ခေါင်းစဉ်များ >  Women in Politics > နိုင်ငံရေးလောကမှ အမျိုးသမီးများအတွက် ကိုတာစနစ်နှင့် ပတ်သက်၍ သိသင့်သည့် အချက်များ

နိုင်ငံရေးလောကမှ အမျိုးသမီးများအတွက် ကိုတာစနစ်နှင့် ပတ်သက်၍ သိသင့်သည့် အချက်များ

2025-08-20

စီဒေါကွန်ဗင်းရှင်း အပိုဒ် ၄ တွင် တန်းတူညီမျှမှုလျင်မြန်စွာ ရရှိစေရေးအတွက် ယာယီအထူးလုပ်ဆောင်ချက်များဆောင်ရွက် ပေးရန်နှင့် အပိုဒ် တွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးနှင့် အမျိုးသားများ နိုင်ငံရေးတွင် တန်းတူညီမျှပါဝင်မှုရှိစေရေး ဆောင်ရွက်ပေးရန် ဟူ၍ ဖော်ပြထားပါသည်။ ကွန်ဗင်းရှင်းတွင် အချိန်ကာလ သတ်မှတ်ထားသည့်ရည်မှန်းချက် ဖော်ပြ ထားခြင်းမရှိပါ။ စီဒေါကွန်ဗင်းရှင်း ရေးဆွဲစဉ် ကတည်းကပင် ကုလသမဂ္ဂက ၁၉ ခုနှစ် ဘေဂျင်းညီလာခံတွင် အမျိုးသမီး များ နိုင်ငံရေးတွင်ပါဝင်မှုမှာ ၃၀% ရှိရမည်ဟု ရည်မှန်းချက်ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။၂၀၁၉ ခုနှစ် မတ်လတွင် ကုလသမဂ္ဂစီဒေါ ကော်မတီနှင့် ပါလီမန် အဖွဲ့အစည်း (IPU) တို့က ၂၀၃၀ ပြည့်နှစ်တွင်အမျိုးသမီးဦးဆောင်မှု ၅၀% ဖြစ်ရမည်ဟု ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ပန်းတိုင်များသည် အထူးလုပ်ဆောင်ချက်များ မရှိပဲ အောင်မြင်နိုင်မည်မဟုတ်ပါ။ တိုးတက်မှု မြန်ဆန်စေရန်အတွက် စီဒေါကွန်ဗင်းရှင်းကပြဌာန်းထားသည့် အထူးလုပ်ဆောင်ချက်အနေဖြင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်နိုင်စေရေး ကိုတာစနစ်ထားရှိရန် နိုင်ငံအမြောက်အမြားက ချမှတ်ခဲ့ပါသည်။ ကိုတာစနစ်တွင် အဓိက သုံးမျိုးရှိပါသည် -

() ဥပဒေပြုရာတွင် ထည့်သွင်းသည့် ကိုတာစနစ် - လွှတ်တော်ထဲတွင် အမျိုးသမီးများအတွက် သတ်မှတ်ထားသောပမာဏဖြင့် နေရာ ဖယ်ထားပေးခြင်း။

() ဥပဒေပြု ရွေးကောက်ခံကိုတာစနစ် - နိုင်ငံရေးပါတီများက ရွေးကောက်ပွဲတွင် သတ်မှတ်ထားသည့် အမျိုးသမီးပမာဏအား တင်သွင်းရွေးကောက်ခံစေခြင်း။

() ပါတီမှ ဆန္ဒအလျောက်ပေးသည့် ကိုတာစနစ် - ပါတီများက လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းတို့၏ စာရင်း၌  သတ်မှတ်ထားသည့် အမျိုးသမီးပမာဏအား ဆန္ဒအလျောက် ထည့်သွင်းပေးခြင်း။

