အသစ်များ > တာဝန်ခံမှုရှိခြင်း

တာဝန်ခံမှုရှိခြင်း

2022-09-03

တာဝန်ခံမှုရှိခြင်းသည် ကောင်းမွန်သောအုပ်ချုပ်ရေး၏ အဓိကဝါဒရေးရာရေသောက်မြစ်ဖြစ်သည်။ မည်သူက မည်သည့်အရာအတွက် တာဝန်ခံရခြင်းဆိုသည်ကို လူထုရေးရာမှတ်တမ်းမှတ်ရာများတွင် တိတိပပရှင်းရှင်း လင်းလင်းဖော်ပြပေးထားရန်လိုသည်။ ဆိုလိုသည်မှာ အစိုးရဝန်ထမ်းများသည် ပြည်သူလူထုကို တာဝန်ခံရ သည်(အထက်အောက်ပုံစံတာဝန်ခံခြင်း)သာမက အခြားသောဌာနအဖွဲ့အစည်းများကိုလည်းတာဝန်ခံရ(တစ် ပြေးတည်းပုံစံတာဝန်ခံခြင်း)သည်ဟု အဓိပ္ပာယ်ရသည်။ အာဏာအလွဲသုံးစားပြုမှုများအတွက် ထိုက်တန် သောပြစ်ဒဏ်များရှိသလို နိုင်ငံသားများအနေဖြင့် အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အစိုးရဝန်ထမ်း များကို တာဝန်ခံခိုင်းပြီး တရားမျှတမှုကို ရှာဖွေခိုင်းနိုင်သည့် ထိရောက်သောစနစ်များရှိရမည်ဟုလည်း ဆိုလို သည်။ ဌာနအဖွဲ့အစည်းများတွင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် အခြားသောဩဇာအာဏာရှိအစုအဖွဲ့များ၏ ဖိအား ပေးခံရမှုမရှိဘဲ ပြစ်မှုကျူးလွန်ချိုးဖောက်သူများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်နိုင်သည့် တရားရေးအာဏာရှိရန် အရေးကြီးသည်။ ဥပမာ ဘူတန်နိုင်ငံတွင် နိုင်ငံဝန်ထမ်းတစ်ဦးချင်း၏ ပိုင်ဆိုင်မှုနှင့် အ ကျိုးခံစားခွင့်များကို ထုတ်ပြန်ကြေညာရန် သတ်မှတ်ပြဋ္ဌာန်းထားသော ၂၀၀၆ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေကို လိုက်နာရန်ပျက်ကွက်သည်ဟု တွေ့ရှိရသူများကို နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေနှင့်အညီ ပြစ်ဒဏ် ချအရေးယူနိုင်သည်။

ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံစံနှုန်းများကို တာဝန်ခံမှုရှိခြင်းသည် နိုင်ငံရေးအာဏာကို ခွဲဝေခြင်း၊ ချိန်ညှိခြင်းနှင့် ကန့်သတ်ခြင်းတို့အတွက်တင်မက အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံသားလွတ်လပ်ခွင့်များနှင့် လူနည်းစုများ ၏အခွင့်အရေးများအပေါ် ကာကွယ်မြှင့်တင်ရေးတို့အတွက်ပါ အရေးကြီးသည်။ ဒီမိုကရေစီနည်းကျသောဌာန အဖွဲ့အစည်းများတွင် ယေဘုယျအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဥပဒေပြုမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ အပေါ် တာဝန်ခံမှုရှိစေရန် ထိန်းသိမ်းပေးသည့် ယန္တရားများ ရှိကြသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်သည် တရားစီရင် ရေးမဏ္ဍိုင်၏သီးခြားလွတ်လပ်မှုကို လေးစားပေးရမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်၏ဆုံးဖြတ်ချက်များကို တည်မြဲစေရန် (သို့) လေးစားလိုက်ရန် အရေးကြီးသည်။ ဥပဒေပြုလွှတ်တော်များသည် ပြဋ္ဌာန်းလိုက်သော ဥပဒေများကို စိစစ်သုံးသပ်ရန် တရားစီရင်ရေးမဏ္ဍိုင်သို့ တင်ပြပေးရမည်။

တာဝန်ခံမှုရှိခြင်းကို မြှင့်တင်ရာတွင် နိုင်ငံရေးပါတီများသည် အရေးပါသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်သည်။ အစိုးရအဖွဲ့အတွင်း အတိုက်အခံပါတီများသည် လွှတ်တော်ရေးရာကြီးကြပ်ခြင်းနှင့် အခြားကော်မတီအသီးသီး မှ တစ်ဆင့် အစိုးရကို တာဝန်ခံမှုရှိစေရန် တိုက်ရိုက်ထိန်းကျောင်းသည်။ အစိုးရအဖွဲ့၏အပြင်ဘက်တွင်မူ နိုင် ငံရေးပါတီများသည် ရွေးကောက်ပွဲကာလတွင်းနှင့် ရွေးကောက်ပွဲကြားကာလများတွင် တာဝန်ခံမှုရှိခြင်းကို အားပေးမြှင့်တင်သည်။ ရွေးကောက်ပွဲကာလအတွင်းမူ နိုင်ငံရေးပါတီများသည် အုပ်ချုပ်ဆဲအာဏာရပါတီက လူထု၏လိုအပ်ချက်နှင့် အလေးထားချက်များကို ကျေနပ်ဖွယ်ရာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟု ယူဆပါက နောက်ထပ်ရွေးချယ်စရာများကို မဲပေးနိုင်သောအခွင့်အလမ်းရှိကြောင်း မဲဆန္ဒရှင်ပြည်သူများထံ တင်ပြပေး သည်။ ရွေးကောက်ပွဲကြားကာလများတွင် နိုင်ငံရေးပါတီများသည် လက်ရှိအစိုးရ၏ချို့ယွင်းအားနည်းချက် များနှင့်စပ်လျဉ်း၍ အသိပညာပေးမြှင့်တင်သော အရေးပါသည့်အခန်းကဏ္ဍတစ်ရပ်ကို ဆောင်ရွက်သည်။

