ခေါင်းစဉ်များ > Women in Politics > အမျိုးသမီးများ၏ တောင်ပံများ
အမျိုးသမီးများ၏ တောင်ပံများ
2025-08-20
အာရှဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် ဖန်တီးအိမ် “မြန်မာနိုင်ငံရှိ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်မှု” သုတေသန အစီရင်ခံစာအရ မြန်မာနိုင်ငံမှ အမျိုးသမီးနိုင်ငံရေးသမားများ သည် အမျိုးသားနိုင်ငံရေးသမားများထက် ပညာအရည်အချင်းပိုမိုမြင့်မားကြောင်းတွေ့ရှိရပါသည်။ အမျိုးသမီး များ နိုင်ငံရေးနယ်ပယ်တွင် တိုးတက်မြင့်မားရေးမှာ ခက်ခဲပါသည်။ အဆိုပါအစီရင်ခံစာတွင် အမျိုးသမီးနိုင်ငံရေး သမားများက မိမိကိုယ်ကိုယုံကြည်မှုမရှိခြင်းသည် ၎င်းတို့၏ အဓိက ပြဿနာများထဲမှ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ ထိုအတွက် တစုံတခု လုပ်ဆောင်ရန် လိုအပ်နေပါသည်။”
နိုင်ငံအမြောက်အမြားရှိ နိုင်ငံရေးပါတီများ၌ အဆိုပါ ပါတီ၏ အမျိုးသမီးအဖွဲ့ဝင်များသာ ပါဝင်ဖွဲ့စည်းသည့် အထူးWomen’s Wings (WW) အဖွဲ့များရှိပါသည်။ အဆိုပါအဖွဲ့များတွင် အမျိုးသမီးများဆွေးနွေးနိုင်ခြင်း၊ ဥက္ကဌတာဝန်ယူရန်သင်ယူနိုင်ခြင်း၊ ပါတီ၏ မူဝါဒများတွင် ကျား၊ မ ရေးရာကို ပင်မရေစီးကြောင်းအဖြစ် ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ခြင်း စသည့် အခွင့်အလမ်း ရရှိ လာပြီး အဆိုပါ စိတ်ကူးအကြံဉာဏ်များကို ပါတီတစ်ခုလုံး၏ အခြေခံမူများတွင်ဆောင်ရွက်နိုင်ပါသည်။ Women’s Wing အဖွဲ့ တစ်ဖွဲ့သည် နိုင်ငံရေး မည်သို့လုပ်ကိုင်ရမည်ဆိုသည်ကို သင်ယူနိုင်သည့်ဖိုရမ်တစ်ခုလည်း ဖြစ်နိုင် ပါသည်။ သို့ရာတွင် ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းတစ်ခုဖြစ်နိုင်သလို ဖြစ်လည်းဖြစ်သင့် ပါသည်။ အထက်တွင် ဖော်ပြထားသည့် အာရှဖောင်ဒေးရှင်းနှင့် ဖန်တီးအိမ်တို့၏သုတေသနအစီရင်ခံစာအရ နိုင်ငံရေး၌ တက်ကြွဆောင်ရွက်သည့် အမျိုးသမီးထုအတွင်း ညီညွတ်မှုမရှိခြင်းကလည်းမြန်မာနိုင်ငံတွင် ကြီးမားသည့်ပြဿနာတစ်ရပ် ဖြစ်နေပါသည်။ သင့်ပါတီတွင်းမှ WW သည် ကောင်းမွန်သည့် WW ဖြစ်ရန် ရည်မှန်းချက်များထားရှိသည့် ကောင်းစွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်သော ညီအစ်မသဖွယ် အဖွဲ့အစည်းဖြစ်ပါက၎င်း၏ ပံ့ပိုးမှုဖြင့် အခြားအမျိုးသမီးများအား ယုံကြည်မှုရှိရန်နှင့် ၎င်းတို့နှင့် အတူတကွပူးပေါင်းဆောင်ရွက်ရန် သင်ယူနိုင်မည်ဖြစ်ပါသည်။
ကောင်းစွာလုပ်ငန်းလည်ပတ်ရန်အတွက် WWသည် ပါတီ၏ အဓိကကျသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သင့်ပါသည် - ပါတီ၏ ဆုံးဖြတ်ချက်ချမှတ်သူများထဲတွင် ကိုယ်စားပြုမှုရှိသင့်ပြီး ပါတီ၏အဆင့်အသီးသီးသို့ မြှင့်တင်ရောက်ရှိစေရန်အတွက် လမ်းကြောင်း တစ်ခုအနေဖြင့် ဆောင်ရွက်သင့်ပါသည်။ အချို့သောနိုင်ငံများတွင် ပါတီခေါင်းဆောင်များ၏ ဇနီးများနှင့် ညီအစ်မ များသည် WW ၏ ဥက္ကဌများဖြစ်ကြပါသည်။ ၎င်းသည် ဒီမိုကရေစီနည်းလမ်းမကျပါ - လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် အရည်အသွေး သည်သာလျှင် ရွေးချယ်မှု၏ အခြေခံဖြစ်ရပါမည်။