အထက်ပါအားလုံးတွင် အားနည်းချက်နှင့် အားသာချက်များရှိကြသော်လည်း နိုင်ငံအများအပြား၏ လွှတ်တော်ထဲတွင်ပိုမို အကျုံးဝင်မှု ရှိစေရန်အတွက် အသုံးပြုခဲ့ကြပါသည်။ ပါတီမှ ဆန္ဒအလျောက်ပေးသည့် ကိုတာစနစ်တွင် ပါတီနှင့်လွှတ်တော်နှစ်မျိုးလုံး၌ အမျိုးသမီးများအတွက် နေရာဖန်တီးပေးရန် ပြောင်းလဲပေးနိုင်သည့် အကျိုးကျေးဇူးရှိပါသည်။ပြီးခဲ့သော ရွေးကောက်ပွဲစနစ်၏ အစောပိုင်းကာလတွင် ပါတီများက အမျိုးသမီးများအား နိုင်ခြေရှိသည့် ရွေးကောက်ခံနယ်မြေများအတွက် ရွေးချယ်ကြရန် အရေးကြီးပါသည်။ ထိုသို့မဟုတ်ပါက အမျိုးသမီးများအား ရွေးကောက်ပွဲ ဝင်ရန်ရွေးချယ်ခြင်းက အပြောင်းအလဲ တစုံတရာဖြစ်နိုင်မည်မဟုတ်ပါ။

International IDEA က ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံအသီးသီးတွင် ကျင့်သုံးသည့် ကျား၊ ရေးရာကိုတာစနစ်ဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် အွန်လိုင်းဒေတာစနစ်ကို ပံ့ပိုးပေးပါသည်။

သုံးသပ်မှုပြုလုပ်ရန် - မြန်မာနိုင်ငံနှင့် အမျိုးသမီးများအတွက်ကိုတာစနစ်

ဖော်ထုတ်ရန် - နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု တိုးမြင့်ရန်အတွက် မြန်မာနိုင်ငံသည် ကိုတာစနစ်ကို အသုံးပြုပါသလား? ကျွနု်ပ်တို့၏ ပါတီတွင်းတွင်ရော? ဆန္ဒအလျောက်ပေးသည့် ကိုတာစနစ်ကို မိတ်ဆက်ပေးရန်အတွက်ဆွေးနွေးမှုမျိုး ရှိခဲ့ပြီးပြီလား ?

အခွင့်အလမ်း တန်းတူညီမျှမှုကို နားလည်သဘောပေါက်လျှင်အမျိုးသမီးများအတွက် ကိုတာစနစ်လိုအပ်မည်မဟုတ်ပါ။ထိုသို့ ဆိုပါက အမျိုးသမီးများသည် အမျိုးသားများနည်းတူ ရွေးကောက်ခံသူများ၊ နိုင်ငံရေးပါတီများနှင့် ကော်မတီများ၏ ဥက္ကဌများ၊ ၎င်းတို့နိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ဝန်ကြီးများနှင့် ခေါင်းဆောင်များအဖြစ် အရွေးချယ်ခံနိုင်ရန်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့သော် ကျား၊ ရေးရာမညီမျှမှု (အိန္ဒိယကျေးရွာပြည်သူများ၊ အမည်မသိ ကိုယ်ရေးအချက်အလက်များ၊ ရေးလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များကို သတိရပါ) ကို ခံစားခဲ့ရသည့်အတွက် အမျိုးသမီးများကျင်လည်ရာ နယ်ပယ်သည် အမျိုးသားများနှင့် မတူညီကြပါ။ ဤအချက်က ယာယီအထူးလုပ်ဆောင်ချက်အဘယ်ကြောင့်လိုအပ်သည်ကို ဖော်ပြနေပါသည်။တန်းတူ အခွင့်အလမ်းအနေဖြင့်  ကိုတာစနစ်ကို ဆောင်ရွက်ခြင်းဖြင့်တန်းတူရလဒ်အတွက် အာမခံချက် ရရှိနိုင်စေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူညီမျှရေးတွင် တည်ရှိနေသည့် ကွာဟချက်များ၏ အခြေအနေကို ကောင်းစွာဖော်ပြထားသည့် အကြောင်းအရာအား ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာဖြစ်သည့် ကျား၊ ရေးရာ ရှုထောင့်မှ သုံးသပ်သည့် အစီရင်ခံစာတွင် တွေ့မြင်နိုင်ပါသည်။