ခေါင်းစဉ်များ >  Women in Politics > ကျား-မရေးရာအမြင်အရတုန့်ပြန်ထားသော ဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှု (Gender Responsiv Budgeting - GRB) အကြောင်းသိသင့်သည့်အချက်များ

ကျား-မရေးရာအမြင်အရတုန့်ပြန်ထားသော ဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှု (Gender Responsiv Budgeting - GRB) အကြောင်းသိသင့်သည့်အချက်များ

2025-08-20

ကျား- သာတူညီမျှအခွင့်အရေးရရှိရေးဆောင်ရွက်မှုများအတွက် ဘဏ္ဍာရေးအသုံးစားရိတ် သတ်မှတ် ရာတွင်သိသင့်သည့်အချက်များ

ကျား-မရေးရာသဘောတရာများထည့်သွင်းစဉ်းစားသောဖြစ်စဉ်၏အရေးကြီးသည့်အစိတ်အပိုင်း တစ်ခုသည် ကျား-မရေးရာအမြင်လွှမ်းသောဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှူဖြစ်ပါသည်။ ယင်းကို ဆောင်ရွက်ရန် အမျိုးသမီးများအတွက်ဟု သီးသန့် ရည်ရွယ်ကာ ဘတ်ဂျက်ရေးဆွဲရန် မလိုအပ်ပေ။ (ရည်ညွှန်း Wiki-Gender, gender responsive budgeting: )

  • လုပ်ငန်းစဉ်တစ်လျောက်လုံးတွင် ကျား-မရေးရာထည့်သွင်းစဉ်းစားခြင်း ဆိုသည်မှာစတင်စဉ်းစား သည့်အချိန်မှစ၍၊ အစီအစဉ်ချမှတ် ရာတွင်လည်းကောင်း၊ အတည်ပြုချက် ပေးအပ်ရာတွင် လည်းကောင်း၊ လက်တွေ့ဆောင်ရွက်ရာ တွင်လည်းကောင်း၊ စောင့်ကြပ် ကြည့်ရှူရာတွင်လည်းကောင်း၊ သုံးသပ်ဆန်းစစ်ရာတွင်လည်းကောင်း ထို့အပြင် ဘဏ္ဍာရေး စာရင်းစစ်ရာတွင်လည်းကောင်းအဆင့်အားလုံးတွင် ထည့်သွင်းစဉ်းစား၊ဆောင်ရွက်ခြင်း ကိုဆိုလိုသည်။
  • ယင်းတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက်အသုံးပြုသော လက်တွေ့ ကုန်ကျ သော (များသောအားဖြင့်အစိုးရ၏) အသုံးစရိတ် နှင့် ယောင်္ကျား နှင့် ယောကျားလေးများ အတွက်အသုံးပြုသော (အစိုးရ၏) အသုံးစရိတ်တို့ကို နှိူင်းယှဉ် သုံးသပ်ဆန်းစစ်ခြင်း ပါဝင် သည်။
  • အစိုးရအား လိုအပ်သော ဥပဒေပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဦးစားပေးကဏ္ဍများပြန်လည် သတ်မှတ်ခြင်း တို့တွင်ကူညီမှူပြုရပါမည်။
  • ခွဲဝေမှူများသည် ဥပဒေအတိုင်းဖြစ်နေခြင်း၊ ဥပဒေများချမှတ်ဆောင်ရွက်နေမှူများသည် မျှော်မှန်းသည့်အတိုင်းအကျိုးသက်ရောက်မှူ ရှိနေခြင်း တို့အပေါ်စစ်ဆေးခြင်း၊ ယင်းကဲ့သို့ စစ်ဆေးနိုင်သည့် နည်းလမ်းများရှိနေမှူအပေါ်ထိရောက်မှူကို သုံးသပ်ခြင်း တို့ပါဝင်သည်။

Wiki-Gender ကျား-မရေးရာအမြင်လွှမ်းသောဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှူတွင် အဆင့် ငါးဆင့် ကို ညွှန်ပြထားပါသည်။ 

