အသစ်များ > မဲဆွယ်ရေးအဖွဲ့အစည်းတစ်ရပ်၏သွင်ပြင်လက္ခဏာများ

မဲဆွယ်ရေးအဖွဲ့အစည်းတစ်ရပ်၏သွင်ပြင်လက္ခဏာများ

2023-03-15

မဲဆွယ်ရေးစည်းရုံးဆောင်ရွက်ခြင်း/စီမံခန့်ခွဲခြင်း

မဲဆွယ်ရေးအဖွဲ့အစည်းတွင် မဲဆွယ်ရေးမန်နေဂျာ(သို့ စည်းရုံးရေးမှူး) သည် အဓိကအခန်းကဏ္ဍဖြစ်သည်။ ထိုပုဂ္ဂိုလ်က မဲဆွယ်ရေးလက်တွေ့အကောင်အထည်ဖော်ပေးရန်အတွက် တာဝန်ရှိသူဖြစ်သည်။ ယင်းပုဂ္ဂိုလ် ၏အဓိကတာဝန်မှာ မဲဆွယ်ရေးအစီအစဉ်အတိုင်း လူတိုင်း ထပ်ကြပ်မကွာလိုက်နာမှုရှိလာစေရေးပင်ဖြစ် သည်။ ဤသို့လုပ်ဆောင်ရာတွင် အခြားမဲဆွယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရသည်။ ယင်းအဖွဲ့ဝင် များတွင် တိကျရှင်းလင်းစွာ ချမှတ်ပေးထားသည့်တာဝန်များ ကိုယ်စီရှိကြသည်။ မဲဆွယ်ရေးမန်နေဂျာများ သည် မဲဆွယ်ရေးအဖွဲ့၊ လွှတ်တော်အမတ်များနှင့် ပါတီခေါင်းဆောင်ပိုင်းကြား အချိတ်အဆက်ဖြစ်သည်။ မဲဆွယ်ရေးအစည်းအဝေးများကို အဆိုပါမန်နေဂျာများက သဘာပတိအဖြစ်ကြီးမှူးကျင်းပ​ပြီး ရွေးကောက်ပွဲ  များပြုလုပ်ပြီးနောက် မဲဆွယ်ရေးအပေါ် စိစစ်အကဲဖြတ်ကြသည်။

မဲဆွယ်ရေးသုတေသနနှင့် မဟာဗျူဟာ

မဲဆွယ်ရေးကို အဆင်ပြေချောမွေ့ကောင်းမွန်စေရန် မဲဆွယ်မှုမပြုလုပ်ခင် သုတေသနဖြင့် ဆောင်ရွက်ရန် လို အပ်သည်။ ဤသို့သုတေသနလုပ်ရာတွင် မဲဆွယ်ရေးအဖွဲ့များအနေဖြင့် အသုံးပြုနိုင်မည့်မီဒီယာ၊ အဖွဲ့ဝင်များ ကြား ရွေးချယ်နိုင်မည့်အရည်အချင်းရှိသူ၊ ပါတီ၏ကွန်ရက်ကဲ့သို့ မဲဆွယ်ရေးမဟာဗျူဟာကို သတ်မှတ်ဆုံး ဖြတ်ရန်အတွက် သိရန်လိုအပ်သမျှအရာရာတိုင်းကို ရှာဖွေရမည်ဖြစ်သည်။ ထို့နောက် မဲဆွယ်ရေးကာလအ တွင်း အရေးကြီးမည့် ကိစ္စရပ်များနှင့် ပြီးခဲ့သောသက်တမ်းကာလအတွင်း ပါတီကရော၊ ပါတီ၏ပြိုင်ဘက်ပါတီ များကပါ မည်သို့ပြုမူဆောင်ရွက်သည်ဟူသောအချက်တို့ကိုလည်း ရှာဖွေရမည်။  မဲဆွယ်ရေးသုတေသနဟူ သည် မဲဆွယ်ရေးအစီအစဉ်တစ်ရပ်ကို အတည်ပြုချမရေးဆွဲခင် ပြင်ဆင်မှုအစိတ်အပိုင်းဖြစ်သည်။

