတွင်ဒေသန္တရအစိုးရများ၏ ကြီးကြပ်ကွပ်ကဲနိုင်ခြင်း(သို့) ကိုယ်ပိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်းအတိုင်းအဆသည် အဆမတန်ကွဲပြားမှုရှိနိုင် သည်။ ဥပမာ အထက်တန်းကျောင်းများသည် အမျိုးသား(ဗဟို)ရေးရာဌာနအဖွဲ့အစည်းများဖြစ်နေပြီး အမျိုးသား(ဗဟို)အဆင့်ဥပဒေများဖြင့် အုပ်ချုပ်ထားခြင်းဖြစ်သော်လည်း အကောင်အထည်ဖော်မှုပိုင်းသည် အမျိုးသားပညာရေးဝန်ကြီးဌာန၏ အထွေထွေကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အစိုးရဌာနခွဲများတွင် တာဝန်ရှိ သည်။

ဗဟိုအစိုးရမှ ခရိုင်(သို့)တိုင်းဒေသအစိုးရထံအာဏာခွဲပေးခြင်းသည် အုပ်ချုပ်ရေးပိုင်းဗဟိုချုပ်ကိုင်မှုလျှော့ချ ခြင်းကို အခိုင်မာဆုံးကိုယ်စားပြုထားသောပုံစံဖြစ်သည်။ အာဏာခွဲပေးခြင်းတွင် နယ်မြေ (သို့) ဒေသန္တရအ ဆင့်အစိုးရထံ အခွင့်အာဏာရှိရာဌာနတစ်ရပ်ကို လွှဲပြောင်းပေးခြင်းပါဝင်သည်။ အခွင့်အာဏာဟုဆိုရာတွင် အမျိုးသား(ဗဟို)အဆင့်မူဝါဒကို အကောင်အထည်ဖော်ရန်အာဏာမှသည် ဥပဒေပြုအာဏာအထိရှိသလို၊ အ မျိုးသားအစိုးရနှင့် သီးခြားလွတ်လပ်စွာ မူဝါဒကို ချမှတ်၊ အကောင်အထည်ဖော်ရန်အာဏာအထိ ရှိနိုင်သည်။ ဗဟိုအစိုးရသည် အစိုးရဌာနခွဲများအပေါ် ဒဏ်ခတ်အရေးယူနိုင်မှုများ မရှိတော့သည်ကို ထောက်ရှုလျှင် ဗဟို အစိုးရမှခရိုင်(သို့)တိုင်းဒေသအစိုးရထံအာဏာခွဲပေးခြင်း၏နောက်တွင် နိုင်ငံရေးပိုင်းဗဟို ချုပ်ကိုင်မှုလျှော့ချ ခြင်းရှိနေသည်ကို အတိုင်းအတာတစ်ရပ်အထိ တွေ့နိုင်သည်။ ဥပမာအားဖြင့် အထက်တန်းကျောင်းများ သည် ပြည်နယ်အဆင့်အရေးကိစ္စတစ်ရပ်လည်းဖြစ်ပြီး ပြည်နယ်အဆင့်ဥပဒေဖြင့် အုပ်ချုပ်ခြင်းဖြစ်ကာ ကျောင်းများဆောက်လုပ်ခြင်း၊ စီမံကွပ်ကဲခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြဋ္ဌာန်းခြင်း၊ ကျောင်းဆရာများကို ခန့် အပ်လစာပေးချေခြင်းတို့ကို ပြည်နယ်အဆင့်အစိုးရဌာနများက အကောင်အထည်ဖော် ဆောင်ရွက်သည်။ အနှစ်ချုပ်ဆိုရပါက ကိစ္စရပ်တိုင်းကို ပြည်နယ်အဆင့်က တာဝန်ယူဆောင်ရွက်သည်။ ပြည်နယ်အဆင့်အစိုးရ ဌာနများသည် နိုင်ငံအတွက် ကြောင်းကျိုးဆီလျော်သည့် ပညာရေးမူဝါဒတစ်ရပ်ပေါ်ပေါက်ရန်အချင်းချင်း ပူးပေါင်းညှိနှိုင်းကာဆောင်ရွက်ကြသည်။