.             အမျိုးသမီး နှင့် အမျိုးသားများ၊ မိန်းကလေး နှင့် ယောင်္ကျားလေးများ အခြေအနေ အဆင့်အတန်းကိုဆန်းစစ်ခြင်း (သက်ဆိုင်ရာကဏ္ဍများအလိုက်၊ မတူညီသောအုပ်စုများ အလိုက်)

.              သက်ဆိုင်ရာကဣအလိုက် ချမှတ်ထားသောမူဝါဒများသည် ကျား-မရေးရာသဘောတရား များ၊ မတူညီသောပြသနာများ၊ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားခြင်းအပေါ် လေ့လာမှူများ လုပ်ဆောင်ခြင်းသည် ပထမအဆင့်ဖြစ်သည်။ ယင်းအဆင့်တွင် သက်ဆိုင် ရာ ဥပဒေပြုခြင်း၊ မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ နှင့် မူဘောင်များချမှတ်ခြင်းတို့ပါဝင်သည်။ ယင်းဥပဒေဆိုင်ရာ လေ့လာမှူ တွင် အစိုးရ၏လုပ်ဆောင်ချက်များကိုထင်ဟပ်စေသောရေးသားထားသည့်ဥပဒေများအပြင်၊ရေးသားမထားသော်လည်း လိုက်နာ ကျင့်သုံးနေသည့် ဥပဒေများလည်းပါဝင်ပါသည်။ အမျိုးသမီးများ လူမှူ-စီးပွားဆိုင်ရာအခွင့်အရေးကို လက်တွေ့ကျင့်သုံးဖော်ဆောင်နိုင်မှူတွင် ယင်းဥပဒေများ၏ ထိရောက်မှူ၊ ကာကွယ်မှူအတိုင်းအတာများကို လေ့လာခြင်း တို့ဖြစ်ကြသည်။

.             အထက် အပိုဒ် တွင်ဖော်ပြထားသော ကျား-မရေးရာအမြင်လွှမ်းသည့် မူဝါဒနှင့်  စီမံ ကိန်းများအားလက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရန်အတွက်  လုံလောက်သောဘတ်ဂျက် ဘဏ္ဍာ ငွေကြေးခွဲဝေလျာထားမှူ အပေါ်လေ့လာမှူပြုခြင်း

.             ခွဲဝေထားသောဘတ်ဂျက်များကို လျာထားချက်အတိုင်း သုံးစွဲမှူအပေါ် (မည်သူ့ကို ဘယ်လောက်ခွဲ ဝေသည်၊မည်သို့အသုံးပြုသည်စသည်တို့ကို) စောင့်ကြပ်ကြည့်ရှူခြင်း စစ်ဆေးခြင်း။ (ယင်းတွင် ဘဏ္ဍာငွေကြေးအားစစ်ဆေးခြင်းအပြင်၊ ရွေ့ပြောင်းနိုင် မရွေ့ပြောင်းနိုင်သောပစည်းများကို စစ်ဆေးခြင်း နှစ်မျိုးလုံးပါဝင်သည်။ သတင်းအချက် အလက်များကိုသိမ်းဆည်းရာတွင်လည်း လိင်ခွဲခြားထားသော အချက်အလက်များပါဝင်မှူ ကိုစစ်ဆေးသည်။)

.             ချမှတ်ထားသောမူဝါဒ၊ စီမံကိန်း၊ မူဘောင်များ၏ အကျိုးသက်ရောက်မှူကိုတိုင်းတာခြင်း လေ့လာချက်များအရ အပိုဒ် တွင်ဖော်ပြထားသော အမျိုးသား၊ အမျိုးသမီး၊ ယောင်္ကျား လေး၊ မိန်းကလေးငယ်တို့၏အခြေအနေအဆင့်အတန်း၏ပြောင်းလဲမှူအပေါ်လေ့လာ ဆန်းစစ်ခြင်း၊ ယင်းမှတစ်ဆင့် ပိုမိုသော ကျား-မတန်းတူညီမျှမှူအတွက် ရှေ့ရှူလုပ်ဆောင် ချက်များ။