ယှဉ်ပြိုင်မှုကို စောင့်ကြည့်လေ့လာခြင်း

မဲဆွယ်ရေးအဖွဲ့တွင်း ပါဝင်သော အဖွဲ့ခွဲတစ်ခုသည် ပြိုင်ဘက်ပါတီများနှင့်ပတ်သက်သော သတင်းအချက်အ လက်များကိုတတ်နိုင်သမျှ များများစားစားရရှိရန်စုဆောင်းထားရသည်။ လူထုထုတ်ပြန်ချက်များ၊ အစီအစဉ် များ၊ မဲပေးခြင်းအပြုအမူ၊ ရွေးကောက်ပွဲလမ်းစဉ်များ၊ တွေ့ဆုံမေးမြန်းမှုများ၊ ဝက်ဘ်ဆိုက်များ၊ အစရှိသဖြင့် ရနိုင်သမျှအချက်အလက်တိုင်းကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤသို့စုဆောင်းရရှိသောသတင်းအချက်အ လက်များမှတစ်ဆင့် မဲဆွယ်ရေးအဖွဲ့များသည် အချေအတင်စကားစစ်ထိုးပွဲတွင် ပြိုင်ဘက်ကို ချောင်ပိတ်မိစေ မည့် အကြောင်းအရာရပ်၊ ပြိုင်ဘက်၏သဘောထားအမြင်များနှင့် ရပ်တည်ချက်တို့ကို ဉာဏ်အမြော်အမြင်ရှိရှိ ဖြင့် ထိုးနှက်ဝေဖန်ပစ်နိုင်မည့်ကိစ္စရပ်တို့ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် မဲဆွယ်ရေးအဖွဲ့များသည် မဲဆွယ်ရေးကာလအတွင်း မိမိတို့ ခံရနိုင်သည့် ထိုးနှက်တိုက်ခိုက်မှုများကို သိရှိနိုင်ရန်အတွက် မိမိပါတီ၏ကိုယ် စားလှယ်အကြောင်း အခြားပြိုင်ဘက်ပါတီက ရှာတွေ့မိသွားနိုင်သမျှ အရာရာတိုင်းကို လက်ဦးမှုရယူကာသိ အောင်လုပ်ရမည်ဖြစ်သည်။

မြန်မြန်ဆန်ဆန်တုံ့ပြန်ခြင်းနှင့် မီဒီယာစောင့်ကြည့်မှု

မီဒီယာတွင် ဖြစ်နေသည်တို့ကို စောင့်ကြည့်ရမည့် အဖွဲ့တွင်းပါဝင်သော အဖွဲ့ခွဲတစ်ခုဖြစ်ပါသည်။ ပြိုင်ဘက်ပါ တီများက လူထုရှေ့ထုတ်ပြန်ပေးချက်အားလုံးကို ချက်ချင်း ရေးမှတ်ပြီး သင့်တော်သည့်နေရာတွင် တုံ့ပြန်သမှု ပြုရမည်။ အဆိုပါမီဒီယာစောင့်ကြည့်ရေးအဖွဲ့ခွဲတွင် ပါဝင်သူများသည် တစ်နေ့လျှင် ၂၄ နာရီ အသံလွှင့်ဌာနမှ ထုတ်လွှင့်ချက်ကို နားထောင်ရသည်၊ သတင်းစာအားလုံးကို ဖတ်ရှုရသည်၊ အင်တာနက်ပေါ်တက်၍သတင်း များကို ရှာဖွေဖတ်ရှုရသည်။ အဆိုပါအဖွဲ့ခွဲသည် အချေအတင်စကားစစ်ထိုးပွဲတွင် ပြိုင်ဘက်ပါတီများအပေါ် အနိုင်ယူနိုင်မည့် အကြောင်းအရာရပ်တို့ကို ရှာသင့်သည်၊ ပြိုင်ဘက်ပါတီများ၏ရှုထောင့်အမြင်များအပေါ် ဉာဏ်အမြော်အမြင်ရှိရှိ ဝေဖန်ထိုးနှက်နိုင်မည့်ကိစ္စရပ်တို့ကို ရှာသင့်သည်။

