ခေါင်းစဉ်များ >  Women in Politics > လွှတ်တော်အဆင့်တွင် စီဒေါအကောင်အထည်ဖော် ဆောင်ရွက်မှု

လွှတ်တော်အဆင့်တွင် စီဒေါအကောင်အထည်ဖော် ဆောင်ရွက်မှု

2025-08-20

အပိုင်း ၃၊ အခန်း ၄တွင် စီဒေါကွန်ဗင်းရှင်းအကြောင်း ပြောခဲ့ကြပါသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် စီဒေါလုပ်ငန်းစဉ် များအတွင်း ပါဝင်နိုင်သည့် အခွင့်အလမ်းရှိပါသည်။ စီဒေါကော်မတီမှ အဖွဲ့ဝင်နိုင်ငံများအတွက် အကြံပြုချက်အများအပြား ရှိပါသည်။ ၎င်းတို့ထဲတွင် အောက်ပါတို့ ပါဝင်ပါသည် -

-                လွှတ်တော်များသည် အစီရင်ခံစာတင်သွင်းရေးလုပ်ငန်းစဉ်နှင့် ကွန်ဗင်းရှင်းနှင့် ၎င်း၏ ကျင့်ဝတ်များအားအကောင် အထည်ဖော်ဆောင်ရွက်ခြင်းတို့တွင် ပြည့်ဝစွာ ပါဝင်ဆောင်ရွက်ရမည်။ 

-                ကိုယ်စားလှယ်များမှ မဲပေးသူများကို စီဒေါကော်မတီ၏ လုပ်ငန်းများအကြောင်းအသိပေးရန် လွှတ်တော်ကတိုက်တွန်းအားပေးရမည်။ 

-                နိုင်ငံတော်က သက်ဆိုင်ရာ သတင်းအချက်အလက်များအားလုံးကို လွှတ်တော်ကိုယ်စားလှယ်များအား ပုံမှန်ပံ့ပိုးပေး ရမည်။  

-                အဖွဲ့ဝင်နိုင်ငံတစ်ရပ်အနေဖြင့် သတင်းအချက်အလက်များရယူရန်မှာ နိုင်ငံတော်၏ တာဝန်ဝတ္တရားဖြစ်ပြီးအခြားသော ဖြေရှင်းဆောင်ရွက်ပေးရန်ရှိသည့်ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များထံ ဆောင်ယူပေးရမည်။  

-                စီဒေါကော်မတီအဖွဲ့ဝင်များအား အဖွဲ့ဝင်နိုင်ငံသို့ ဖိတ်ကြားသည့်အခါများတွင် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ဆန္ဒရှိပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ကျင်းပပေးနိုင်သည်။ 

 ကော်မတီသည် လွှတ်တော်အဆင့်တွင် တန်းတူညီမျှမှုရှိစေရေးအတွက် ကျား၊ တန်းတူညီမျှရေး ကော်မရှင်များ၊အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းလေ့လာမှုနှင့် သတင်းအချက် အလက်ရယူမှုများ၊ အမျိုးသမီးများနှင့် အမျိုးသား များကြား တန်းတူညီမျှမှုအတွက် ဥပဒေပြုရေးဆိုင်ရာ တိုးတက်မှုများအစရှိသည့်နိုင်ငံတော်အဆင့်ယန္တရား အားကောင်း စေရန် အရေးကြီးကြောင်း ဖော်ပြပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂) ကို အရပ်ဘက် လူမှုအဖွဲ့ အစည်းများ အားလုံးပါဝင်မှုဖြင့် ရေးဆွဲခဲ့ပါသည် (အောက်တွင်ကြည့်ပါ) အွန်လိုင်းတွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဘေဂျင်းလုပ်ငန်းအစီအစဉ်၊ စီဒေါနှင့် မြန်မာနိုင်ငံ 

မြန်မာနိုင်ငံအစိုးရသည် စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးများညီလာခံ(ဘေဂျင်း ၁၉၉၅)တွင် ပါဝင်တက်ရောက် ခဲ့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ကော်မတီ အား ၂၀၁၈ ခုနှစ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ကျား၊ မရေးရာ ကွန်ရက်အဖွဲ့များမှကိုယ်စားလှယ်များ၏ ပါဝင်မှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

ကုလသမဂ္ဂစီဒေါနှင့် ဘေဂျင်းလုပ်ငန်းအစီအစဉ်များအပေါ် နိုင်ငံတော်အစိုးရမှ ကတိပြုဆောင်ရွက်သည့်အနေဖြင့်လူမှု     ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ ကျား၊ ရေးရာ အဖွဲ့နှင့်ကျား၊ တန်းတူညီမျှရေးကွန်ရက်တို့၏ နည်းပညာဆိုင်ရာ ပံ့ပိုးမှုဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃ -၂၀၂၂) ကို ရေးဆွဲချမှတ်ခဲ့ပါသည်။ အဆိုပါ စီမံကိန်းသည် ဘေဂျင်းနယ်ပယ်များနှင့် စီဒေါ၏ စည်းမျဉ်းများပေါ်တွင် အခြေခံထားပါသည်။ စီမံကိန်းထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့ဖြစ်သည့် - () အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ () အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ () အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် () ကျား၊ မရေးရာကို ပင်မရေစီးကြောင်းအဖြစ် ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ တို့ကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။

စီဒေါကော်မတီသည် လွှတ်တော်မှ အမျိုးသမီးအခွင့်အရေးကို တိုးမြှင့်ဆောင်ရွက်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့်အဖွဲ့အစည်းဆိုင်ရာချိတ်ဆက်ဆောင်ရွက်မှုများနှင့် အလွတ် သဘောချိတ်ဆက်ဆောင်ရွက် မှုများ ရှိရန် အရေးကြီးကြောင်းဖော်ပြပါသည်။

လွှတ်တော်၏ တာဝန်ဝတ္တရားများကို ပိုမို သိသာထင်ရှားစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံစာများအားကော်မတီမှ ကြားနာစစ်ဆေးခြင်း မပြုလုပ်မီ ကိုယ်စားလှယ်အဖွဲ့ထဲတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရနှင့်လွှတ်တော်ကြား ဆက်သွယ်မှုဆိုင်ရာ အထူးအကြံပေးတစ်ယောက်အား ထည့်သွင်းရန် ကော်မတီမှ တိုက်တွန်းခဲ့ပါသည်။