၎င်းတွင် ကျယ်ပြန့်သော အမြင်တစ်ရပ်လည်းရှိနေပါသည်။ အမျိုးသမီးများသည် မိမိတို့၏ ရပ်ရွာအသိုက်အဝန်း၊ မိမိမြို့နှင့် နိုင်ငံ၊ မိမိ ဒေသနှင့် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲလိုသည့် တက်ကြွမှုရှိလာပါက အတူတကွရောက်ရှိလာကြပါသည် - ဥပမာ ကုလသမဂ္ဂညီလာခံကြီးများတွင် တွေ့ဆုံပြီး ပိုမိုကောင်းမွန်သော အပြောင်းအလဲများ ဖြစ်လာစေရေးအတွက် မူဝါဒများ ဆွေးနွေးခြင်းဖြင့် ၎င်းတို့သည် ဝမ်းမြောက်ဖွယ်ရာ အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်ကြပါသည်။ညီလာခံပြီးသည့်နောက် ၎င်းတို့၏ အိမ်၊ ၎င်းတို့၏ လွှတ်တော်များသို့ ပြန်လည်ရောက်ရှိကြပြီး ပူးပေါင်းဆောင်ရွက်မှုရပ်တန့်သွားကြပါသည်။ ၎င်းတို့၏ လှောင်အိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီး အခြားသောပါတီများမှ အမျိုးသမီးများကို ပြိုင်ဘက်များ သို့မဟုတ် ရန်သူများ အဖြစ် စတင်ရှုမြင်လာကြပါသည်။
အမှန်အားဖြင့် ပါတီများအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ပိုမို၍ အောင်မြင်နိုင်ကြပါသည်။ သင်၏လွှတ်တော်၊ ကောင်စီအတွင်းမှ အမျိုးသမီးများအားလုံး ဂရုစိုက်ရမည့်ခေါင်းစဉ်တစ်ခု (ဥပမာ - အမျိုးသမီးများအပေါ်အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် လူကုန်ကူးမှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု) ရှိလာပြီး အမျိုးသမီးများက အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ဥပဒေပြုမှု သို့မဟုတ် ငွေကြေးခွဲဝေချထားမှုကို အပြောင်းအလဲ ပြုုလုပ်လိုပါက အခြားပါတီများမှ အမျိုးသမီးများဆီသို့ ရောက်ရှိနိုင်ရေးအတွက် သင်ယူမှုမှာ အလွန်အရေးကြီးပါသည်။ ယင်းသည် ပါတီနှစ်ခုတည်းသာရှိသည့် လွှတ်တော်ထက် ပါတီစုံစနစ်တွင် ပိုမို၍ လွယ်ကူပါသည်။ ထိုကဲ့သို့သော လွှတ်တော်များတွင် အမျိုးသမီးများ ပါတီပြင်ပနှင့် ချိတ်ဆက်ဆောင်ရွက်မှုမှာ ပိုမိုမြင့်မားပါသည်။
သုံးသပ်မှုပြုလုပ်ရန်: WW များတည်ထောင်ခြင်း
သင့်ပါတီတွင် WW ရှိပါသလား? မရှိလျှင် သင့်ပါတီအတွင်း WW ဖွဲ့စည်းတည်ထောင်ရန်အတွက် ဖြစ်နိုင်ခြေရှိသည်ဟုတွေးမိပါသလား ? စတင်တည်ထောင်ရန်အတွက် အချိန်ကောင်းဖြစ်ပါသလား ? ဖြစ်သည်ထင်ပါက အောက်ပါအချက် အချို့အား သင်စဉ်းစားသင့်ပါသည် -
- WW စတင်တည်ထောင်ရန်အတွက် အမျိုးသမီးများ၏ စိတ်ဝင်စားမှုကို မည်သို့ ရယူမလဲ?
- WW တည်ထောင်ရန် လိုအပ်ကြောင်း ပါတီ၏ ခေါင်းဆောင်မှုပိုင်းအား မည်သို့ တိုက်တွန်းစည်းရုံးမလဲ?
- WW ၏ အလုပ်များအတွက် အဓိက ရည်ရွယ်ချက်များကို သင်ဘယ်လိုဖော်ထုတ်မလဲ? ၎င်းအား ရေတို၊ ရေရှည်ရည်မှန်းချက်ပန်းတိုင်များအဖြစ် ခွဲခြားဖော်ထုတ်ပါက အသုံးဝင်နိုင်မည်ဖြစ်သည်။
- အဖွဲ့ဝင်တွေကရော - ပါတီတွင်းမှ အမျိုးသမီးများသီးသန့်လား သို့မဟုတ် အားလုံးဖိတ်ခေါ်မှာလား?
- ဥက္ကဌရာထူးအား အလှည့်ကျတာဝန်ယူနိုင်ရေးအတွက် နည်းဥပဒေမှာ ထည့်သွင်းရေးဆွဲရင် ကောင်းမလား(ဥပမာ - လူတစ်ဦးသည် အချိန်ကာလတစ်ခုအတွင်း ၂-၃ ကြိမ်သာ တာဝန်ယူရန်)?
- ရုံးချုပ်နဲ့ အောက်ခြေအဆင့်ကြား ဆက်နွယ်မှုကို ဘယ်လို စီမံဆောင်ရွက်မလဲ?
- WW မှာ လွတ်လပ်တဲ့ ရန်ပုံငွေရှိအောင် ဘယ်လိုလုပ်မလဲ?