စာနယ်ဇင်းဆက်ဆံရေး

မဲဆွယ်ရေးအောင်မြင်မှုတစ်ရပ်သည် ပါတီ၏မီဒီယာပုံရိပ်အပေါ် မူတည်သည်။ မဲဆန္ဒရှင်ပြည်သူများသည် ရွေးကောက်ပွဲလမ်းစဉ်တွင် ဖော်ပြထားသည့် သဘောထားအမြင်များကြောင့်သာမက၊ အဆိုပါအမြင်များကို လူထုစိတ်ဝင်စားအောင် တင်ဆက်ပြပုံနည်းလမ်းကြောင့်လည်း ၎င်းတို့၏စဉ်းစားချက်များ ယိမ်းယိုင်သွားကြ ခြင်းဖြစ်သည်။ မဲဆွယ်ရေး၏မီဒီယာပုံရိပ်သည် ယုံကြည်မှု ပေါက်ဖွားလာအောင် လှုံ့ဆော်ပေးနိုင်သည်၊ ပါတီ က မည်သည့်အရာအတွက်ရပ်တည်နေသည်ဟူသောအချက်ကို တိကျရှင်းလင်းစွာဆက်သွယ်ပေးနိုင်သည်။ မဲဆွယ်ရေး၏အဆိုအမိန့်ကလည်း ရှင်းလင်းတိကျရန် အရေးကြီးသည်၊ မီဒီယာပုံရိပ်ကိုကြည့်၍ ပါတီက သာ မန်နိုင်ငံသားများ၏သဘောထားအမြင်များအား လမ်းဖွင့်ပေးထားမှုကို တွေ့နိုင်သည်။ ပါတီ၏ပုံရိပ်ကို ဖန်တီး ရာတွင် မီဒီယာက ကြီးမားသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ပါတီပုံရိပ်ကျမသွားစေရန် ဆက်ထိန်းချုပ်ရာ တွင် မဲဆွယ်ရေးအဖွဲ့များအနေဖြင့် မိမိတို့၏ရပ်တည်ချက်ကို အနုလုံပဋိလုံ စဉ်းစားရန်အရေးကြီးသည်၊ ထို့အ ပြင် အကျပ်အတည်းဖြစ်နေချိန် သို့မဟုတ် ပြင်တွင်းပဋိပက္ခလှိုင်းများဖြစ်ပွားနေချိန်နှင့်ရင်ဆိုင်နေရသည့်တိုင် မီဒီယာထံ ရှေ့နောက်ညီညွတ်သောရပ်တည်ချက်တစ်ရပ်ကို တင်ပြရန်အရေးကြီးသည်။ ဤအချက်ကြောင့် ပင် မဲဆွယ်ရေးအဖွဲ့သည် စာနယ်ဇင်းမီဒီယာနှင့် ဆက်ဆံရေးအလုပ် သို့မဟုတ် အနည်းဆုံး အခြားပါတီဝင် များ၏ စာနယ်ဇင်းမီဒီယာနှင့် ဆက်သွယ်မှုတို့ကို ညှိနှိုင်းဆောင်ရွက်ပေးရေးအလုပ်ကို လူတစ်ဦးတစ်ယောက် အား တာဝန်ခွဲပေးထားသင့်သည်။

ဆက်သွယ်ရေးနည်းနာများ

ကောင်းမွန်သောမဲဆွယ်ရေးတစ်ရပ်တွင် အဆိုအမိန့်ကို တင်ပြပေးသူ လိုအပ်သည်။ အဆိုပါအဆိုအမိန့်များ သည် ရွေးကောက်ပွဲလမ်းစဉ်အနှစ်ချုပ်ကဲ့သို့ လက်ကမ်းစာစောင်များဖြစ်နိုင်သည်၊ ထို့အပြင် မဲဆွယ်ရေး သတင်းလွှာ၊ စစ်တမ်းမေးခွန်းလွှာနှင့် ဝက်ဘ်ဆိုက်တို့လည်း ဖြစ်နိုင်သည်။ မဲဆွယ်ရေးလုပ်ငန်းတစ်ရပ်လုံး ဆောင်ရွက်နေစဉ်အတွင်း ပြေပြစ်ညီညွတ်ပြီး ကြောင်းကျိုးခိုင်လုံခြေမြစ်သောအဆိုအမိန့်တစ်ရပ်ကို ဆက် ထိန်းသိမ်းနိုင်ရန်အတွက် ဆက်သွယ်ရေးအားလုံးကို ဂရုတစိုက်ဆောင်ရွက်ရန် လူပုဂ္ဂိုလ်တစ်ဦးကို ခန့်အပ်ပါ။ ဤပုဂ္ဂိုလ်သည် အသုံးပြုရမည့် အမျိုးမျိုးသောဆက်သွယ်ရေးနည်းနာအားလုံးကို စဉ်းစားသုံးသပ်ရမည်၊ စု စည်းပြေပြစ်သောပုံစံတစ်ရပ်ကို ပြင်ဆင်ရမည်၊ စာတွဲများ၊ ရွေးကောက်ပွဲလမ်းစဉ်များ၊ ဝက်ဘ်ဆိုက်နှင့် အသံ လွှင့်စီးပွားဖြစ်ကြော်ငြာများ ထုတ်လုပ်မှုကို ကြီးကြပ်ရမည်။