၂၀၁၈ခုနှစ် ကုလသမဂ္ဂ၏အစီရင်ခံစာ အာရှပစိဖိတ်ဒေသအတွင်း ကျာ-မရေရာအမြင်လွှမ်းသော ဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှူ- အဓိက သဘောတရားများ နှင့် ကျင့်သုံးမှူအလေ့အထ ကောင်းများ   တွင် ဒေသတွင်းနိုင်ငံအသီးသီး၏ မတူညီသော ဘတ်ဂျက်ငွေကြေးခွဲဝေလျာထားမှူ များကို လေ့လာရပါမည်။ မြန်မာနိုင်ငံသည် ယင်းတွင်တိုးတက်မှူကိုတွေ့ရသော်လည်း၊ ဖိလစ်ပိုင် သည်ထိရောက်သော တိုးတက်မှူကိုပြကာ ယင်းကဏ္ဍတွင်ဒေသတွင်းဦးဆောင်မှူပြုနေသော တိုင်းပြည်ဖြစ်ပါသည်။

ဥပမာ- ဖိလစ်ပိုင် နှင့် ကျား-မရေးရာအမြင်လွှမ်းသောဘဏ္ဍာရေးခွဲဝေလျာထားသတ်မှတ်မှ

GRB မှပြုလုပ်သော ဘတ်ဂျက်ခွဲဝေရေးဖြစ်စဉ်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်- ရေးဆွဲခြင်း၊ ဥပဒေပြုခြင်း၊အကောင်အထည်ဖော်ခြင်း၊ စာရင်းစစ်ဝင်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း

အဓိကတိုက်တွန်းဦးဆောင်သူ- Philippine Commission on Women (PCW)

အောင်မြင်မှူသော့ချက်များ- ခိုင်မာအားကောင်းသော အဖွဲ့အစည်းမူဘောင်ရှိခြင်း၊ အစိုးရ နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများကို အသိပညာပေးခြင်း၊ နှင့် စောင့်ကြပ်ကြည့်ရှူသော တာဝန်ခံမှူရှိသော ယနယားများ၊

. မာတိကာ- ဖိလစ်ပိုင်သည် ကျား-မရေးရာအမြင်လွှမ်းသောဘဏ္ဍာရေးခွဲဝေလျာထားသတ် မှတ်မှူကို နိုင်ငံတော်အဆင့် နှင့် ဒေသဆိုင်ရာ ဒေသနရအဆင့်များတွင် ပေါင်းစပ်ကျင့်သုံးခဲ့ သည်မှာ ဆယ်စုနှစ် နှစ်ခုရှိခဲ့ပြီဖြစ်သည်။

လက်ရှိကျား-မရေးရာနှင့်ဖွံ့ဖြိုးမှူဘတ်ဂျင်လျာထားချက်မူဝါဒ“ (Gender and Development (GAD) Budget Policy) အရ အစိုးရ၏အဖွဲ့အစည်းများအားလုံးသည် ၎င်းတို့၏ နှစ်အလိုက် ဘတ်ဂျက်လျာထားချက်၏ အနည်းဆုံး ရာခိုင်နှူန်းကို ကျား-မရေးရာဆိုင်ရာကိစရပ်များ အတွက်အသုံးပြုရန်ဖြစ်ပါသည်။

. အကောင်အထည်ဖော်ခြင်း- အစိုးရအဖွဲ့အစည်းများသည် ကျား-မရေးရာနှင့်ဖွံ့ဖြိုးမှူဆိုင်ရာ အစီအစဉ်ကိုရေးဆွဲကြရပါသည်။ နည်းပညာဆိုင်ရာပံ့ပိုးမှူလိုအပ်ချက်များ နှင့် အသိပညာ  စွမ်းရည်မြင့်တင်ခြင်းဆိုင်ရာလိုအပ်ချက်များကို the Philippine Commission for Women (PCW) မှ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အကြံပေးဝန်ဆောင်မှူများ၊လမ်းညွှန်မှူများ ရေးသားခြင်း စသည်များမှတစ်ဆင့်ပံ့ပိုးမှူများပြုလုပ်ပါသည်။ PCW သာမက၊ the Department of Budget and Management; Department of the Interior and Local Government; National Economic and Development Authority; and Commission on Audit အဖွဲ့အစည်းဌာနများမှ ကျား-မရေးရာနှင့် ဖွံ့ဖြိုးမှူဆိုင်ရာအစီအစဉ်အကောင်အထည် ဖော်နေမှူများအား စောင့်ကြည့်ထိန်းကျောင်းပါသည်။