တာဝန်ခံမှုရှိခြင်းကို မြှင့်တင်ရန် နိုင်ငံရေးပါတီများက ဆော်ဩလှုပ်ရှားနိုင်သည့်လုပ်ငန်းများကို အောက်တွင်ဥ ပမာပေးဖော်ပြထားသည်။

  • တရားစီရင်ရေးမဏ္ဍိုင်၏သီးခြားလွတ်လပ်မှုနှင့် စစ်ဆေးချိန်ညှိမှုတို့ကို တိုးတက်မြင့်မားစေရန် ပြုပြင် ပြောင်းလဲခြင်းများ။ ဥပမာ ကော်စတာရီကာနိုင်ငံတွင် အစိုးရမဏ္ဍိုင်သုံးရပ်နှင့် တန်းတူတာဝန်၀တ္တရားများရှိသော သီးခြားကိုယ်ပိုင်လွတ်လပ်မှုရှိသည့် နိုင်ငံအာဏာပိုင်အဖွဲ့နှစ်ခု(ရွေးကောက်ပွဲ ကော်မရှင်နှင့် စာရင်းစစ်အဖွဲ့)တို့ တည်ရှိသဖြင့် တစ်ပြေးတည်းတာဝန်ခံခြင်း ပေါ်ပေါက်လာပြီး နိုင်ငံ တော်အာဏာပိုင်အဖွဲ့များကြား အာဏာခွဲဝေကျင့်သုံးခြင်းလမ်းပါ ပွင့်သွားသည်။ အဆိုပါနိုင်ငံတော် အာဏာပိုင်အဖွဲ့များသည် လိုအပ်ပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့ တရားစွဲဆိုနိုင်သောလုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရရှိထားသည်။
  • အာဏာအလွဲသုံးစားမှု၊ စီမံခန့်ခွဲမှုလွဲမှားခြင်း (သို့) အဂတိလိုက်စားမှုတို့အတွက် အစိုးရအရာရှိများ ကို တာဝန်ခံခိုင်းနိုင်စေမည့် သီးခြားလွတ်လပ်သောအဖွဲ့အစည်းများကို ထူထောင်ခြင်း။ ဥပမာ တီမောနိုင်ငံ၏ လွတ်လပ်သောစောင့်ကြည့်ကြပ်မတ်ရေးကော်မရှင်ဖြစ်သည့် လူ့အခွင့်အရေးနှင့် တရားမျှတမှုကော်မရှင်သည် အစိုးရအဖွဲ့နှင့်မသက်ဆိုင်ဘဲ အပြင်ဘက်တွင် သီးခြားလုပ်ကိုင် ဆောင်ရွက်ပြီး လွှတ်တော်သို့ အစီရင်ခံတင်ပြသည်၊ ထိုကော်မရှင်သည် အစိုးရကို စုံစမ်းစစ်ဆေးခြင်း၊ လူထုအကျိုးပြုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို စီမံခန့်ခွဲနေသော ပုဂ္ဂလိကအဖွဲ့အစည်းနှင့် အစိုးရဌာန များအပေါ် နိုင်ငံသားများ၏တိုင်တန်းစာများကို စုံစမ်းစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရန် တာဝန်ယူ ထားသည်။

ကောင်းမွန်သောအုပ်ချုပ်ရေး၏လက္ခဏာတစ်ရပ်ဖြစ်သောတာဝန်ခံမှုရှိခြင်းနှင့်ဆိုင်ရာသာဓကဖြစ် ရပ်များ

ဖိလစ်ပိုင်နိုင်ငံ

ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၇၈ခုနှစ်ကတည်းက အဂတိလိုက်စားမှုနှင့် ဆက်စပ်ကိစ္စရပ်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စစ်ဆေးမှုကို Tanodbayan၏ ရုံးဌာနက လိုက်နာဆောင်ရွက်ပြီး Sandiganbayan ကစီရင်ဆုံး ဖြတ်ပေးပါသည်။ Tanodbayan ဟူသည်မှာ အစိုးရ၏ပြည်သူ့အပေါ်တာဝန်ခံမှုရှိခြင်းကို ခိုင်မာစေရေးနှင့် အစိုးရအရာရှိများအပေါ် တိုင်တန်းစာများကို စုံစမ်းစစ်ဆေးရန်တာဝန်ရှိသည့် စုံစမ်းရေးအရာရှိတစ်ဦးဖြစ် သည်။ ထိုအရာရှိသည် သူ့နည်းသူဟန်ဖြင့် စုံစမ်းမေးမြန်းမှုများကို ဦးဆောင်လုပ်ဆောင်နိုင်ခွင့်လည်းရှိထား သည်။ Sandiganbayan မှာမူ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတို့နှင့်ဆက်စပ်သော ရာဇဝတ်မှုများ၊ တရားမမှုများကို သီးခြားစစ်ဆေးစီရင်ရသည့် အထူးတရားရုံးဖြစ်သည်။