မီဒီယာသစ်

အင်တာနက်၊ စာသားတိုပေးပို့ခြင်း၊ ပို့စကက်များ၊ ဖေ့ဘွတ်၊ ယူ-ကျု၊ ဘလော့ဂ်ကဲ့သို့ လူမှုဝက်ဘ်ဆိုက်များ အစရှိသည်တို့သည် ပါတီတစ်ရပ်အတွက် ၎င်း၏အဆိုအမိန့်တစ်ရပ်ကို ဆက်သွယ်ပေးပို့ရန် နည်းလမ်းသစ် များဖြစ်သည်။ ဤအချက်သည် အစဉ်အလာဆက်သွယ်ရေးနည်းနာများမှ ထွက်ပေါ်လာသော မတူကွဲပြား သည့်ကစားပွဲတစ်ရပ်၊ ထို့ကြောင့် မီဒီယာသစ်အတွက်သီးခြားအဖွဲ့ခွဲတစ်ရပ် ဖန်တီးထားရေးမှာ ထည့်သွင်း စဉ်းစားထိုက်စရာကိစ္စဖြစ်သည်မှာ အသေအချာပင်။

လှုပ်ရှားဆောင်ရွက်ချက်များနှင့် အခမ်းအနားပွဲများ

ရွေးကောက်ပွဲမဲဆွယ်ရေးကာလအတွင်း အမျိုးမျိုးသောလှုပ်ရှားဆောင်ရွက်ချက်များနှင့် အခမ်းအနားပွဲများကို စီစဉ်ကျင်းပကြသည်။ ကုန်တိုက်တစ်ခုတွင် ဆိုင်ခန်းဖွင့်ရောင်းချခြင်းမှသည် အရေးပါသော နိုင်ငံရေးလူ ထုစည်းဝေးပွဲကျင်းပခြင်းအထိ အခမ်းအနားပွဲများ အမျိုးမျိုးရှိနိုင်သည်။ အဆိုပါလှုပ်ရှားဆောင်ရွက်ချက်များ နှင့် အခမ်းအနားပွဲများကို ညှိနှိုင်းဆောင်ရွက်ရေးအတွက် မဲဆွယ်ရေးအဖွဲ့ဝင်တစ်ဦးက တာဝန်ယူရသည်။  လက်တွေ့စီစဉ်ကျင်းပမှုကို စေတနာ့ဝန်ထမ်းများက လုပ်ဆောင်ကြသည်။ လှုပ်ရှားဆောင်ရွက်မှုညှိနှိုင်းရေး မှူးသည် အခမ်းအနားပွဲသစ်များနှင့် အကြောင်းအရာရပ်အသစ်များကို ကြိုးစားတီထွင်ကြံစည်ပြီး သက်ဆိုင် ရာအဖွဲ့အစည်းနှင့် ညှိနှိုင်းရသည်၊ စေတနာ့ဝန်ထမ်းများ၊ ဒေသန္တရနိုင်ငံရေးသမားများနှင့် မဲဆွယ်ရေးအဖွဲ့ ကြား ထိတွေ့ဆက်ဆံရသည်၊ ဆက်သွယ်ရေးအတွက် တာဝန်ရှိသူမဲဆွယ်ရေးအဖွဲ့ဝင်နှင့်အတူ အခမ်းအနား ပွဲများကို မည်သို့အကောင်းဆုံး လူသိရှင်ကြားကျင်းပဆောင်ရွက်မည်တို့ကို ဆွေးနွေးရသည်။ အခမ်းအနားပွဲ များအတွက် ဘတ်ဂျက်တွက်ချက်ခြင်း၊ အခမ်းအနားပွဲများအတွက် ခွင့်ပြုချက်ယူခြင်းနှင့် နိုင်ငံရေးသမားများ ကို စည်းရုံးခြင်းတို့သည် အဆိုပါမဲဆွယ်ရေးအဖွဲ့ဝင်၏တာဝန်များထဲက အစိတ်အပိုင်းလည်းဖြစ်သည်။