ဖိလစ်ပိုင်နိုင်ငံရှိ GRB ၏ထူးခြားချက်မှာ စာရင်းစစ်လုပ်ငန်းစဉ်တွင် ကျား-မရေးရာအမြင်ဖြင့် စစ်ဆေးခြင်း(gender audits)ကိုပါ အစိတ်အပိုင်းတစ်ခုအဖြစ်၊ မလုပ်မနေရလုပ်ဆောင်ရမည့် အရာအဖြစ် ထည့်သွင်းထားခြင်းဖြစ်ပါသည်။

ဖိလစ်ပိုင်သည် GRB ကို တိုင်းနယ် ပြည်နယ် အဆင့်များတွင်ပါကျင်းသုံးလျက်ရှိသည်ကို Local Government Units (LGUs) မှပြုလုပ်သော ကျား-မရေးရာအခြေအနေဆန်းစစ်ချက် ကောက် ယူမှူ အတွက် လိုအပ်သောအသိပညာဆိုင်ရာပံ့ပိုးမှူများကို ပြုလုပ်ပေးခြင်း၊ အစီ အစဉ်ရေးဆွဲ မှူများ နှင့် ဘတ်ဂျက်ခွဲဝေမှူများတွင် ကျား၊ ခွဲခြားထားသောသတင်းအချက် အလက်များကို အသုံးပြုကာရေးဆွဲစေခြင်းများမှတစ်ဆင့် တွေ့နိုင်ပါသည်။

. ရလာဒ် နှင့် စိန်ခေါ်မှူများ- GAD ၏နှစ်စဉ်စီမံချက်အစီအစဉ်နှင့် ဘတ်ဂျက်ခွဲဝေမှူများ ကို လေးစားလိုက်နာမှူနှင့်တင်ပြမှူများ တိုးတက်လာခြင်း၊ GAD အတွက် ရုံးတွင်းအဖွဲ့အစည်းများ မှ အဓိကတာဝန်ရှိသူများ ခန့်အပ် တာဝန်ပေးခြင်း စနစ်များကို ကျင့်သုံးမှူအသားကျလာခြင်း၊ GAD စီမံချက်အစီအစဉ် နှင့် လက်တွေ့လုပ်ဆောင်မှူများ ပုံမှန်ရေးဆွဲတင်ပြ လုပ်ဆောင် လာမှူ တိုးတက်လာခြင်း၊ ဌာနဆိုင်ရာစီမံချက်အစီအစဉ်များ၊ စီမံကိန်းများကို GAD ရှူတောင့်မှ ကြည့်ရှူရေးဆွဲခြင်း၊လက်တွေ့အကောင်အထည်ဖော်ခြင်း၊ GAD ကိုကောင်းစွာလက်ခံနား လည်သည့် ချန်ပီယံဦးရေအဆင့်မြင့်ရာထူးရှိသူများတွင် တိုးတက်လာခြင်း (နိုင်ငံတော်အဆင့်၊ နှင့် ဒေသနရ အဆင့် နှစ်ခုလုံးတွင်)

သို့ရာတွင် စိန်ခေါ်ချက်များစွာကျန်ရှိနေပါသေးသည်။ အထူးသဖြင့် ခန့်အပ်ထားသည့် GAD အတွက် ရုံးတွင်းအဖွဲ့အစည်းများ မှ ခန့်အပ် တာဝန်ပေးထားသော အဓိကတာဝန်ရှိသူများ GAD ကိုပေါင်းစပ်ထည့်သွင်းခြင်းအပေါ်နားလည်နေမှူများ မတူညီခြင်း။ GAD အတွက်အသုံး ပြုနေမှူများကို စောင့်ကြပ်ကြည့်ရှူမှူမရှိနေခြင်း၊ GAD အတွက်ခန့်အပ်တာဝန်ပေးထားသည့် အဓိကတာဝန်ရှိသူများ၏အများစုမှာ အမျိုးသမီးဖြစ်နေခြင်းသည် အဘယ်ကြောင့်ဆိုသော် ဂျန်ဒါ ကိုအမျိုးသမီးများအတွက်သာဟု ယူဆနေသောကြောင့်ဖြစ်ပါသည်။ ဒေသနရ၏အမှူဆောင်အရာရှိချုပ်များ၏ စိတ်ဝင်စားဦးစားပေးမှူနည်းပါးသောကြောင့် GAD ဘတ်ဂျက်သည် နည်းပါနေခြင်း (အနိမ့်ဆုံးလိုအပ်ချက်သာပြည့်မီနေခြင်း) တို့ဖြစ်ကြသည်။

. အတွေ့အကြုံများမှသင်ခန်းစာရယူခြင်း နှင့် ဆက်လက်လုပ်ဆောင်ရမည့်အရာများ- ဖိလစ်ပိုင်နိုင်ငံရှိ GRB အဖွဲ့သည် ၎င်း၏စီမံကိန်းများ၊စီမံချက်များနှင့်လုပ်ဆောင်ချက်များကို ကျား-မရေးရာ သဘောတရားများထည့်သွင်းပေါင်းစပ်ခြင်းကို ကနဦးအဆင့်ကပင်သေချာ အောင်ပြုပါသည်။ သို့ရာတွင် အစိုးရအဖွဲ့အစည်းအများစု သည်ကျား-မရေးရာနှင့် ဖွံ့ဖြိုးမှူဘတ်ဂျင်လျာထားချက်“ (GAD) အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သော ရာခိုင်နှူန်းကိုသာထည့်ဝင်ကြကာ၊ ကျန်သည့် ၉၅ ရာခိုင်နှူန်း ကို အာရုံစိုက်လာခြင်း မဖြစ်လာသေးပေ။ သို့အတွက် လာမည့် အနာဂတ်အစီအစဉ်များတွင် ကျား-မရေးရာသဘောတရားများထည့် သွင်းစဉ်းစားမှူအပေါ် ပိုမိုနားလည်မှူရှိစေရန် အစိုးရဌာနမှတာဝန်ရှိ သူများကို ဦးတည်ပြုလုပ် သွားရန်လိုအပ်မည်ဖြစ်သည်။ 

The World Economic Forum စီးပွားရေဖိုရမ်မှ ကျား-မရေးရာအမြင်လွှမ်းသည့် ဘဏ္ဍာငွေကြေး ခွဲဝေလျာထားမှူအတွက် လမ်းညွှန်မှူ အချို့ကို ပြဆိုထားပါသည်။