ပစ်မှတ်အုပ်စုများ

မဲဆွယ်ရေးအစိတ်အပိုင်းများသည် လူငယ်များ၊ အငြိမ်းစားပင်စင်သမားများ သို့မဟုတ် တိုင်းရင်းသားလူနည်းစုများကဲ့သို့ အလွန်သီးခြားဖြစ်သောပစ်မှတ်အုပ်စုများဆီ ရည်ရွယ်၍မဲဆွယ်နိုင်ပါသည်။ ပစ်မှတ်အုပ်စုကိုမဲ ဆွယ်ရေးကိစ္စအား ကြီးကြပ်ရန် အဖွဲ့ဝင်တစ်ဦးကို မဲဆွယ်ရေးအဖွဲ့က ခန့်အပ်တာဝန်ပေးနိုင်သည်။ ယင်းအဖွဲ့ ဝင်သည် အဓိကဗဟိုပြုထားရာ ပစ်မှတ်အုပ်စုထဲက တစ်ဦးဖြစ်နိုင်သော်လည်း ဖြစ်ရမည်ဟူ၍တော့မဆိုလိုပါ။  အဆိုပါမဲဆွယ်ရေးအဖွဲ့ဝင်သည် လှုပ်ရှားဆောင်ရွက်ရေးညှိနှိုင်းရေးမှူး၊ ဆက်သွယ်ရေးအတွက် တာဝန်ရှိ သောမဲဆွယ်ရေးအဖွဲ့ဝင်တို့နှင့် နီးနီးကပ်စပ် ပူးပေါင်းဆောင်ရွက်ရသည်။ ပစ်မှတ်အုပ်စုများကို အထူးအရေး ပေးရန်လိုအပ်ပါက အထက်ပါမဲဆွယ်ရေးအဖွဲ့ဝင်ဖြစ်သော သူ သို့မဟုတ် သူမသည် အဆိုပါပစ်မှတ်အုပ်စု အတွက် အထူးရည်ရွယ်ကာ လက်ကမ်းစာစောင်ရေးသားခြင်းမျိုး၊ လှုပ်ရှားဆောင်ရွက်မှုများကို စီစဉ်လုပ်ကိုင် ခြင်းမျိုး၊ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များကို ထည့်သွင်းပါဝင်စေခြင်းမျိုးနှင့် ယင်းပစ်မှတ်အုပ်စုများ၏ အ ရေးပါသောအဖွဲ့အစည်းများ သို့မဟုတ် ကိုယ်စားလှယ်များကို ဆက်သွယ်ခြင်းမျိုးတို့ကို အသေအချာလုပ် ဆောင်ပေးရမည်ဖြစ်သည်။

စေတနာ့ဝန်ထမ်းများ

မဲဆွယ်ရေးအဖွဲ့များသည် တတ်နိုင်သမျှ ထောက်ခံသူများများရရှိနိုင်ရေး စည်းရုံးရန်ကြိုးစားသင့်သည်။ ဤသို့ လုပ်ဆောင်ရန်နည်းလမ်းကောင်းတစ်ရပ်မှာ စေတနာ့ဝန်ထမ်းများ ပါဝင်သော နိုင်ငံတွင်းကွန်ရက်တစ်ခုမှတစ် ဆင့်လုပ်ကိုင်ခြင်းဖြစ်သည်။ မဲဆွယ်ရေးအဖွဲ့များသည် ဒေသန္တရစေတနာ့ဝန်ထမ်းများကို စည်းရုံးနိုင်ပြီး မဲ ဆွယ်ရေးအဖွဲ့ထံ တုံ့ပြန်ချက် ပြန်ပေးနိုင်သည့် ဒေသန္တရညှိနှိုင်းရေးမှူးများကဲ့သို့သော ထင်သာမြင်သာရှိသည့် အဆက်အသွယ်ပုဂ္ဂိုလ်များရှိထားရန် လုပ်ဆောင်ထားသင့်သည်။

ဘတ်ဂျက်လျာထားချက်

ရန်ပုံငွေမရှိဘဲ မဲဆွယ်ရေးမှာ မဖြစ်နိုင်ပါ။ အခြေခံအကျဆုံးမဲဆွယ်ရေးဖြစ်ဦးတော့ ငွေကြေးကုန်ကျသည်သာ ဖြစ်သည်။ မဲဆွယ်ရေးအစီအစဉ်ရေးဆွဲခြင်းသည် အသုံးချနိုင်သောနည်းနာများအပေါ် အကြီးအမားမှီခိုနေပါ သည်။ ထို့ကြောင့် မဲဆွယ်ရေးအဖွဲ့ဝင်တစ်ဦးသည် ဘတ်ဂျက်ရေးရာကြီးကြပ်ရေးမှူးဖြစ်ရန်လိုအပ်လိမ့်မည်။

 

Diagram

Description automatically generated