  • ဥပဒေကြောင်းအရဘောင်ဝင်အောင်ပြုထားခြင်းသည်အရေးပါသည်။- ဘဏ္ဍာငွေကြေး ခွဲဝေလျာ ထားမှူအတွက်ဥပဒေအရဘောင်ဝင်နေခြင်းသည် အရေးကြီးသောခေါင်းဆောင်ပိုင်း၊ အစိုးရ အပြောင်းအလဲရှိစေကာမူ စဉ်ဆက်မပြတ်သော ငွေကြေး ထောက်ပံ့မှူကို သေချာစေပါသည်။ သြစတေးလျနိုင်ငံ၊ ဘိုလေးဗီးရားနိုင်ငံ၊ ရဝမ်ဒါနိုင်ငံတို့တွင် ကျား- ရေးရာအမြင်လွှမ်းသည့် ဘဏ္ဍာငွေကြေး ခွဲဝေလျာထားမှူကို ၎င်းတို့၏ အခြေခံဥပဒေတွင်ထည့်သွင်းရေးဆွဲထားပါသည်။
  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှူသည်အရေးကြီးသည်။- လေ့လာဆန်းစစ် ချက်များအရစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ဦးဆောင်မှူ ခိုင်မာကောင်းမွန်ပါက ကျား-မရေးရာအမြင်လွှမ်းသည့် ဘဏ္ဍာငွေကြေး ခွဲဝေလျာထားမှူ သည် ပိုမိုတည်ငြိမ်ကာ သက်တမ်းရှည်ကြောင်း တွေ့ရှိရပါသည်။ ဥပမာ- လယ်လ်ဘားနီးယားနိုင်ငံ၊ ကိုးရီးယားနိုင်ငံ၊ ယူဂန်ဓာနိုင်ငံ
  • အရပ်ဖက်လူမှူအဖွဲ့အစည်း၊ ကျား-မရေးရာဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ၊ လွှတ်တော်၊ နှင့် ပညာရေးတို့သည် အဓိကပါဝင်ပတ်သက်သူများဖြစ်ကြသည်။- တီမောလက်စ်တွင်၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များ (resolutions) အောင်မြင်အောင်ပြုရာတွင် အဓိကအရေးပါသူများဖြစ်ကြ သည်။ ဗြိတိန်နိုင်ငံတွင် Women’s Budget Group ကို ၁၉၈၀ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး၊ အစိုးရဘတ်ဂျက်ခွဲဝေလျာထားမှူများကို နှစ်စဉ် လေ့လာဆန်းစစ်မှူများပြုလျက်ရှိ သည်။
  • အမျိုးသားအဆင့်စီမံချက်များ၊ အစီအစဉ်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှူပန်းတိုင်များ နှင့် ချိတ်ဆက်မှူရှိပါစေ။- မော်ရကိုနိုင်ငံ၊ အာဖကန်နစတန်နိုင်ငံတို့တွင် ၎င်းတို့၏ အမျိုးသား အဆင့်ဖွံ့ဖြိုးတိုးတက်မှူအစီအစဉ်များ၊ ထောင်စုနှစ်ပန်းတိုင်များ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှူ ပန်းတိုင်များ နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို ချိတ်ဆက်ရေးဆွဲချမှတ်ခဲ့ပါသည်။
  • အခွန်ငွေထမ်းခြင်းကဏ္ဍကို မမေ့မလျော့ အလေးထားပါ။- နိုင်ငံအများစုသည်သုံးစွဲမှူအပိုင်းကိုသာ အာရုံစိုက်ကြကာ၊အခွန်ငွေထမ်းခြင်းမေ့လျော့ထားကြပါသည်။ အမှန်မှာ အခွန်ငွေထမ်းခြင်း ကဏ္ဍသည် အမြဲအားဖြင့်ကျား-မတန်းတူညီမျှမှူရှိနေသည် မဟုတ်ပေ။ သြစတေးလျနိုင်ငံသည် ၎င်း၏ကျား-မတန်းတူညီမျှရေးဆိုင်ရာရည်မှန်းချက်များတွင် လည်းကောင်း၊ အခြားနိုင်ငံများ (ဖင်လန်၊ အိုင်ယာလန် နှင့် စပိန်နိုင်ငံတို့) တွင် လည်းကောင်း၊ ၎င်းတို့နိုင်ငံ၏ ဝင်ငွေ နှင့် အခွန် မူဝါဒများကို ကျား-မရေးရာအမြင်ရှူတောင့်မှ လေ့လာမှူများပြုလုပ်ခဲ့ကြသည်။
  • အစိုးရ၏မည်သည့်နေရာ၊ အဆင့်တိုင်းမဆိုသည် အလုပ်လုပ်ရန် အရေးပါသည်။- ယူဂန်ဓာနိုင်ငံ၏ “Local budget clubs” သည် အစိုးရ၏တာဝန်ခံယူ နှင့် ဦးစားပေးမှူများ ဆိုင်ရာ တို့ကို နိုင်ငံသားတိုင်းတက်ရောက်ဆွေးနွေးနိုင်စေရန် လမ်းဖွင့်ထားသည်။ အိနိယနိုင်ငံသည် မူလတန်း အဆင့်ကျောင်းဝင်ခွင့်တိုးမြင့်လာစေရေးဆောင်ရွက်ရန်လိုအပ်သောဘဏ္ဍာငွေကြေး ခွဲဝေမှူကို သေချာစေခြင်းဖြင့် ကျား-မတန်းတူညီမျှရေးကို ဆောင်ရွက်သည်။